မျောက်တွေလို သင်္ချာမှာ ကျွမ်းကျင်ကြတယ်ဆိုတဲ့ ခိုငှက်များ

//s9.kh1.co/28/2858d573569e8ddba6c4785b744762fa1b6f5c6e.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ခိုတွေတောင် သင်္ချာတွက်နိုင်တယ်တဲ့လေ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

သင့်အနေနဲ့ ခိုတွေကို ဉာဏ်မမီဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့က တကယ်တော့ ဉာဏ်ကောင်းကြပါတယ်။ 2011 ခုနှစ် သိပ္ပံဂျာနယ်မှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုအရ ငှက်တွေဟာ မျောက်တွေနဲ့ တူညီတဲ့ သင်္ချာပညာကို တတ်မြောက်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်တဲ့။

https://s9.kh1.co/__image/w=650,h=366,q=100/5b/5b60d081582e38d4ee90671becefbd5389246b2c.webp
https://s9.kh1.co/__image/w=650,h=630,q=100/dc/dc4a764160ea4b6827e6c36953cab95fc22282ac.webp

လေ့လာမှုအတွင်း ခိုများကို မတူညီတဲ့ အရာဝတ္ထုများစွာ ပါ၀င်တဲ့ ရုပ်ပုံကိုးပုံကို နှိုင်းယှဉ်ခိုင်းခဲ့ပါတယ်။ ငှက်များဟာ ရုပ်ပုံတွေမှာပါရှိတဲ့ အရာဝတ္တုများ ဘယ်လောက်ရှိလဲဆိုတာကို သေချာခွဲခြားနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ငှက်တွေဟာ ရေတွက်နိုင်တယ်ဆိုတာ သူတို့ သိလာပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/d7/d779ff3b46acee7ea0398bfb64b7a935f3b5abb7.jpg
https://s9.kh1.co/__image/w=650,h=320,q=100/cc/cc19b922ea24ba095868dbcd853a30a0ae91a7b5.jpg

ခိုများဟာ စိတ်ကူးယဉ် ကိန်းဂဏန်း စည်းမျဉ်းများကို သင်ယူနိုင်ပြီး ဒါဟာ သိပ္ပံပညာရှင်များက မျောက်မျိုးနွယ်များသာ ပိုင်ဆိုင်တယ်လို့ ယုံကြည်ခဲ့ကြတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ငှက်များဟာ မြင့်မားတဲ့ သင်္ချာကို မတတ်နိုင်ကြပေမယ့်လည်း သူတို့ရဲ့ ကိန်းဂဏန်းများကို ဆင်ခြင်နိုင်စွမ်းဟာ မျိုးစိတ်မြောက်များစွာ လုပ်ဆောင်နိုင်တဲ့ အရာတစ်ခု ဖြစ်နိုင်တယ်လို့ သုတေသီများက ပြောပြခဲ့ပါတယ်။ ငှက်တွေတောင် သင်္ချာကျွမ်းပါတယ်လို့ ပြောချင်တာနဲ့အတူတူပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/5b/5bbbf8f6289c82896e398caa35cd1c27519da45f.jpg

သတင်း အရင်းအမြစ် The New York Times

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T