နွယ်ရှင်နဲ့ မှားတတ်ကြတဲ့ ကပ်ပါးကောင် ''Nematomorpha''

//s9.kh1.co/71/7161ae72c00e73b05d0c87ad23f10829ae234205.jpg
ဗဟုသုတအဖြာဖြာ

 ၁၄-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

နွယ်ရှင်နဲ့ မှားတတ်ကြတဲ့ ကပ်ပါးကောင် ''Nematomorpha''

နွယ်ရှင်လို့ ပြောနေကြတဲ့ “ Nematomorpha' ကောင်လေးတွေကို သင်မြင်ဖူးကြမှာပါ။ တကယ်တော့ “Nematomorpha” တွေက နွယ်ရှင်မဟုတ်ဘဲ ကပ်ပါးဆိုင်ကလုန်းနယူရယ် တစ်မျိုးပါ။ တခါတရံ Gordiacea လို့လည်း လူသိများပါတယ်။  သူတို့က အများအားဖြင့် ၅၀ မှ ၁၀၀ စင်တီမီတာ ( လက်မ ၂၀ မှ ၃၉ လက်မ) အထိရှည်လျားကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

အဆိုပါ ကပ်ပါးကောင်လေးတွေက ရေရှိကျင်းများ၊ ချောင်းများ၊ ဗွက်အိုင်များနှင့် ရေကန်များကဲ့သို့ စိုစွတ်နေရာများမှာ တွေ့ရှိနိုင်ပါတယ်။ သူ့တို့ကို သေချာကြည့်မယ်ဆိုရင် ထိပ်ပိုင်းမှာ အမဲရောင်သမ်းနေတဲ့ ဦးခေါင်လေးကို မြင်ရမှာဖြစ်ပါတယ်။ ပညာရှင်များကရဲ့ လေ့လာချက်မှာ ကမ္ဘာ့တစ်ဝှမ်းမှာ ''Nematomorpha'' မျိုးစိတ်ပေါင်း ၃၂၆ မျိုးခန့် တွေ့ရှိထားပေမယ့်  မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားခဲ့ဖူးပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒီ Nematomorpha ဆိုတဲ့ ကောင်တွေ ဘယ်လို ရှင်သန် ပေါက်ဖွား လဲဆိုရင်  ဥသန္ဓေ ပိုးလောင်းအဆင့်မှာရှိနေသေးတဲ့ ပိုးဟပ် ၊ ပုရစ်၊ နှံကောင် ၊ဓားခုတ်ကောင်ကို  သူတို့ရဲ့ ချွန်ထက်တဲ့ ဦးခေါင်းကို အသုံးပြုပြီး ဝင်ရောက်နေထိုင်ကြပါတယ်၊။ ပြီးတော့ သူတို့နေထိုင်တဲ့အိမ်အတွင်းမှာ တစ်ရက် (သို့မဟုတ်) နှစ်ရက်ကြာမှာ  အရွယ်ရောက်ပြီးတဲ့  ကောင်လေးတွေက ရေထဲမှာ  မိတ်လိုက်ကြပြီးနောက် သြဂုတ်လလယ် နှင့် အောက်တိုဘာလလယ်ခန့်လောက်မှာ  သူတို့ ဥများကို ရေထဲမှာ ဥကြတာ ဖြသ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဥတွေက သားလောင်းပေါက်ဖို့ တစ်လခန့်ကြာမြင့်ပါတယ်။ အကောင်ပေါက်ပြီးတဲ့ အခါမှာလည်း စိုစွတ်တဲ့ နေရာတွေမှာ နေထိုင်ကြပြီး ခရုများနှင့် ပက်ကျိများတို့ရဲ့  အစာအိမ်ထဲကို တစ်နည်းနည်းဖြင့် ဝင်ရောက်လာကြတာ ဖြစ်ပါတယ်။ အဲဒီ့ထဲမှာ သူတို့က အဆီအိတ်တွေ ဆောက်ပြီး ကြီးထွားလာကြပါတယ်။ အတွင်းထဲမှာ ပေါက်ဖွားတဲ့ ကောင်လေးတွေကိုတော့ ယာယီအိမ်ရှင်လို့ ခေါ်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

ကပ်ပါးကောင်ဟာ ယာယီအိမ်ရှင်ရဲ့  ခန္ဓာကိုယ်  ဦးနှောက်က ဓာတုဟော်မုန်းပစ္စည်းတွေကိုမြှင့်တင်ပေးခြင်းဖြင့် ထိန်းချုပ်ဖို့ ရေရှိတဲ့နေရာကို သွားကြပါတယ်။ ကိုယ်ပိုင်ထိန်းချုပ်မှုမဲ့သွားတဲ့ ယာယီအိမ်ရှင်တွေဟာ ရေရှိရာကို သွားရပြီး ရေထဲရောက်ချိန်မှာတော့ ကပ်ပါးကောင်ဟာ ထိုးထွက်လာပါတော့တယ်။

Photo Credit – From Google
Photo Credit – From Google

အဲ့ဒီတော့မှ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ ကပ်ပါးကောင်ဖြစ်လာတာပါ။ ဒါပေမယ့် ယာယီအိမ်ရှင်က သူ့အလိုလိုပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီကပ်ပါးကောင်လေးတွေကို ယနေ့အချိန်ထိ အများသောအားဖြင့် နွယ်ရှင်လေးတွေလို့ တချို့ ထင်နေကြတာ တွေ့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - kids.kiddle

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T