သင်မသိသေးတဲ့ ယုန်လေးတွေရဲ့ အမူအကျင့်

//s9.kh1.co/f4/f477e7a1e95c57464e43e485af1b0c340ddbcc86.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

သင်မသိသေးတဲ့ ယုန်လေးတွေရဲ့ အမူအကျင့်

သင်ဟာ ယုန်လေးတွေကို ချစ်တတ်သူတစ်ယောက်လား...? ဒါဆိုရင် လူမသိသေးတဲ့ ချစ်စရာ ယုန်လေးတွေရဲ့  အမူအကျင့်တွေကို သင့်ကို ဖော်ပြပါရစေ။ ယုန်လေးတွေက ကလေးတွေလို နူးညံ့သိပ်မွေ့တာကို သဘောကြကြိုက်နှစ်သက်ပြီး လူမှုဆက်ဆံရေးကောင်းမှုတဲ့ တိရစ္ဆာန်တွေထဲမှာ ပါဝင်ပါတယ်။ ပြီးတော့ သူတို့လေးတွေက လွတ်လပ်တာကိုပဲ သဘောကြပြီး ထိန်းချုပ်ခံထားရင်တော့ အလွန်ဝမ်းနည်းတတ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

တောရိုင်း ယုန်လေးတွေရဲ့ သက်တမ်းကို သေချာမသိပေမယ့် အိမ်မွေးယုန်လေးတွေကတော့ သက်တမ်းအားဖြင့် ၈ နှစ်မှ ၁၂ နှစ်ကြားအထိ အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ယုန်မွေးချင်တယ်ဆိုရင် မမွေးခင် ဒီအချိန်လောက်အထိ သူတို့ကို စောင့်ရှောက်ပေးနိုင်မလားဆိုတာ စဉ်းစားဖို့လိုပါတယ်။

Photo Credit – From Google
Photo Credit – From Google

ထူးခြားတာကတော့ သူတို့ရဲ့ အကြားအာရုံပါ။ ယုန်အများစုဟာ သူတို့ရဲ့ နားတွေကို 180 ဒီဂရီလှည့်နိုင်တာကြောင့် အသံတစ်ခုရဲ့  တည်နေရာအတိအကျကို သိနိုင်ပါတယ်။ ပြီးတော့ တောရိုးယုန်းပဲ ဖြစ်ဖြစ် အိမ်မွေယုန်ပဲဖြစ်ဖြစ် သူတို့ ရဲ့ အမူအကျင့်အားလုံးက အများအားဖြင့်တူကြပါတယ်။ ဥပမာ - ထွက်ပြေးခြင်း၊ ပုန်းအောင်းခြင်း၊ ကိုက်ခြင်း တွေကအစ တူကြပါတယ်။ နောက်ပြီး ယုန်လေးတွေက တစ်ကောင်နဲ့တစ်ကောင် လျှို့ဝှက်ကုဒ်ကို အသုံးပြီး ဆက်သွယ်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

တကယ်တော့ ဒါဟာ လျှို့ဝှက်ကုဒ်တစ်ခုမဟုတ်ပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေက အရမ်းသိမ်မွေ့တာကြောင့် ဖြစ်မယ်ထင်ပါတယ်။ စိတ်လှုပ်စရာတွေ၊ စိုးရိမ်ပူပန်နေချိန်မှာ သူတို့ရဲ့ ခန္ဓာကိုယ် အနေအထားက သိသိသာသာကို ပြောင်းလဲသွားပါတယ်။ ဒါက ယုန်တွေမွေးတဲ့ သခင်တွေဆိုရင်တော့ ပိုပြီးသိကြမှာပါ။

Photo Credit – From Google
Photo Credit – From Google

သူတို့ရဲ့ အဓိက အစာကတော့  မြက်ခြောက် (ဒါမှမဟုတ်) မြက်စိမ်းဖြစ်ပါတယ်။ သင်ဟာ ယုန်လေးတွေကို မွေးထားတဲ့ သူဆိုရင်တော့ အခြားအရာတွေထက် မြက်ခြောက်နှင့် မြက်စိမ်းတွေကိုပဲ ကြွေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြက်ခြောက်နှင့် မြက်စိမ်းတွေက သူတို့ရဲ့ အစာချေစနစ်နှင့် သွားကျန်မားရေးကို အထောက်အကူပြုတာကြောင့်ပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - bluecross.

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T