ခဲတံနဲ့ခဲဖျက်ဆိုတာဟာ တစ်ချိန်တည်းမှာ တူတူပေါ်လာတာမျိုးမဟုတ်ပါဘူး။ ပြီးတော့ နှစ်ခုစလုံးကလည်း ယနေ့ထိ လူတိုင်းနီးပါး သုံးနေကြတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ ဆိုတော့ ခဲတံပေါ်ချိန်တုန်းက ခဲဖျက်မရှိတော့ မှားတဲ့အခါကျရင် ဘာနဲ့ဖျက်ကြမလဲ။ ၁၇၇၀ ခုနှစ်မတိုင်ခင်ထိ လူတွေဟာ ခဲဖျက်ကို မတွေ့ရှိသေးတာကြောင့် ပေါင်မုန့်နဲ့ပဲ ဖျက်ခဲ့ကြပါတယ်တဲ့။


၁၇၇၀ ခုနှစ် တစ်ချိန်မှာ Edward Nairne ဆိုတဲ့လူဟာ ခဲတံနဲ့ စာရေးမှားသွားလို့ မတော်တဆ ပေါင်မုန့်အစား ရော်ဘာကို အသုံးပြုပြီး ဖျက်ခဲ့မိပါတယ်။ ဒါကြောင့်သူဟာ သူရဲ့ တွေ့ရှိမှုအတွက် ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။ သူ့ရဲ့တွေ့ရှိမှုက တကယ်ကို ကံကောင်းပြီး တွေ့ရှိခဲ့တာပါ။ ဆိုတော့ ခဲဖျက်မရှိရင် ပေါင်မုန့်နဲ့ဖျက်ကြပေါ့နော်။

တကယ်တော့ Nairne ဟာ ရော်ဘာကို ခဲဖျက်အဖြစ်အသုံးပြုခြင်းကို ပထမဆုံးတွေ့ရှိသူမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခြားသူများက သူ့ကိုပဲ အသိအမှတ်ပြု အရေးစိုက်ခဲ့ကြပါတယ်။ 1770 ခုနှစ်တုန်းက ဓာတုဗေဒပညာရှင် Joseph Priestley ဟာ ရော်ဘာကို ခဲဖျက်အဖြစ်အသုံးပြုဖို့အတွက် အရင်ကတည်းက ပြုလုပ်နေခဲ့သူဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Snopes