ကမ္ဘာပေါ်က ကုန်းနေသတ္တဝါတွေထဲမှာ အသံအကျယ်ဆုံးဖြစ်ကြတဲ့ မျောက်မျိုးနွယ်

//s9.kh1.co/ed/edfe768852cda6d49f0c504bac5747676fac42d3.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-စက်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

ခြင်္သေ့တွေ ကျားတွေထက်တောင် သူတို့အသံဟာ ကျယ်ပါတယ်တဲ့........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ခြင်္သေ့လို ဟိန်း သံတွေကြောင့် လူသိများတဲ့ အနက်ရောင်‌အော်သံမျောက်တွေဟာ ကမ္ဘာပေါ်မှာ အသံအကျယ်ဆုံး ကုန်းသတ္တဝါအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူတို့ရဲ့ အော်သံများကို သုံးမိုင်အကွာအဝေးအထိက‌နေ ကြားနိုင်ပြီး 140 decibels အထိရောက်ရှိနိုင်ပါတယ်။ (လေယာဉ်ပျံတက်ချိန်မှာ ဂျက်အင်ဂျင်ဟာ 150 decibels ခန့်ဖြစ်ပြီး နားစည်များကို ကွဲသွားစေနိုင်တဲ့ထိ အသံကျယ်ပါတယ်။) ဒီမျောက်များဟာ သူတို့ရဲ့ နယ်မြေများ ထူထောင်ဖို့ အော်ဟစ် ညည်းတွားကြပြီး နေထွက်ချိန်မှ စတင်ကာ တစ်နာရီထက် ပိုကြာနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=591,q=100/f3/f3cacdefdbc7f1bb55caa7babc3df95d2eb65614.jpg
https://s9.kh1.co/__image/w=630,h=504,q=100/8e/8e7e048e5802ea92ae78b5644faab808cd0d2464.jpg

အိမ်နီးချင်းမျောက်များဟာ သူတို့ရဲ့ တည်နေရာကို ကြေငြာဖို့ အပြန်ပြန်အလှန်လှန် အော်ဟစ်နေကြပြီး အချင်းချင်း ရှောင်ရှားနိုင်ပါတယ်။ မိသားစုအဖွဲ့များဟာ သေးငယ်ပြီး ရှစ်ဦးအထိရှိပါတယ်။ Howler မျောက်များမှာ အမြီးများပါရှိပြီး ဆိုလိုတာကတော့ သူတို့ဟာ သစ်ကိုင်းများကို ဆုပ်ကိုင်ဖို့နှင့် အရာဝတ္ထုများကို ကောက်ယူဖို့အတွက် အပိုကိုယ်လက်အင်္ဂါတစ်ခုလို အသုံးပြုနိုင်ပါတယ်။ မျောက်များဟာ တောင်အမေရိကတိုက်အလယ်ပိုင်း သစ်တောများအတွင်းရှိ သစ်ပင်များရဲ့ အလယ်နှင့် အထက်ပိုင်းများမှာ နေထိုင်ကြပါတယ်။ တိရစ္ဆာန်ရုံ ဒါမှမဟုတ် တောရိုင်းထဲမှာ သူတို့နဲ့ တွေ့ပါက မတူညီတဲ့မျိုးစိတ်နှစ်ခုကို ကြည့်ရှုနေရတယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=428,q=100/6d/6d54e2db83ac80aee21d12b24403ddf61839b917.jpg
https://s9.kh1.co/__image/w=650,h=433,q=100/61/61d55955e5a0fd0c53f005391e67eaea4b4f4592.jpg

အထီးများဟာ အမျိူးသမီးများထက် ကြီးမားတဲ့အပြင် ဒီမျောက်များဟာ လိင်ပိုင်းဆိုင်ရာ ကွဲပြားကြပါတယ်။ ဆိုလိုတာကတော့ လိင်များဟာ အရောင်ကွဲပြားတာပါ။ အထီးများဟာ အနက်ရောင်ဖြစ်ပြီး အမျိုးသမီးနှင့် အရွယ်မရောက်သေးသူများမှာ ရွှေရောင်ဖြစ်ပါတယ်။ အထီးများရဲ့ အမြီးမှာ ၂၄ လက်မ မှ ၂၆ လက်မအထိ ရှည်ပြီး အမများရဲ့ အမြီးဟာ လက်မ 20 ခန့်မှာ အနည်းငယ်တိုပါတယ်။ ကိုယ်အလေးချိန် 15 ပေါင်မှ 30 ပေါင်အထိရှိတတ်ပြီး သူတို့ရဲ့သက်တမ်းက 15-20 နှစ်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=427,q=100/00/00f9048344f4e2931dba58e0b4f3df538f3c76ca.jpg

သတင်း အရင်းအမြစ် LA Zoo

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T