ကမ္ဘာအပြင် လူတွေခြေချနိုင်တဲ့ နေအဖွဲ့အစည်းထဲက ဂြိုလ် ၃ လုံး

//s9.kh1.co/ed/ed7fff88130f0ca6ebf6086506d917eb168a2765.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

လူတွေခြေချပြီး လမ်းလျှောက်နိုင်တာမို့ အနာဂတ်မှာ......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

နေအဖွဲ့အစည်းထဲမှာ ဂြိုလ်ကြီး ၈ လုံးရှိတာ အားလုံးလည်း သိကြပြီးသားပါ။ အဲ့ထဲမှာမှ လူသားတွေ ခြေချပြီး လမ်းလျှောက်လို့ရတဲ့ ဂြိုလ်နဲ့ လမ်းလျှောက်မရတဲ့ ဂြိုလ်ဆိုပြီးရှိပါတယ်။ ဆိုတော့ ဘယ်ဂြိုလ်က လမ်းလျှောက်လို့ရပြီး ဘယ်ဂြိုလ်က မရဘူးဆိုတာကို ကြည့်လိုက်ရအောင်။

Mercury (ဗုဒ္ဓဟူးဂြိုလ်)

https://s9.kh1.co/__image/w=650,h=650,q=100/29/29aa4fc8630435ef224ad30181da54b13be91866.jpg

Mercury ဆိုတဲ့ ဗုဒ္ဓဟူးဂြိုလ်ဟာ ထုထည်အပြည့်ရှိတဲ့ ဂြိုလ်ဖြစ်ပါတယ်။ ဂြိုလ်ပေါ်မှယ လမ်းလျှောက်နိုင်တယ်ဆိုပေမယ့် ခုန်နေတာနဲ့ ပိုနီးစပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆွဲငင်အားက ၃၈ ရာခိုင်နှုန်းပဲ ရှိလို့ပါ။ ခြေတစ်လှမ်း လှမ်းပြီးရင် ယုန်တစ်ကောင်လို ခုန်သွားနိုင်ပါတယ်။ ဒီလမ်းလျှောက်နည်းက လပေါ်မှာ လမ်းလျှောက်ပုံနဲ့တူပါတယ်။ အဲ့ဒီဂြိုလ်ပေါ်မှာဆို နေကို ကမ္ဘာကထက် ၃ ဆ ပိုကြီးစွာ မြင်နိုင်ပါတယ်။ ဆိုတော့ နေကာမျက်မှန်ယူသွားပါ။ ဂြိုလ်ပေါ်မှာ အလင်းရောင်က ပြဿနာမဟုတ်ပေမယ့် အသက်ရှင်ဖို့ဆို အပူချိန်ကို ခံနိုင်မှရပါမယ်။ မနက်မှာ အပူချိန်ဟာ 800 degrees Fahrenheit ရှိပြီး ညမှာတော့ -290 degrees Fahrenheit ရှိပါတယ်။ လေထုဖိအားလည်းမရှိတာမို့ သွားမယ်ဆိုရင် အောက်စီဂျင်လိုပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=488,q=100/1b/1b4e1c9c39d3ee5283e6f94be548742fb2693230.jpg

Venus (ကြာသပတေးဂြိုလ်)

https://s9.kh1.co/__image/w=650,h=451,q=100/89/8913050e640e898b521133ca8e1bc953620eb490.jpg

Venus ဆိုတဲ့ ကြာသပတေးဂြိုလ်ကတော့ ကမ္ဘာရဲ့အရွယ်အစားနဲ့ တူသလောက်ရှိပါတယ်။ ဆိုတော့ ဒီဂြိုလ်ပေါ်မှာ လမ်းလျှောက်တာဟာ ကမ္ဘာနဲ့ တူပါလိမ့်မယ်။ ဂြိုလ်ဟာ ပူလွန်းလှတဲ့အပူချိန်ရှိတာကြောင့် ဂြိုလ်ပေါ်က မျက်နှာပြင်ဟာ အနီရောင်၊ လိမ္မော်ရောင် နဲ့ အညိုရောင်လိုဖြစ်နေတာ မဆန်းပါဘူး။ နေအဖွဲ့အစည်းထဲမှာ ဒီဂြိုလ်ဟာ အပူဆုံးပါပဲ။ ဘယ်လောက်ပူလဲဆို ဂြိုလ်ပေါ်က အပူချိန်က 900 degrees Fahrenheit ထိရောက်နိုင်ပါတယ်။ မီးတောင်တွေလည်း ရှိပါသေးတယ်။

https://s9.kh1.co/__image/w=650,h=460,q=100/6d/6dd3cab170616d48c5910e551ff1bb8e4478a153.jpg

Mars (အင်္ဂါဂြိုလ်)

https://s9.kh1.co/__image/w=650,h=366,q=100/cb/cb9a3f84a979aead8c7e25a58cf73544391e6635.jpg

နေအဖွဲအစည်းထဲမှာဆိုရင် ကမ္ဘာကလွဲလို့ တခြားဂြိုလ်တွေထက် လမ်းလျှောက်ဖို့ အကောင်းဆုံးက Mars ဆိုတဲ့ အင်္ဂါဂြိုလ်ပါပဲ။ ဒီဂြိုလ်ဟာ လူတွေပထမဆုံး ခြေလှမ်းကြတဲ့ ဂြိုလ်ပါပဲ။ ဂြိုလ်က ကမ္ဘာထက်သေးတာမို့ ဂြိုလ်ပေါ်က ဆွဲငင်အားဟာ ကမ္ဘာထက် ပိုမို အားနည်းပါလိမ့်မယ်။ သင့်ရဲ့ ကမ္ဘာပေါ်ကအလေးချိန်ရဲ့ ၃ ပုံ တစ်ပုံ ပဲရှိပါတယ်။ ဆိုတော့ ဒါဟာ လပေါ်မှာ ဒါမှမဟုတ် မာကျူရီ ဂြိုလ်ပေါ်မှာ လမ်းလျှောက်ရသလိုပါပဲ။ ဂြိုလ်ပေါ်မှာ ညဘက်ဆိုရင် လှပတဲ့ ကောင်းကင်နဲ့အတူ ကြယ်များစွာကို သာမန်မျက်စိနဲ့ မြင်တွေ့နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=412,q=100/d6/d6929e1406458bcb988e23bc00abc2e8208bd56c.jpg

နေအဖွဲ့အစည်းအပြင်မှာလည်း လမ်းလျှောက်လို့ရတဲ့ ဂြိုလ်တွေအများကြီး ရှိပါသေးတယ်။ နေအဖွဲ့အစည်းထဲက လမ်းလျှောင်လို့မရတဲ့ ဂြိုလ်တွေကတော့ Jupiter, Saturn, Uranus သို့မဟုတ် Neptune တို့ပဲဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ဟာ Gas နဲ့ဖွဲ့စည်းထားတာကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/c0/c027f2d45b04ce039a2c07de5a6a65664de77457.jpg

သတင်း အရင်းအမြစ် Little Astronomy

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T