ကမ္ဘာပေါ်မှာ ကျွန်းပေါင်း ၂၀၀,၀၀၀ ကျော်ရှိတဲ့ ကျွန်းအများဆုံးနိုင်ငံ

//s9.kh1.co/6a/6a6695666fa68ef495ad73f5be3c0270552e9c33.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

ဒီနိုင်ငံရဲ့ ကျွန်းတစ်ခုဟာဆိုရင် အလှပဆုံး သဘာဝတောရိုင်းနယ်မြေအဖြစ်........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ကမ္ဘာပေါ်မှာ ကျွန်းပေါင်း ရာနှင့်ချီအောင် ရှိပေမယ့်လည်း သြစတြေးလျလို တိုက်ကြီးအဖြစ် မသတ်မှတ်ထားပါဘူး။ ကမ္ဘာပေါ်ရှိ အကြီးဆုံးကျွန်းဟာ ဂရင်းလန်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်းစုများစုပုံထားတဲ့ နိုင်ငံများရှိပါတယ်။ နော်ဝေးနဲ့ ဆွီဒင်လို နိုင်ငံတွေမှာဆို ကျွန်းပေါင်း ၂ သိန်းကျော်ရှိပါတယ်။ ဒါကြောင့် ကျွန်အများဆုံးရှိတဲ့ ဆွီဒင်နိုင်ငံက ကျွန်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/f5/f58c796a6e93f6a35f3f19b8e86173de735fd05b.webp

ကမ္ဘာရဲ့မြောက်ဖျားဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်မှာ ရေတွက်ထားတဲ့ ကျွန်းပေါင်း 221,831 ကျွန်းရှိပြီး 24,000 ခန့်ဟာ နိုင်ငံရဲ့ အများပြည်သူသုံးပိုင်ခွင့်မူဝါဒဖြင့် အများပြည်သူကို ဖွင့်ပေးထားပါတယ်။ စိမ်းလန်းစိုပြေတဲ့ သစ်တောများနှင့် လယ်ကွင်းများကိုဖြတ်သန်းသွားလာနိုင်ပြီး သဘာဝပတ် ဝန်းကျင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများကို လေးစားသရွေ့ မည်သူမဆို မြေပိုင်ရှင်ကိုမတောင်းဆိုဘဲ ဘယ်ရီသီး သို့မဟုတ် မှိုများကို စားနိုင်ပါတယ်။ ဆွီဒင်ဟာ ကမ္ဘာပေါ်မှာ ကျွန်းစုအများဆုံးရှိတဲ့ နိုင်ငံဖြစ်‌ပေမယ့်လည်း ကျွန်ပေါင်း ၁၀၀၀ ထက်မနည်းဟာ တခြာအရာတွေကို မှီတင်တည်ရှိကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/db/db57c8995b1a571fdca4a54fc7f05620b8d34040.webp

နိုင်ငံရဲ့ ထောင်နှင့်ချီတဲ့ ကျွန်းများကို မြောက်ဘက်စွန်းမှတောင်ဘက်နက်ပိုင်းအထိ အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်မှာ အများအပြားတွေ့ရှိရပြီး အချို့မှာ ဆွီဒင်နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိပါတယ်။ အကျော်ကြားဆုံးမှာ မြောက်ဘက်ရှိ Öregrund နှင့် တောင်ဘက်ရှိ Landsort ကြားရှိ ကျွန်းများ၊ ကျွန်းငယ်များနှင့် ကျောက်တုံး 30,000 နီးပါးဖြင့် ဖွဲ့စည်းထားတဲ့ စတော့ဟုမ်းကျွန်းစုဖြစ်ပါတယ်။ Gothenburg ကျွန်းစုဟာ ကျွန်းများနှင့် ကျွန်းငယ်ပေါင်း 8,000 ကျော်ဖြင့် ဖွဲ့စည်းထားတဲ့ Bohuslän ကျွန်းစုနှင့်အတူ အနောက်ဘက်ကမ်းရိုးတန်းကို သွယ်တန်းထားပါတယ်။ ဒီကျွန်းကို CNN Travel မှ ကမ္ဘာပေါ်မှာ သတ္တမမြောက် အလှပဆုံး သဘာဝတောရိုင်းနယ်မြေအဖြစ် အဆင့်သတ်မှတ်ထားပါသေးတယ်။ ကျွန်းတွေတော်တော်ကိုများတဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။

https://s9.kh1.co/__image/w=650,h=366,q=100/7e/7e9aac0700e85593f83619f28aeb6003b456ac91.jpg
https://s9.kh1.co/__image/w=650,h=433,q=100/d1/d1d7c3bdb1d24b80d9ca3f7cb5de308239af94c3.webp

သတင်း အရင်းအမြစ် World Atlas

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T