အိန္ဒိယ သမုဒ္ဒရာ နှင့် ပတ်သက်ပြီး လူသိနည်းတဲ့ဖြစ်ရပ်များ

//s9.kh1.co/cf/cf09bde2ba073510fc04a9594143f1962c7efd5e.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-စက်-၂၀၂၂ ၇pm · လွန်ခဲ့သော ၄ နှစ် က

,

အိန္ဒိယတိုက်ငယ်ရဲ့ တောင်ဘက် ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ အိန္ဒိယသမုဒ္ဒရာဟာ ကမ္ဘာ့ပထဝီဝင်ရဲ့ အလွန်ကြီးမားတဲ့ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယသမုဒ္ဒရာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ မသိသေးတဲ့ စိတ်ဝင်စားစရာကောင်းတာတွေ များစွာရှိနေပါတယ်။

ယခုဖော်ပြပေးမှာက ဒီအိန္ဒိယသမုဒ္ဒရာနှင့်ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အချက်အချို့ကို မျှဝေပေးသွားမှာပါ...

Photo Credit - From Google
Photo Credit - From Google

၁ . ကမ္ဘာမြေမျက်နှာပြင်ရဲ့ ၂၀ ရာခိုင်နှုန်းကို အိန္ဒိယသမုဒ္ဒရာက လွှမ်းခြုံထားခြင်း

ဒါကတော့ အိန္ဒိယသမုဒ္ဒရာရဲ့ ပထမဆုံး စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယသမုဒ္ဒရာဟာ အရွယ်အစား အလွန်ကြီးမားရုံမျှမက ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း ၂၀ ရာခိုင်နှုန်း နီးပါးကို လွှမ်းခြုံထားတာ ဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာရဲ့ ထုထည်ပမာဏဟာ ၂၉၂,၁၃၁,၀၀၀ ကုဗကီလိုမီတာရှိပြီး ပျမ်းမျှအနက် ၃၈၉၀ မီတာရှိပါတယ်။

၂. ဘေးနှစ်ဖက်မှာ တိုက်ကြီးများဖြင့် ဝန်းရံခံထားရခြင်း

အိန္ဒိယသမုဒ္ဒရာဟာ မြောက်ဘက်မှာ အိန္ဒိယတိုက်ငယ် ၊ အနောက်ဘက်မှာ အာဖရိက ၊ Sunda ကျွန်းများနှင့် အရှေ့ဘက်မှာ သြစတြေးလျနိုင်ငံနှင့် တောင်ဘက်မှာ အန္တာတိကတိုက်တို့ဖြင့် ဝန်းရံထားပါတယ်။ အိန္ဒိယသမုဒ္ဒရာနှင့်ပတ်သက်တဲ့ စိတ်ဝင်စားစရာ ပထဝီဝင်အရဆိုရင် ကျွန်းစု ၅၇ ခုရှိတဲ့အပြင် အာဖရိကနိုင်ငံ ၁၆ နိုင်ငံ နှင့် အာရှနိုင်ငံ ၁၈ နိုင်ငံတို့မှတစ်ဆင့် သမုဒ္ဒရာရဲ့ ကွဲပြားမှုကို သရုပ်ဖော်ထားပါတယ်။

Photo Credit - From Google
Photo Credit - From Google

၃. အမြင့်ဆုံးနေရာက ပင်လယ်ရေမျက်နှာပြင်မှာ ရှိခြင်း

အိန္ဒိယသမုဒ္ဒရာ ရဲ့ အနိမ့်ဆုံးအပိုင်းဟာ Sunda Shelf ရဲ့ Java Trench မှာ 7,258 မီတာခန့် နက်ရှိုင်းပြီး အမြင့်ဆုံးနေရာဟာ ပင်လယ်ရေမျက်နှာပြင်မဗာ ရှိနေပါတယ်။

၄. ကမ္ဘာပေါ်မှာ အပူဆုံး သမုဒ္ဒရာဖြစ်ခြင်း

အိန္ဒိယသမုဒ္ဒရာဟာ ကမ္ဘာပေါ်မှာ အပူဆုံးသမုဒ္ဒရာဖြစ်ပါတယ်။ ရေရဲ့အပူချိန်ဟာ မြင့်မားတာကြောင့် ရေနေသတ္တဝါတွေအတွက် ရှင်သန်နေထိုင်ဖို့အတွက် အကန့်သတ်တာလို့ ပြောလို့ရပါတယ်။ ဥပမာ - ရေမျောနှင့် အခြားမျိုးစိတ်များအတွက် ရှင်သန်ကြီးထွက်ဖို့ နယ်ပယ်အနည်းငယ်ပဲ ရှိတာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

၅. ထူးခြားတဲ့ ဓာတုနှင့် ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများရှိခြင်း

အိန္ဒိယသမုဒ္ဒရာမှာ အခြား သမုဒ္ဒရာတွေထက် ထူးခြားပြီး ဟိုက်ဒရိုကာဗွန်များ အများဆုံးပါဝင် ရောနှောနေသလို ဆားဓာတ်အမြင့်ဆုံး ရေအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။

၆.Tectonic Plate နယ်နိမိတ် အများအပြား ရှိခြင်း

အိန္ဒိယသမုဒ္ဒရာနှင့် ပတ်သက်ပြီး လူသိနည်းတဲ့ ဖြစ်ရပ်မှန်များထဲမှ တစ်ခု ကတော့ အာဖရိက၊ အင်ဒို-သြစတြေးလျ နှင့် အန္တာတိက တိုက်ကြီးများ ပေါင်းစည်းရာ Rodrigues Triple Point အပါအဝင် တိပ်ထုပြား နယ်နိမိတ် အများအပြား ရှိနေပါတယ်။

Photo Credit - From Google
Photo Credit - From Google

၇. မြစ်ရေ ၆၀၀၀ ကီလိုမီတာခန့်ရရှိခြင်း

အိန္ဒိယသမုဒ္ဒရာဟာ အကြီးဆုံးမြစ်နှစ်စင်းဖြစ်တဲ့ ဂင်္ဂါမြစ်နှင့် ဗြဟ္မပုတ္တရမြစ်များ အပါအဝင် အရပ်ဒေသအသီးသီးမှ စီးဆင်းလာတဲ့ မြစ်ရေ ကီလိုမီတာ ၆၀၀၀ ခန့်ကို လက်ခံတယ်။ ပြီးတော့ အီကွေတာနှင့် အလွန် နီးကပ်မှုကြောင့် ရေငွေ့ပျံနှုန်းက သိသိသာသာ မြင့်မားနေပါတယ်။

၈. ကမ္ဘာ့အရေးအကြီးဆုံးဆိပ်ကမ်းများရှိခြင်း

အိန္ဒိယသမုဒ္ဒရာမှာ မတူညီတဲ့ တိုက်ကြီးများရဲ့ ဆိပ်ကမ်းများရှိပါတယ်။ ။ Chennai၊ Mumbai နှင့် Kolkata တို့ဟာ အိန္ဒိယဆိပ်ကမ်းများဖြစ်ပြီး တောင်အာဖရိကရှိ ကိုလံဘို၊ Durban နှင့် Richards Bay၊ Indonesia ရှိ Jakarta နှင့် Australia မှ Melbourne ဆိပ်ကမ်းများ ရှိနေပါတယ်။

အဆိုပါ ဆိပ်ကမ်းများဟာ နိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းရှိ အရေးကြီးတဲ့ ကုန်သွယ်မှုအချက်များဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

၉. မြုပ်နေတဲ့တိုက်ကြီးတစ်ခုရှိခြင်း

အိန္ဒိယသမုဒ္ဒရာထဲက စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့ မီးတောင်မြစ်ဖျားခံလို့ ယူဆရတဲ့တိုက်ကြီးတစ်ခုကို ဒီသမုဒ္ဒရာထဲမှာ နစ်မြုပ်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် အိန္ဒိယသမုဒ္ဒရာဟာ အခြား သမုဒ္ဒရာတွေထက် တကယ့်ကို ထူးခြားပြီး လျှို့ဝှက်ဆန်းကျယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ သမုဒ္ဒရာတစ်စင်းပဲ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - sciencefocus

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T