သက်ရှိတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင်ကို မလိုအပ်တဲ့ တိရစ္ဆာန်

//s9.kh1.co/84/843e1dbc0c5ef950adc9637a8ece3144d3837b54.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-စက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

အောက်ဆီဂျင်လုံးဝမရှိဘဲ အသက်အရှင်နေတဲ့ ဒီ တိရစ္ဆာန်ဟာ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

သိပ္ပံပညာရှင်များဟာ အောက်ဆီဂျင်လုံးဝမရှိဘဲ အသက်ရှင်နေတဲ့ ပထမဦးဆုံး Multicellular တိရစ္ဆာန်များကို တွေ့ရှိခဲ့ပါတယ်။ ဒီတိရစ္ဆာန်များဟာ ကမ္ဘာပေါ်ရှိ အကြမ်းတမ်းဆုံးပတ်ဝန်းကျင်မှာ နက်ရှိုင်းစွာနေထိုင်ကြပါတယ်။ အဲ့နေရာကတော့ မြေထဲပင်လယ် သမုဒ္ဒရာရဲ့ L'Atalante Basin ဆိုတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာက ရေတွေဟာ ဆားငန်ရည်ပါဝင်ကာ အလွန်သိပ်သည်းပြီး အောက်ဆီဂျင်ပါရှိတဲ့ ရေများနှင့် မရောနှောပါဘူး။

https://s9.kh1.co/__image/w=650,h=482,q=100/22/222bd417c4fcecff19729abf01697bb642cee5ff.jpg

ဒီနေရာမျိုးမှာ ဆဲလ်တစ်ခုတည်းအသက်ရှင်နေတာကို တွေ့ရှိပေမယ့်လည်း လေ့လာမှုအသစ်က ဆားဆားရည်အောက်ရှိ အနည်များတွင် နေထိုင်ပြီး မျိုးပွားနိုင်တဲ့ ဆဲလ်ပေါင်းများစွာကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ အီတလီနှင့် ဒိန်းမတ် သုတေသီများဟာ Loricifera လို့ခေါ်ပြီး သေးငယ်တဲ့ တိရစ္ဆာန်မျိုးစိတ်သစ် ၃ မျိုးကို ဖော်ပြခဲ့ပါသေးတယ်။

https://s9.kh1.co/__image/w=445,h=278,q=100/7c/7cd924bc70f51d44a8f5eb860e3f9043f7849a56.jpg

ဒီတိရစ္ဆာန်များဟာ ရေဒီယိုသတ္တိကြွတစ်ခုလို့ သတ်မှတ်ထားတဲ့ Leucine (အမိုင်နိုအက်ဆစ်) ထဲမှာ အသက်ရှင်‌နေတာကို ပညာရှင်တွေက သုတေသနပြုလုပ်နေချိန်မှာ တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး သိပ္ပံပညာရှင်တွေက သူတို့ဟာ ဥဥနိုင်ပြီး ကြမ်းတမ်းလှတဲ့ ဒီအနည်အနှစ်တွေထဲမှာ သူတို့ရဲ့ ဘဝတစ်ခုလုံးကို ကုန်ဆုံးနိုင်တယ်ဆိုတာပါ တွေ့ရှိခဲ့ကြပါသေးတယ်။ ဒီတိရစ္ဆာန်ရဲ့ ဆဲလ်များဟာ ဆဲလ်တစ်ခုကို စွမ်းအင်ပေးဖို့ အောက်ဆီဂျင်ကိုအသုံးပြုတဲ့ mitochondria များ ချို့တဲ့နေပုံရပါတယ်။

https://s9.kh1.co/__image/w=565,h=953,q=100/03/032d040197200966fd0dad98dee83205c053d908.jpg

အောက်ဆီဂျင်အစား သူတို့ဟာ ဟိုက်ဒရိုဂျင်နိုဆုန်းများ၊ အန်အေရိုးဗစ် (သို့မဟုတ် အောက်ဆီဂျင်မပါတဲ့) ပတ်ဝန်းကျင်မှာ အလားတူအလုပ်မျိုး လုပ်ဆောင်နိုင်တဲ့ organelles များ ကြွယ်ဝပါတယ်။ ဒီရှာဖွေတွေ့ရှိမှုဟာ အောက်ဆီဂျင်အလွန်နည်းတဲ့ ကမ္ဘာရဲ့အစောပိုင်းသမုဒ္ဒရာများမှာ သက်ရှိများရဲ့ပုံသဏ္ဍာန်ကို သိပ္ပံပညာရှင်များနားလည်စေဖို့ ကူညီပေးနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=494,q=100/b2/b2b67478f21c93084b56665fa70dae56b7747e67.webp

သတင်း အရင်းအမြစ်Science

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T