တိုက်တန်းနစ် သင်္ဘောပျက်ကို ရှာတွေ့ပြီးနောက် အနှစ် ၄၀ နီးပါးအကြားမှာ အသစ်ထွက်ရှိလာတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/26/264b9a91e8551a084814af8ba986fbfa4c91c510.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-စက်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

တိုက်တန်းနစ် သင်္ဘောပျက်ကို ရှာတွေ့ပြီးနောက် အနှစ် ၄၀ နီးပါးအကြားမှာ အသစ်ထွက်ရှိလာတဲ့ ဗီဒီယိုဖိုင်

တိုက်တန်းနစ် သင်္ဘောပျက်ကို ရှာဖွေတွေ့ရှိပြီးနောက် အနှစ် ၄၀ နီးပါးအကြားမှာ အသစ်ထွက်ရှိလာတဲ့ ဗီဒီယိုဖိုင်က လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်က နစ်မြုပ်ခဲ့တဲ့ သင်္ဘောရဲ့ အသေးစိတ်အချက်အလက်တွေကို ပြန်လည်မြင်သာမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/02/0218d0a2c65d9d198e0660b4ee65864b075aec60.webp

သမုဒ္ဒရာရှာဖွေရေးကုမ္ပဏီ OceanGate Expeditions က ယခုသီတင်းပတ်မှာ တိုက်တန်းနစ် သင်္ဘောပျက်ရှိရာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအောက်ခြေကို နောက်ဆုံးသွားရောက်လေ့လာခဲ့တဲ့ 8K ဗီဒီယိုကို YouTube မှာ ဖော်ပြခဲ့ပါတယ်။အဲ့ဒီ ဗီဒီယိုဖိုင်မှာ သုတေသီတွေရဲ့ ရိုက်ကူးဖော်ပြချက်အရ ဆိုရင် တိုက်တန်းနစ် သင်္ဘောပျက်ကြီးဟာ သမုဒ္ဒရာအောက်ခြေမှာ နစ်နဲ့ချီပြီးရှိနေခဲ့ပေမယ့် မူလအတိုင်းရှိနေသေးတယ်လို့ ပြောကြားထားပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/b6/b68150c2db55acbd3d04adea702551e39d06d17e.jpg

ဒါ့အပြင် "ဗီဒီယိုထဲမှာ အစောပိုင်းက သင်္ဘောပျက်ရဲ့ ကုန်းပတ်ပေါ်မှာ ရှိနေတဲ့ ၁၅ တန် အလေးချိန်ရှိတဲ့ ကရိန်းအပြင် ပြိုကျသွားတဲ့ ပင်မရွက်တိုင်နဲ့ နဂိုက တွဲထားတဲ့ ချည်နှောင်ထားတဲ့ ကြိုးကို တွေ့နိုင်ပါတယ်" ဆိုပါတယ်။ပြီးတော့ တိုက်တန်းနစ်သင်္ဘော နှစ်ခြမ်းကွဲသွားချိန်မှာ သမုဒ္ဒရာကြမ်းပြင်သို့ ပြုတ်ကျခဲ့သည့် တစ်ခုတည်းသော ဘွိုင်လာများထဲမှ တစ်ခုကို သူတွေ့မြင်ခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/01/015f9643e844565843001b04fbca87296f09e79b.jpg

ဒီအဖွဲ့အစည်းက တိုက်တန်းနစ်သင်္ဘော အပျက်အစီးတွေကို ဆယ်စုနှစ်နဲ့ချီ လေ့လာနေတဲ့ တစ်ခုတည်းသော အဖွဲ့တစ်ခုလည်း ပါတယ်။

https://s9.kh1.co/__image/w=650,h=369,q=100/da/da4c27720a118f53bdfa8bc87d2ed0c0d9d4263e.webp

တိုက်တန်းနစ်သင်္ဘောဟာ ယူကေ ဆောက်သမ်တန်မှ ထွက်ခွာပြီးနောက် နယူးယောက်မြို့သို့ ဦးတည်သွားခဲ့ရာမှာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက် နေ့မှာ ရေခဲတောင်ကို ဝင်တိုက်မိပြီး နစ်မြုပ်ခဲ့ရာကနေ လူပေါင်း ၁၅၀၀ နီးပါး သေးဆုံးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/08/0847b10237869df9b647eb95273ddcb01c6c6ef7.webp

တိုက်တန်းနစ်သင်္ဘော ပျက်ကြီးကိုတော့ ၁၉၈၅ ခုနှစ်မျာ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအောက် ၁၂,၄၁၅ ‌ပေအနက်မှာ ပထမဆုံး ‌ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/d0/d0fc0507821026b6964e46cf46a1ccbec21416f9.jpg

တိုက်တန်းနစ်သင်္ဘော နစ်မြုပ်ခဲ့စဉ်က ကမ္ဘာ့တစ်ဝှမ်းကို တုန်လှုပ်သွားစေခဲ့ပြီး ယနေ့အချိန်ထိ မမေ့နိုင်စရာ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T