ဆုတောင်းပြည့်တယ်လို့ နာမည်ကြီးနေတဲ့ ထိုင်းနိုင်ငံမှ ဖိစောင်နတ်အကြောင်း

//s9.kh1.co/bc/bc12ee0d7eb865df85e3b4e6bdb410dced43895a.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဆုတောင်းပြည့်တယ်လို့ ထိုင်းနိုင်ငံမှာ နာမည်ကြီးနေတဲ့ ဖိစောင်နတ်အကြောင်း

အခုတလောထိုင်းနိုင်ငံမှာ ဖိစောင်နတ်အကြောင်းဟာ နာမည်ကြီးနေပါတယ်။ ဖိစောင်နတ်ရှိတဲ့ ခြံရဲ့ ပိုင်ရှင်က ဖိအေဆိုသူ အမျိုးသားဖြစ်ပြီး သူ့ရဲ့ ခြံထဲကအပင်ကို ခုတ်ဖို့လုပ်ရင်း ဖိစောင် ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=450,h=600,q=100/d8/d8bee40ae18a293cfec268225231731b36f58fc3.jpg

ဖိစောင်နတ်ကို ဖိစောင် (အစ်မတော်) သို့ ဖိစောင်ခွန်စွေ (အစ်မလှလှလေး) လို့လည်း ခေါ်တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/74/746c78042bd743cdffdd83eb87ace57de9fd1dd0.jpg

ဖိစောင်နတ်ရဲ့ ထူးခြားချက်က ဓာတ်ပုံကြည့်ပြီး ဆုတောင်ရုံနဲ့ကို ဆုတောင်း ပြည့်တယ်လို့ သိရပါတယ်။ ဖိစောင်ဆီမှာ လူအများစု တောင်းတဲ့ ဆုက ထီဆု လို့ သိရပါတယ်။

https://s9.kh1.co/__image/w=279,h=600,q=100/57/573bb37108c3be61650e8f920008310aeff46f77.jpg

ဖိစောင်ရဲ့ မျက်နှာပုံစံက အသက်သိပ်မကြီးသေးဘဲ အဖြူရောင်ကို ကြိုက်နှစ်သတ်တယ်လို့ သိရပါတယ်။ ဆုတောင်းပြည့်ပြီး ထူးခြားတာကြောင့် ခဏဆိုသလိုမှာပဲ ဖိစောင်ရဲ့ သတင်းက ထိုင်းနိုင်ငံမှာ လူစိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/e8/e88a3176bd9163631c13ccc970da70da989bd775.jpg

နိုင်ငံခြားသား ဧည့်သည်တွေက ဖိစောင်ဆီကို ကိုယ်တိုင်ကိုယ်ကျသော်လည်း တစ်ဆင့်ခံသော်လည်းကောင်း လိုချင်တဲ့ဆုတွေတောင်း ကြပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/e8/e88a3176bd9163631c13ccc970da70da989bd775.jpg

ဖိစောင်ဆီကို ရောက်လာတဲ့ နိုင်ငံခြားသား အမျိုးသမီးတစ်ယောက်ကလည်း ဖိစောင်ရဲ့ မျက်နှာ ပုံသဏ္ဍာန်ကို ခန့်မှန်းပြီး ပန်းချီ တစ်ချပ်ဆွဲခဲ့တယ်လို့ သိရပါတယ်။ပန်းချီပုံထဲမှာတွေ့ရတဲ့ ဖိစောင်ရဲ့ ပုံစံက အပြင်မှာ ကိုယ်ထင်ပြဖူးတုန်းက မြင်ရတဲ့ ဖိစောင်ရဲ့ မျက်နှာနဲ့ ၉၀ ရာခိုင်နှုန်းလောက် တူတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=855,q=100/44/449d394c89e2c1118958d99018a841a280be02ee.jpg

တချို့ကလည်း ရိုးရိုးသာမန် သစ်ပင် အမြစ်ကြီးဆိုပြီး မယုံကြည်သူတွေလည်း ရှိပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T