သင်းခွေချပ်မှာ မျိုးစိတ် ဘယ်နှမျိုးရှိလဲ...?

//s9.kh1.co/5c/5c8c163f62c700ecf75a44f401da1d0e9226a01e.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-စက်-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

သင်းခွေချပ်မှာ မျိုးစိတ် ဘယ်နှမျိုးလောက်ရှိလဲ...?

သင်းခွေချပ်များဟာ  ကမ္ဘာပေါ်မှာ ဦးခေါင်းမှ ခြေဖျားအထိ အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် တစ်ခုတည်းသော နို့တိုက်သတ္တဝါဖြစ်ပါတယ်။ အကြေးခွံတွေက ဘယ်လောက်ထိများလဲဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ  ၂၀ ရာခိုင်နှုန်းလောက် ကြေးခွံများဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သင်းခွေချပ်မျိုးစိတ်က (၈) မျိုးအထိရှိပါတယ်။ ကျွန်တော်တို့ အာရှတိုက်မှာတော့ တရုတ် ၊ မလေးယန်း ၊ အိန္ဒိယနှင့် ပလ္လင်သင်းခွေချပ် ဆိုပြီး အမျိုးစိတ် (၄) မျိုးလောက် တွေ့ရနိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

နောက်ထပ် (၄) မျိုးဖြစ်တဲ့ ဧရာမမြေပြင်သင်းခွေချပ်၊ ကိပ်သင်းခွေချပ် ၊ မြီးရှည်သင်းခွေချပ် နှင့် သင်းခွေချပ်လေး မျိုးစိတ်တို့က အာဖရိကတိုက်မှာပဲ အများဆုံး ကျက်စားနေထိုင်ကြတာပါ။  သင်းခွေချပ်အများစုကတော့ အပူပိုင်းသစ်တောများ နှင့် ဆာဗားနားတို့မှာ နေထိုင်ကြပြီး အချို့က  သစ်ပင်တွေပေါ်မှာပဲ အချိန်ဖြုန်းကြပေမယ့် အချို့မှာ မြေအောက်မြေတွင်းများမှာပဲ အိပ်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သူတို့ရဲ့ လျှာတွေက  သစ်ကုလားအုတ် လျှာလိုမျိုး ၄၀ စင်တီမီတာအထိ ရှည်တဲ့ လျှာများရှိကြပါတယ်။ ပြောရမယ်ဆိုရင်တော့ သူတို့ရဲ့ လျှာက အင်းဆက်တွေကို အမဲလိုက်ရာမှာ အကောင်းဆုံး လက်နက်တစ်ခုဖြစ်လို့ တစ်နှစ်လျှင် အင်းဆက်ပေါင်း သန်း ၇၀ လောက်ဖမ်းစားနိုင်မယ်လို့ ပညာရှင်များက ခန့်မှန်းထားခဲ့ကြပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက သင်းခွေချပ်တွေမှာ သွားများမပါရှိပါဘူး ။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ဒါကြောင့်  အင်းဆက်တွေကို စားသောက်ရာမှာ ဝါးမစားနိုင် အတွက် သူတို့ရဲ့  လျှာကနေအစာအိမ်ထဲအထိ တိုက်ရိုက်ပို့ဆောင်ပေးပါတယ်။ မှောင်မိုက်တဲ့ ညအခါမျိုးတွေမှာ သူတို့အတွက် ခက်ခဲတာကြောင့် အားလုံးကို မြင်တွေ့နိုင်တဲ့ နေ့ဘက်တွေမှာပဲ တက်တက်ကြွကြွနဲ့ လှုပ်ရှားကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

ချစ်ဖို့ကောင်းတဲ့ သင်းခွေချပ် ခွေးလေးတွေကတော့  သူတို့ရဲ့ မိခင်ရဲ့ အမြီးကို သုံးလကြာ စီးနင်းပြီး တစ်ယောက်တည်း မရပ်တည်နိုင်တဲ့ အချိန်ထိ ငါးလကြာ မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုအောက် နေကြရပါတယ်။ အရင်တုန်းက သင်းခွေချပ်မျိုးစိတ်တွေက ခြောက်သွေ့တဲ့ တောတောင်တွေမှာ များစွာတွေ့ရပေမယ့် လက်ရှိမှာ ဝိသမလောဘသားတွေကြောင့် မျိုးသုဉ်းမှုအန္တရာယ်ကို ကြုံတွေ့နေရပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - onekindplanet

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T