လိပ်တွေဟာ ချစ်စရာကောင်းတဲ့ ရေနေသတ္တဝါတွေမှာ အပါအဝင်ဖြစ်ပြီး ထူးခြားတဲ့ အင်္ဂါရပ်များကြောင့် လူသိများတဲ့ သတ္တဝါဖြစ်ပါတယ်။ သူတို့က ဒိုင်နိုဆောများခေတ်ကတည်းက ရှင်သန်ခဲ့တာလို့လည်း ပညာရှင်တွေက ဆိုထားခဲ့ပြီး ပင်လယ်လိပ်များကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ ကျော် ၂၀၀ ကတည်းကရှိခဲ့တာလို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ကျက်စားနေထိုင်ကြတဲ့ လိပ်မျိုးစိတ်ပေါင်း ၃၅၆ မျိုးခန့် ရှိပေမယ့် အချို့မှာ မျိုးသုဉ်းလုနီးပါး ကြုံတွေ့နေရပါတယ်။

လိပ်တွေကို မြစ်ဝှမ်းပေါများတဲ့ ဒေသ အထူးသဖြင့် ရေချိုနှင့် ရေငန်များမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အန္တာတိကမှာတော့ လိပ်တွေကို မတွေ့ရပါဘူး။ လိပ်မျိုးစိတ် အများဆုံး တွေ့ရနိုင်တာကတော့ မြောက်အမေရိကတိုက်နှင့် တောင်အာရှတို့မှာ ပိုများပါတယ်။ ဥရောပတိုက်မှာတော့ လိပ်မျိုးစိတ်ငါးမျိုးပဲ ရှိပါတယ်။

ရေထဲမှာ အမြဲတမ်း နေထိုင် ကျက်စားတဲ့ ပင်လယ်လိပ်များကတော့ ရေခူ ၊ ခရုများ နှင့် ရေထဲမှာပေါက်ရောက်တဲ့ အပင်များကို ရှာဖွေစားသောက်ကြပေမယ့် အချို့ လိပ်တွေကတော့ အပင် (သို့မဟုတ်) ကျောရိုးမဲ့သတ္တဝါလေးတွေကို စားသောက်ကြပါတယ်။ ပြီးတော့ သူတို့မှာ သွားမရှိပေမယ့် အခွံမာတဲ့ ခရုများ နှင့် ငါး၊ပုဇွန်များကို ကောင်းကောင်း ဝါးမျိုစားသောက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိပ်တွေမှာ အလွန်မာကျောတဲ့ မေးရိုးများရှိလို့ပါပဲ။

အံ့အော်စရာတစ်ခုကတော့ လိပ်တွေက အသက်ရှုကြပ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ပါးဟက်မပါတာကြောင့် ကျွန်တော်တို့ လူသားတွေမျိုး သူတို့ကလည်း အောက်ဆီဂျင်လိုအပ်ပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား အချိန်အတိုင်းအတာတစ်ခုအထိတော့ သူတို့ရဲ့ အသက်ရှူမှုကို ထိန်းထားနိုင်ကြပါတယ်။

ရေထဲမှာ နေတဲ့ သူဆိုပြီး အထင်မကြီးပါနဲ့ သူတို့ကလည်း အခန့်မသင့် ရေနစ်တတ်ကြပါတယ်။ ဘယ်လို အချိန်မှာ နစ်တာလဲဆိုရင် ငါးဖမ်းကိရိယာများနှင့် ရောထွေးပြီး လေထဲမတက်နိုင်တဲ့ အခါမျိုးတွေမှာ ရေနစ်ခြင်းဖြစ်တတ်ကြတာပါ။ ဒါကြောင့် လိပ်တွေက ရေထဲမှာ အချိန်တော်တော်ကြာကြာ မနေနိုင်ကြတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - trvst