တစ်ကမ္ဘာလုံးကလက်ခံပြီးသုံးတဲ့ မက်ထရစ်စနစ်ကိုမသုံးတဲ့ ရှားရှားပါးပါး သုံးနိုင်ငံ..

//s9.kh1.co/e9/e930d2229f19ad29180a2339dfd7f192bcfac7da.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-စက်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

တစ်ကမ္ဘာလုံးကလက်ခံပြီးသုံးတဲ့ မက်ထရစ်စနစ်ကိုမသုံးတဲ့ ရှားရှားပါးပါး သုံးနိုင်ငံ..

Metric(မက်ထရစ်) စနစ်ဆိုတာကတော့ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုလက်ခံထားတဲ့ တိုင်းတာတဲ့စနစ်တစ်ခုဖြစ်ပါတယ်။ မက်ထရစ်စနစ်မှာဆိုရင် အလျားကို ကီလိုမီတာ၊ အလေးချိန်ဆို ကီလိုဂရမ်, ထုထည်ဆို လီတာဆိုပြီးသုံးလေ့ရှိကကြပါတယ်။ မက်ထရစ်စနစ်ဟာဆိုရင် ပြင်သစ်ကနေစတင်ပေါက်ဖွားဆင်းသက်လာတဲ့ စနစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာသုံးစနစ် (SI) ဆိုပြီးနောက်ပိုင်းမှာ နိုင်ငံတကာအလေးချိန်နဲ့ တိုင်းတာရေးအဖွဲ့ကြီးကအသိအမှတ်ပြုခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/90/90dd9036d1d8606cce06ce7ad4f906f512ca47eb.jpg

ဒါပေမယ့် နိုင်ငံတကာကတပြေးညီသုံးနေတဲ့ မက်ထရစ်စနစ်ဟာ ထူးဆန်းစွာနဲ့ဒီသုံးနိုင်ငံမှာ အသုံးမဝင်ပါဘူး။ အဲ့ဒီနိုင်ငံတွေကတော့ အမေရိကန်ပြည်ထောင်စု၊ လစ်‌ဘေးရီးယားနဲ့ မြန်မာတို့ဖြစ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဗြိတိန်ကိုလိုနီဖြစ်ခဲ့ဖူးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံတကာသုံး မက်ထရစ်စနစ်ကိုအသုံးပြုဖို့တုံ့ဆိုင်နေခဲ့ပြီး အင်္ဂလိပ်တွေသုံးတဲ့ Imperial စနစ်ကိုပဲအသုံးပြုတဲ့နိုင်ငံဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/23/23bb4c8e30252635722d857ff6eaa0fedc30fb48.jpg

ကွန်ဂရက်မှာမက်ထရစ်စနစ်သုံးဖို့ အကြံပြုဖူးပေမယ့် အဲ့ဒီအချိန်က နိုင်ငံခြားရေးဝန်ကြီး သောမက်ဂျက်ဖာဆင်ကငြင်းပယ်ခဲ့ဖူးပါတယ်။ Imperial စနစ်မှာတော့ မက်ထရစ်လိုမဟုတ်ပဲ အလျားကိုတိုင်းရင် လက်မ၊ ထုထည်ဆိုရင် ဂါလန် နဲ့ အလေးချိန်ဆိုရင် တန် ဒါမှမဟုတ် ပေါင်တို့ကိုသုံးကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=275,h=183,q=100/06/06b5f9d46fbb67f027720b117955e4d1441bce19.jpg

နောက်ထပ်တစ်နိုင်ငံဖြစ်တဲ့ လစ်ဘေးရီးယားဟာလည်း အမေရိကန်လိုမျိုးပဲ Imperial စနစ်ကိုသုံးတာဖြစ်ပါတယ်။ အမေရိကန်ကိုလိုနီဖြစ်ခဲ့ဖူးတဲ့ အာဖရိကနိုင်ငံငယ်ဟာ ဖွဲ့စည်းပုံကအစ အမေရိကန်ကိုမှီငြမ်းပြီးရေးထားတာဖြစ်လို့ အမေရိကန်တွေသုံးတဲ့စနစ်ကိုသုံးတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုတို့ သူတို့အနေနဲ့နိုင်ငံတကာသုံး စနစ်ကိုပြောင်းဖို့ကြိုးစားနေတယ်လို့ ပြောထားပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f9/f9cf391022f608a5a23dbd595de6a256ba2f1adf.jpg

မြန်မာနိုင်ငံဟာဆိုရင်လည်း ဗြိတိသျှကိုလိုနီဖြစ်ဖူးတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင် မူလကတည်းကကိုယ်ပိုင်အတိုင်းအတာစနစ် ရှိတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် မက်စနစ်စနစ်ကိုမသုံးတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာပါတယ်။ မြန်မာမှာဆိုရင်ပုံမှန်အရပ်ထဲမှာ အလေးချိန်တွေကို မြန်မာအတိုင်းအတာစနစ်ဖြစ်တဲ့ ပိဿာ၊ ကျပ်သားကို အသုံးပြုလေ့ရှိပြီး၊ အလျားကိုတော့ ပေ ဒါမှမဟုတ် ကိုက် ကိုအသုံးပြုပါတယ်။ ထုထည်ကိုလည်း ဂါလန်၊ အမြန်နှုန်းကိုလည်း မိုင်နဲ့သုံးလေ့ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ဈေးဝယ်စင်တာတွေမှာ မက်ထရစ်စနစ်ကိုစတင်အသုံးပြုလာတာတွေ့ရပါတယ်။

ဒါကြောင့်အဲ့ဒီနိုင်ငံတွေမှာ ဈေးဝယ်ထွက်မယ်ဆိုရင်တော့ သူတို့နိုင်ငံတွေအလိုက်သုံးတဲ့ အတိုင်းအတာစနစ်တွေကို အရင်ဆုံးသိထားပြီးမှထွက်သင့်ပါတယ်နော်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T