ပက်ကျိတစ်ကောင်မှာ နှာခေါင်းဘယ် နှခုရှိလဲ..?

//s9.kh1.co/a9/a9ef76fa3e2be62174627e4b8f9f92eb21af9652.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ပက်ကျိတစ်ကောင်မှာ နှာခေါင်းဘယ် နှခုရှိလဲ..?

သင်တို့ရဲ့ ပတ်ဝန်းကျင်မှာ တစ်ခါတလေ အသည်းယားစရာကောင်းတဲ့ ပက်ကျိအကောင်လေးတွေကို တွေ့ဖူးကြမှာပါ။ သူတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက တကယ့်ကိုထူးခြားပြီး ကျွန်တော်တို့ မသိသေးတာ တွေ များစွာရှိပါတယ်။ ကျွန်တော်တို့ သိထားတာက ပက်ကျိလေးတွေဟာ ခန္ဓာကိုယ်ပျော့ပျောင်းပြီး နှေးကွေးတယ်ဆိုတာပါ။ ဒါပေမယ့် သူတို့ဘယ်လို အနံ့နှင့် အာရုံခံကြလဲ၊ ဘာတွေစားသောက်ကြလဲ၊ အထူးသဖြင့် သူတို့မှာ နှာခေါင်းရှိလား၊ ပြီးတော့ ပက်ကျိတစ်ကောင်မှာ နှာခေါင်းဘယ်နှခုပါလဲဆိုတာတွေပါ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

တကယ်တော့ ပက်ကျိတွေမှာ အခြားတိရစ္ဆာန်တွေလို နှာခေါင်းမပါပါဘူး။ ဒါပေမယ့် မတူညီတဲ့ အာရုံခံလုပ်ဆောင်ချက်တွေကို တင်းပုတ်လေးလို ရွက်ဖျင်လေးတွေနဲ့ လုပ်ဆောင်ကြပါတယ်။ အချို့လူတော်တော်များများက အဲ့ဒီ ရွက်ဖျင်လေးတွေကို ကြည့်ပြီး နှာခေါင်း (၄) ခုပါတယ်ဆိုပြီး မကြာခဏ ထင်မှားနေကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

အောက်ပိုင်း ရွက်ဖျင်(၂) ခုက အဝေးကနေ အနံ့ခံကြပြီး အပေါ်ပိုင်းရှိ ကျန်(၂) ခုကတော့ သူတို့ရဲ့ မျက်လုံးဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက အစာကတော့ မှိုများနှင့် ပုပ်သိုးနေတဲ့ တိရစ္ဆာန်တွေအပြင် အပင်များကို အဝေးကနေ အာရုံခံရှာဖွေ စားသောက်ကြပါတယ်။ သင်က ပက်ကျိကို ကြောက်တတ်တဲ့ သူ၊ အနီးအနားကို မလာစေချင်တဲ့ သူဆိုရင်တော့ အနံ့ပြင်းထန်တဲ့ အရာတွေနဲ့ သူတို့ကို တားဆီးနိုင်ပါတယ်။ ဥပမာ - လာဗင်ဒါလိုမျိုး အနံ့ပြင်းထန်တဲ့ အပင်တွေ စိုက်ထားမယ်ဆိုရင် ပက်ကျိတွေ မလာပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က အနံ့အရမ်းပြင်တဲ့ အရာတွေကို မခံနိုင်လို့ပါပဲ။

Photo Credit – From Google
Photo Credit – From Google
https://s9.kh1.co/__image/w=650,h=366,q=100/f3/f3ea585cbd9cb30534d3ba4a79e188d34d454242.jpg

သတင်း အရင်းအမြစ် Source - pestsbanned

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T