ရန်လိုစိတ်နှင့် ရဲစွမ်းသတ္တိကြောင့် အာရှယဉ်ကျေးမှုမှာ ရေပန်းစားတဲ့ ကြံ့ပိုး

//s9.kh1.co/20/20a44fade19668a04fc44234c0d033a864088009.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

ရန်လိုစိတ်နှင့် ရဲစွမ်းသတ္တိကြောင့် အာရှယဉ်ကျေးမှုမှာ ရေပန်းစားတဲ့ ကြံ့ပိုး

Kabuto ပိုးကောင်လေးတွေကို တောတောင်တွေနဲ့ အနီးဆုံးနေထိုင်ကြတဲ့ သူတွေဆိုရင်တော့ မြင်ဖူးကြမှာပါ။ Kabuto ပိုးကောင်လေးတွေဟာ သူ့တို့ရဲ့ ရန်လိုစိတ်နှင့် ရဲစွမ်းသတ္တိတွေကြောင့် အာရှယဉ်ကျေးမှုမှာ ရေပန်းစားတဲ့ အင်းဆက်တစ်မျိုးပါ။  ကမ္ဘာပေါ်မှာတော့ ကြီးမားတဲ့ ပိုးကောင်တွေထဲမှ တစ်ကောင်ဖြစ်ပြီး ဂျပန်လူမျိုးတွေက သူ့တို့ကို ကြံ့ပိုးတွေလို့ ခေါ်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒီပိုးကောင်တွေက ကျွန်တော်တို့ နိုင်ငံမှာ သိပ်မတွေ့ရပေမယ့်  ဂျပန်၊ ထိုင်ဝမ်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံအရှေ့ပိုင်းတို့မှာ အများဆုံးတွေ့ရပါတယ်။ သူ့ရဲ့ ပုံစံက မသိရင် နွားချေးတွေအောက်မှာ တွေ့ရတတ်တဲ့ ပိုး ( နွားချေးပိုး) နဲ့ ဆင်တူပါတယ်။  ပိုးကောင်အများစုက အနက်ရောင်ရှိပြီး အပင်ရည်နှင့် အချိုဓာတ်ပါတဲ့ အစာများကို စားသောက်ကြပါတယ်။ အထီးများကတော့ အရှည် ၁.၇၅  မှ ၃.၁၄ လက်မ ဝန်းကျင်ရှိနိုင်ပြီး အမများရဲ့ အကြီးဆုံးအ ရွယ်အစား ၂.၃၆  လက်မ အထိသာ ကြီးထွားကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ကြံ့ပိုးဆိုတဲ့ အတိုင်းပဲ သူတို့မှာ ချိုနှစ်ချောင်းပါပြီ တစ်ချောင်းက အရှေ့ဘက်မှာ “Y” ပုံသဏ္ဍာန်ရှိပြီး နောက်တစ်ချောင်းက သူ့ရဲ့ ဦးခေါင်းထိပ်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရန်သူကို တိုက်ခိုက်ပြီဆိုရင် အဲ့ဒီ ချိုနှစ်ချောင်းကို အသုံးပြုကြပါတယ်။ ဂျပန်ကြံ့ပိုးကောင်လေးတွေဟာ ပြင်းထန်တဲ့  တိုက်ခိုက်ရတာကို နှစ်သက်ကြပါတယ်။ ဒီပိုးကို ဂျပန်ကြံ့ပိုး၊ ဂျပန်ချိုပိုးနှင့် ကာဘူတိုရှီ စသည့်အမည်သုံးမျိုးဖြင့် ခွဲခြားသက်မှတ်ထားကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သူတို့ သက်တမ်းက ၁၆ လအထိသာ အသက်ရှင်ကြပြီး ဥပေါက်ပြီးတာနဲ့ ပိုးလောင်းအဖြစ်ရောက်ရှိလာရင် မြေအောက်မှာပဲ အချိန်ကုန်ဆုံးကြပါတယ်။ ပိုးလောင်းကနေ အကောင်ပေါက် ကြီးထွားရင့်ကျက်ဖို့အတွက်ဆိုရင် အချိန် ၁၂ လခန့် ကြာပါတယ်။ ဒီကြံ့ပိုးကောင်လေးတွေနဲ့ တူတဲ့ အခြား အင်းဆက်ပိုးကောင်လေးတွေကိုလည်း မြင်ဖူးပါတယ်။ ဒါပေမယ့် အရွယ်အစားတွေကတော့ ဒီပိုးကောင်တွေထက် တော်တော်လေးသေးငယ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - thefactsite

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T