ပုရွက်ပျံတွေနဲ့ ပတ်သက်တဲ့ ထူးဆန်း အချက် ၁၀ ချက်

//s9.kh1.co/14/1428fb5cfcdac403da7d575b21c9bcb6b5481bb5.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-စက်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

ပုရွက်ပျံဆိုတဲ့ အင်းဆက်ကို သင်တို့မြင်ဖူးကြပါလား......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ပုရွက်ဆိတ်ပျံတွေကို သင်မြင်ဖူးပါသလား။ တစ်နည်းအားဖြင့် သူတို့ကို ပလူလို့လည်းသိကြပါတယ်။ ဆိုတော့ ရိုးရိုး ပုရွက်ဆိတ်နဲ့ ပုရွက်ပျံ ဘာကွာလဲ ဘာထူးခြားလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/d4/d48a0fc5b5c6cb34eb3354972476dc2b2e108f40.jpg

၁။ ပုရွက်ပျံဟာ အတောင်ပံပါတဲ့ ပုံမှန် ပုရွက်ဆိတ်ပါပဲ။

ကျွန်တော်တို့မြင်လေ့ရှိတဲ့ ပုရွက်ဆိတ်များဟာ အစာကောက်ရင်း လှည့်ပတ်သွားလာနေတဲ့ အနက်ရောင် ဥယျာဉ်ပုရွက်ဆိတ် အမဖြစ်ပါတယ်။ ဒါပေမယ့် နွေရာသီမှာ အတောင်ပံရှိတဲ့ ပုရွက်ဆိတ် အထီးများနှင့် တူညီတဲ့မျိုးစိတ်ရှိ ဘုရင်မအသစ်များဟာ ပျံသန်းကြပါတယ်။

၂။ ပုရွက်ဆိတ် အုပ်စုသစ် ဖွဲ့စည်းဖို့အတွက် ပျံသန်း

ပုရွက်ဆိတ်တွေပျံသန်းရတာဟာ ပုရွက်ဆိတ်ဘုရင်မအနေနဲ့ မတူညီတဲ့ နယ်မြေက ပုရွက်ဆိတ်နဲ့ မိတ်လိုက်ပြီး အသိုက်တစ်ခုအသစ်ထောင်နိုင်အာင်လို့ ဖြစ်ပါတယ်။

၃။ ပူပြင်းတဲ့ နွေရာသီမှသာ ပုရွက်ဆိတ်များ စုအုပ်လာတတ်ကြ

ပုရွက်ဆိတ်များ အစုအဝေးဖြစ်ပေါ်ရန်အတွက် အခြေအနေများဟာ မှန်ကန်ရမှာပါ။ သူတို့ဟာ များသောအားဖြင့် ဇူလိုင်လ သို့မဟုတ် သြဂုတ်လမှာ ပူပြင်းစွတ်စိုတဲ့ ရာသီဥတုကြောင့် အစုလိုက် နေလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=640,h=360,q=100/66/6624ffe99e4f5a22e5a16d031213102543c80326.jpg

၄။ ပုရွက်ပျံနေ့ဟာ ဒဏ္ဍာရီသာဖြစ်

ပုရွက်ဆိတ်များစွာဟာ တစ်ချိန်တည်း တစ်နေရာတည်းမှာ ပေါ်လာတာကြောင့် ဒီဖြစ်စဉ်ကို 'ပုရွက်ပျံနေ့' ဆိုပြီး တချို့နေရာတွေမှာ သိရှိကြပါတယ်။ ဒါပေမယ့် ဒါဟာ ပုရွက်ပျံရာသီထက် ပိုတိုတောင်းပါတယ်။ ရာသီဥတုပေါ်မူတည်ပြီး တောင်ပံပိုးမွှားများဟာ ဇွန်လမှ စက်တင်ဘာလအတွင်း နိုင်ငံအနှံ့အပြားမှာ အချိန်မရွေး ပေါ်လာနိုင်ပါတယ်။

၅။ အစုလိုက် ပျံထွက်လာကြတာဟာ လုံခြုံဖို့အတွက်သာဖြစ်

ပုရွက်ဆိတ်များ အများအပြား ပေါ်လာရခြင်း အကြောင်းအရင်းမှာ သားရဲကောင်များထံမှ သူတို့ကို ကာကွယ်ပေးတာကြောင့် ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်း အတူတူ ပျံသန်းခြင်းဟာလည်း အပေါင်းအသင်းများကို ရှာဖွေရန် အခွင့်အလမ်းများစွာ ပေးပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/4d/4da68de76301c10a01455e72336df3185e2d9c9b.jpg

၆။ သူတို့ဟာ အန္တရာယ်မရှိပါဘူး

သူတို့တွေဟာ အလွန်စိတ်အနှောက်အယှက်ဖြစ်နိုင်ပေမယ့်လည်း သူတို့က သင့်ကို မထိခိုက်စေပါဘူး။

၇။ တင်းနစ်စတားတွေက သူတို့ကိုမုန်းပါတယ်။

2018 မှာ ပုရွက်ဆိတ်များဟာ Wimbledon ကို ကျူးကျော်ဝင်ရောက်ကာ တင်းနစ်ကစားသမားများကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး ကမ္ဘာတစ်ဝှမ်းက သတင်းခေါင်းစဉ်များမှာတောင် ပါခဲ့ပါတယ်။

၈။ ပုရွက်ပျံအမဟာ အထီးတွေထက် ပိုကြီး

အနီးကပ်ကြည့်ဖို့ သတ္တိရှိပါ့မလား။ အချို့ပုရွက်ဆိတ်များဟာ အခြားတောင်ပံများထက် များစွာကြီးမားတာကို သင်တွေ့ရမှာပါ။ ပိုကြီးတဲ့ အကောင်များဟာ ဘုရင်မများဖြစ်ပြီး သူတို့ဟာ အရှည် 15 မီလီမီတာအထိရှိပါတယ်။

https://s9.kh1.co/__image/w=650,h=337,q=100/28/28998963094ba7658baf667cd4b2de88ee2ab0c8.jpg

၉။ ဘုရင်မတွေဟာ သူတို့အတောင်ပံကို ကိုက်ပြီး ဖြုတ်တတ်

မိတ်လိုက်ပြီးနောက် ဘုရင်မများဟာ အတောင်ပံများကို ဝါးပြီး အသိုက်အသစ်တူးရန် နေရာရှာဖို့ လှည့်ပတ်သွားလာကြပါတယ်။ ဒါကြောင့် ကြမ်းပြင်ပေါ်က စွန့်ပစ်ထားတဲ့ အတောင်ပံတွေကိုသတိထားပါ။

၁၀။ ပုရွက်ဆိတ်ပျံများကို alates လို့လည်းခေါ်

Alates ဆိုတာဟာ အတောင်ပံပါတဲ့ အင်းဆက်တွေကို ခေါ်တဲ့ နာမည်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=465,q=100/3b/3bd0de025ca14d38079defea7b285e5a36e91e30.jpg

သတင်း အရင်းအမြစ် National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T