အခုခေတ် လူငယ်တွေက Relationship တစ်ခုကို မတည်ဆောက်ခင်မှာ Dating တွေ အကြိမ်ကြိမ်လုပ်ပြီး နှစ်ယောက်သား ပိုမိုနီးစပ်အောင်လုပ်ဆောင်ကြပါတယ်။ မိမိနဲ့လိုက်ဖက်တဲ့ လက်တွဲဖော်ဖြစ်ဖို့အတွက် ကိုယ့်စိတ်နဲ့ ကိုယ့်ပုံစံကို အမှန်အတိုင်း ပြဖို့လည်း လိုပါတယ် ။ Dating ရဲ့ အရေးကြီးဆုံး ကတော့ First Date ပါပဲ ။ ဒီပထမဆုံး အကြိမ်ဟာ အကောင်းဆုံး ဆုံးဖြတ်သွားမှာ ဖြစ်တာမို့ ဘယ်လိုအရာလေးတွေ သိထားရမလဲဆိုတာကို ပြောပြပေးပါမယ်။

နေရာ
Romantic ဆန်ပြီး တိတ်ဆိတ်တဲ့နေရာလေး ဖြစ်ဖို့တော့ လိုပါတယ်။ အစားအသောက် ရွေးချယ်စရာ များပြီး နှစ်ယောက်စလုံးအတွက် အမှတ်တရ ဖြစ်စေမယ့် နေရာကို ရွေးချယ်သင့်တယ်။

အဝတ်အစား
သပ်သပ်ရပ်ရပ်နဲ့ မြင်လိုက်တာနဲ့ ကြွေသွားစေမယ့် အဝတ်အစားမျိုးလေးတွေကို ရွေးဝတ်သွားဖို့လည်း အရေးကြီးပါတယ်။

အစားအသောက်
အစားအသောက်ရွေးချယ်တဲ့အခါမှာလည်း ဂဏန်းလိုမျိုး သေချာ နွှာပြီး စားရတာတွေ၊ အရမ်းပူတဲ့ အစားအစာတွေလည်း မမှာမိစေပါနဲ့။ ချွေးတွေထွက်ပြီး အလှတွေပျက်ကုန်မှာဆိုးလို့ပါ။

ဖုန်းမသုံးပါနဲ့။
ဒါဟာ တကယ်ကို အရေးကြီးပါတယ် ။ Date လုပ်တယ်ဆိုတာ သူနဲ့ တွေ့ဆုံရင်း နီးစပ်အောင်လုပ်တာဖြစ်တဲ့အတွက် လူမှုကွန်ရက် ဟာ ကိုယ်တို့နှစ်ယောက်ကြား ဝေးသွားစေမယ့်အရာဆိုတာ သတိရပေးပါစေနော်။
Photo Credit : Google