လူသားများအတွက် ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ ငိုခြင်းဟာ စိတ်ခံစားမှုအမျိုးမျိုးအတွက် သဘာဝအလျောက် တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ငိုတာက သင့်ကျန်းမာရေးအတွက် ကောင်းသလားဆိုရင်တော့ အဖြေကတော့ ကောင်းပုံပေါ်ပါတယ်။ ငိုခြင်းရဲ့ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများကို ရှေးခေတ်ကတည်းက သိထားကြပါတယ်။ ရှေးဂရိနှင့် ရောမမြို့မှ တွေးခေါ်သူများနှင့် သမားတော်များက မျက်ရည်များဟာ မိမိတို့ကို သန့်စင်ပေးတယ်လို့ ယူဆခဲ့ကြပါတယ်။ ယနေ့ခေတ် စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်ဟာ ဖိအားများနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုများကို လွတ်မြောက်စေတဲ့ ယန္တရားတစ်ခုအဖြစ် ငိုခြင်းရဲ့ အခန်းကဏ္ဍကို အလေးပေးဖော်ပြပြီး အများစုမှာ တူညီပါတယ်။


အထဲက ခံစားချက်တွေကို ထိန်းထားလို့ ငိုတာဟာ အရေးကြီးတဲ့ ရှင်းလင်းရေးတစ်ခုပါပဲ။ ဒီလိုမငိုဘဲတာနေလိုက်ရင် စိတ်ပညာရှင်တွေပြောသလို ဒီခံစားချက်တွေဟာ လူတွေကို ဖိနှပ်ချုပ်ချယ်ကိုင်တွယ်တော့မှာဖြစ်ပါတယ်။ မိမိတို့ကျန်းမာရေးအတွက် ဒါဟာဆိုးရွားလွန်ပါတယ်။ လေ့လာမှုများအရ ဖိနှိပ်မှုကို ခံနိုင်ရည်မရှိတဲ့အခါ ကိုယ်ခံအားစနစ်၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် သွေးတိုးရောဂါတို့အပြင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းအပါအဝင် စိတ်ကျန်းမာရေးအခြေအနေများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ငိုခြင်းက တွယ်တာမှု အမူအရာ၊ ရင်းနှီးမှုကို အားပေးမှု၊ စာနာမှုနှင့် သူငယ်ချင်းများနှင့် မိသားစုထံမှ ပံ့ပိုးကူညီမှုတို့ကို တိုးပွားစေကြောင်းလည်း ပြသထားပါတယ်။

မကြာခဏ ငိုကြွေးခြင်း၊ အကြောင်းပြချက်မရှိဘဲ ငိုကြွေးခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေခြင်း ဒါမှမဟုတ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အခါ ငိုကြွေးခြင်းတွေဟာ ပြဿနာတစ်ခုရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်တဲ့ အချိန်များရှိပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် စိတ်ဓာတ်ကျခြင်းမျိုး ခံစားနေရသူများဟာ သူတို့ ခံစားရတဲ့အတိုင်း အမှန်တကယ် မငိုနိုင်တတ်ကြပါဘူး။ ဒီလိုမျိုးဖြစ်ပေါ်လာတဲ့အခါ ဖြစ်ပေါ်နေတဲ့ ပြဿနာကိုရှာဖွေခြင်း ဒါမှမဟုတ် သင့်လျော်တဲ့ ကုသမှုကို အကြံပြုပေးနိုင်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်နှင့် ပြသခြင်းဟာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဆိုတော့ ငိုခြင်းက သင့်ကိုပိုပျော်ရွှင်နိုင်ပေမယ့်လည်း အလွန်အကျွံငိုကြွေးခြင်းကျပြန်တော့လည်း မကောင်းပါဘူး။

သတင်း အရင်းအမြစ်៖ Hervard Health Publishing





