ကျနော်တိုတစ်တွေဟာနေ့စဉ် ပျှမ်းမျှရေလေးလီတာလောက် သောက်သုံးနေကြပြီး ရေချိုးတာ၊ လက်ဆေးတာအဆုံး ရေနဲ့ထိတွေ့နေကြပါတယ်။ ဒါပေမယ့် ကျနော်တိုနေ့စဥ်ထိတွေ့နေရတဲ့ ရေရဲ့ထူးခြားချက်ကိုတော့သိပ်ပြီး သိကြပုံမရပါဘူး။
လေ့လာတွေ့ရှိချက်အချိုအရ ရေတွေမှာမှတ်ညဏ်ရှိကြပါတယ်။ ဒါကို Water Memory လိုခေါ်ကြပြီး Homeopathic လိုခေါ်တဲ့ကုထုံးနည်းတွေကနေစပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ယနေ့မှာတော့ဒါကို ယနေ့သိပ္ပံပညာအသိုင်းအဝိုင်းမှာ Physical Chemistry လိုလက်ခံထားကြပါတယ်။ အဆိုပါအယူအဆကို ၁၉၈၈ ခုနှစ်မှာ Jacques Benveniste ကစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဂျာမန်သိပ္ပံပညာရှင်တွေကတော့ယုံကြည်ကြပြီး ဓာတ်ခွဲခန်းထဲမှာ ရေစက်တွေကိုချဲ့ကြည့်တဲ့အခါ တစ်ခုချင်းစီမှာ microscopic တည်ဆောက်ပုံတွေကိုတွေ့ရတယ်လို ဖော်ပြခဲ့ပါတယ်။

နောက်ပြီးအဲ့ဒီဂျာမန်သိပ္ပံပညာရှင်တွေပြောတာက ရေဟာသူစီးဆင်းတဲ့လမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့သတင်းအချက်အလက်တွေကို စုစည်းသိမ်းဆည်းထားတတ်ပြီး အဲ့ဒီရေကိုသောက်လိုက်တဲ့ လူအချင်းချင်းဆက်သွယ်ပေးနိုင်တယ် လိုယုံကြည်ကြပါတယ်။

အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းအပါအဝင်နိုင်ငံတွေမှာ ရေကိုဘာသာရေးအရအရေးကြီးတဲ့ အရာတစ်ခုအဖြစ်သုံးကြပါတယ်။ မြန်မာမှာဆို ပဌာန်း၊ ပရိတ်စတဲ့ ဗုဒ္ဓဘာသာအယူအဝါဒအရ အန္တရာယ်ကင်းစေတဲ့ဂါထာတွေ ရွတ်ဖတ်တဲ့အခါ ရေတွေကိုရှေ့မှာချပြီးရွတ်တတ်ကြပါတယ်။

ဒါပေမယ့် ရေမှာမှတ်ညဏ် ရှိ၊မရှိဆိုတာကတော့ အခုအချိန်ထိ အငြင်းပွားစရာကိစ္စဖြစ်နေပြီး တိကျတဲ့သိပ္ပံဆိုင်ရာသက်သေတွေမရှိသေးပါဘူး။ ဒါ့ကြောင့်ပဲဒါကို ယုံကြည်တဲ့သူတွေရော မယုံကြည်တဲ့သူတွေရော အများကြီးရှိနေဆဲဖြစ်ပါတယ်။