ပျော့ပျောင်းပြီး အရောင်အသွေးစုံလင်စွာ လှပနေတဲ့ 'ယုန်ငှက်' များဟာ အမှန်တကယ် နက်ရှိုင်းသည့် ပင်လယ်နက်များမှာ တွေ့ရတဲ့ ပင်လယ်မျှော့များပါတယ်။ သူ့ရဲ့ ပုံစံက ယုန်ငယ်လေးတွေနဲ့ ဆင်တူပါတယ်။

ဂျပန်လိုအခေါ်အဝေါ်အားဖြင့် ဂျရုနာ ပါဗား လို့ခေါ်ကြပြီး ထူးခြားလွန်းတဲ့ ပင်လယ်မျှော့များရဲ့ ပုံစံကို ဂျပန် Twitter-sphere မှ ကမ္ဘာကို ပထမဆုံး ပြသခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီပင်လယ်မျှော့တွေရဲ့ ဦးခေါင်းတွေမှာ ယုန်နားရွက်လေးတွေလို ထင်ရပေမယ့် တကယ်တမ်းမှာ သူတို့ရဲ့ အစာနဲ့ မိတ်ဖက်တွေကို ရှာဖွေတွေ့ရှိဖို့ အသုံးပြုတဲ့ အာရုံခံကြံ့တွေပါပဲ။

ကျွန်တော်လည်း ပင်လယ် မျှော့များစွာကို တွေ့ဖူးပေမယ့် ဒီလို ယုန်ငယ်တစ်ကောင်နဲ့ဆင်တူတဲ့ ချစ်စရာ မျှော့ကိုတော့ အခုမှပဲ ဖူးခဲ့တာပါ။ ဒီမျိုးစိတ်ကလည်း တော်ယုံနဲ့ တွေ့ရဖို့ ခဲရင်းပါတယ်။ နေရာတိုင်းမှာလည်း မရှိပါဘူး။

သဘာဝအတိုင်း ပင်လယ်မျှော့တစ်ကောင်ကို ချစ်ဖို့ကောင်းတယ်လို့ ဘယ်သူကမှ မသတ်မှတ်ထားပေမယ့် ဒီမှာတော့ တကယ်ကို ချစ်စရာကောင်းတဲ့ ပင်လယ်မျှော့ ကျွန်တော်လည်း သဘောကျမိပါတယ်။ သင်လည်း ဂျရုနာ ပါဗား ပင်လယ်မျှော့လေးကို သဘောကျမယ်လို့ ထင်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - Kingdoms