သင့်ကို အံ့အားသင့်စေမယ့် စိတ်ဝင်စားစရာ ကြွက်တွေရဲ့ အကြောင်း

//s9.kh1.co/70/70e455ed41469f9d5058151c45cec5e57b08a01c.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-စက်-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

သင့်ကို အံ့အားသင့်စေမယ့် စိတ်ဝင်စားစရာ ကြွက်တွေရဲ့ အကြောင်း

သင့်ရဲ့ အိမ် မှာ ကြွက်တွေ အသိုက်အအုံများလုပ်ပြီး နေ့တိုင်း နေရာအနှံ့မှာ သောင်းကျန်းမယ်ဆိုရင် တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အော် သံတွေ၊ ပြေးလွှားခုန်ပေါက်တာ ၊  ဘယ်အရာမဆို ကိုက်ဖျက်ပစ်တတ်တဲ့ အကျင့်တွေကြောင့် ကျွန်တော် အပါအဝင် လူတော်တော်များများက စက်ဆုပ်ရွံရှာမိကြပါတယ်။

Photo Credit - From Google 
Photo Credit - From Google 

ဒါပေမယ့် ကြွက်တွေကို စမတ်ကျတဲ့ တိရစ္ဆာန်အဖြစ် သတ်မှတ်မယ်ဆိုရင် သူတို့မှာ စိတ်ဝင်စားစရာတွေ များစွာရှိပါတယ်။ ယခုပြောပြပေးမှာက သင့်ကို အံ့အားသင့်စေမယ့် ကြွက်တွေရဲ့ စိတ်ဝင်စားစရာတွေကို စုစည်းဖော်ပြပေးသွားမှာပါ။

Photo Credit - From Google 
Photo Credit - From Google 

(၁) ကြွက်တွေက မှတ်ဉာဏ်ကောင်းတယ်...

ကြွက်တွေကို ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ သိပ္ပံပညာရှင်တွေက ဘာကြောင့် အမြဲအသုံးပြုတယ်လို့ ထင်မိလဲ..? ။ အမှန်တော့ ကြွက်တွေက ဉာဏ်ရည်ထက်မြတ်တဲ့ တိရစ္ဆာန်တွေထဲမှာ ပါပါတယ်။ ဥပမာ - သူတို့ မရောက်ဖူးတဲ့ အခန်းတစ်ခန်းကို ရောက်တာနဲ့ မြေပုံထုတ်နိုင်ပြီး အချိန်ကြာကြီးသွားလာဖို့ လမ်းကြောင်းအားလုံးကို မှတ်မိကြပါတယ်။

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

(၂) ကြွက်တွေက  လူမှုရေးရှိတဲ့ တိရစ္ဆာန်ပါ...

ကြွက်တွေရဲ့  နေထိုင်မှုအပြုအမူကို သုတေသနပညာရှင်တွေက လေ့လာကြည့်တဲ့အခါမှာ အမှန်တကယ် ကြွက်တွေဟာ ‌ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး လူမှုရေးအရှိဆုံးလို့ ဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခြားတိရစ္ဆာန်တွေနည်းတူ သူတို့က အုပ်စုဖွဲ့နေထိုင်ကြပြီး မိသားစုကိုလည်း အလွန်တွယ်တာကြလို့ပါ။ ပြီးတော့ ကျွန်တော်တို့ လူသားတွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိနိုင်လို့ သူတို့ကို "commensal rodents" ခေါ်ကြပါတယ်။ ဉပမာ - ကျွန်တော်တို့တွေ အစာစားနေတဲ့ အချိန်တွေမှာဆို သူတို့က နီးနီးကပ်ကပ်လာတတ်ကြပြီး ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးကို အခွင့်ကောင်းယူကြပါတယ်။ တကယ်လို့ သင်မယုံဖူးဆိုရင်တော့ ကြွက်တွေရှိနေရာမှာ အစာစားကြည့်ပါ။ သူတို့ရဲ့ ထူးခြားတဲ့ အပြုအမူကို မြင်တွေ့ရမှာ သေချာပါတယ်။

(၃)  ကြွက်တွေမှာ အလွန်သံသယစိတ်ရှိကြပါတယ်...

Photo Credit - From Google 
Photo Credit - From Google 

ကြွက်တွေကို ထောင်ချောက်နဲ့ ဖမ်းရင် အရမ်းခက်ခဲတယ်လို့ သင်မထင်မိဖူးလား...? ။ သူတို့ကို ထောင်ချောက်ဖမ်းရင် တစ်ခါတစ်ရံ တစ်ရက် (သို့မဟုတ်) နှစ်ရက်ကြား ကြာပါတယ်။ အမှန်တော့ ကြွက်တွေက သူတို့ရဲ့ ပတ်ဝန်းကျင်က  အသစ်အဆန်းတွေကို အမြဲတမ်း သံသယစိတ်ဖြင့် မြင်ကြပါတယ်။

(၄) ကြွက်တွေက အလွန်သန့်ရှင်းပြီး ညစ်ပတ်တာကို အမှန်တကယ် မုန်းတီးကြတယ်...

Photo Credit - From Google 
Photo Credit - From Google 

ဒီအချက်ကတော့ လူတော်တော်များများ ထင်မြင်တာတွေနဲ့ လွဲမှားနေတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယေဘူအားအားဖြင့် ကြွက်တွေက အရမ်း ညစ်ပတ်တဲ့ တိရစ္ဆာန်လို့ ထင်နေကြလို့ပါ။ အမှန်တော့ ကြွက်တွေက ကျွန်တော်တို့ ထင်နေသလို မညစ်ပတ်ပါဘူး။ သူတို့က အရမ်းအသန့်ကြိုက်ပြီး ညစ်ပတ်တာကို မကြိုက်တဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။  သူတို့က ကြောင်တွေထက်တောင် တစ်နေ့ကို နာရီအနည်းငယ်ကြာ ပုံမှန် သန့်ရှင်းရေး အမြဲလုပ်ပါတယ်။  

(၅) ကြွက်တွေဟာ တောင်တက် ၊ ခုန်ပေါက်၊ ရေကူးနိုင်သူ...

Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 
Photo Credit - From Google 

ကြွက်တွေဟာ ခွေး နှင့် ကြောင်တွေလို မယုံနိုင်လောက်အောင် မြန်ဆန်သွက်လက်ပါတယ်။ ပြီးတော့ အနည်းငယ်ကြမ်းတမ်းတဲ့ မျက်နှာပြင်တို့လို သူတို့့က အလွယ်တကူတက်နိုင်ပါတယ်။ ဒါ့အပြင် အညိုရောင်ကြွက်တွေဟာ ဒေါင်လိုက် 77cm နှင့် 120cm အလျားလိုက် ခုန်နိုင်ကြပါတယ်။ နောက်ထပ် အံအားသင့်စရာကတော့ ကြွက်တွေဟာ ကုန်းနေ တိရစ္ဆာန်ဖြစ်ပေမယ့် ၃ ရက်အထိ ရေကူးနိုင်ကြတယ်ဆိုတာပါ။

Photo Credit - From Google 
Photo Credit - From Google 

Integrated Taxonomic Information System (ITIS) အရ ကမ္ဘာတစ်ဝှမ်းမှာ ကြွက်မျိုးစိတ်ပေါင်း ၆၀ ကျော်လောက် ရှိကြပြီး အရွယ်အစားမှာ ၁၀ လက်မအထိရှိကြတယ်လို့ ဆိုပါတယ်။ အကြီးဆုံး ကြွက်မျိုးစိတ်က ကျွန်တော်အထင် လယ်ယာမြေထဲမှာ သီးနှံပေါ်ချိန် ကျက်စားနေတဲ့ မြေကြွက်တွေလို့ ထင်ပါတယ်။ အချို့အကောင်တွေဆို လူနေထူထပ်တဲ့ မြို့ပြတွေမှာ ကျက်စားနေထိုင်ကြပါတယ်။

Photo Credit - From Google 
Photo Credit - From Google 

သတင်း အရင်းအမြစ် Source - empirepestcontrol

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T