ကြက်တူရွေးအကြောင်း သိထားသင့်တဲ့ စိတ်ဝင်စားစရာ အချက် (၅) ချက်

//s9.kh1.co/06/067f21786879c6eb61ece9f79694856b84dba91d.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

ကြက်တူရွေးအကြောင်း သိထားသင့်တဲ့ စိတ်ဝင်စားစရာ အချက် (၅) ချက်

ကြက်တူရွေးငှက်လေးတွေဟာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး အိမ်မွေးတိရစ္ဆာန်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့  ကြက်တူရွေးများဟာ ကိုယ်ရည်ကိုသွေးလှပခြင်း ၊  ဉာဏ်ရည်ထက်မြက်မှု နှင့် ထူးထူးခြားခြား ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တာကြောင့်ပါ။

Photo Credit – From  Google
Photo Credit – From Google

ကမ္ဘာ့တစ်ဝှမ်းမှာ ကြက်တူရွေးမျိုးစိတ်ပေါင်း ၄၀၀ နီးပါးရှိပေမယ့် အရောင်၊ အလေးချိန်နှင့် ချစ်စရာ အလေ့အထလေးတွေကတော့ ကွဲပြားကြပါတယ်။ စိတ်မကောင်းစရာကတော့ ၄၀၀ နီးပါးရှိတဲ့အနက် အများစုမှာ မျိုးတုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။အခုမှာတော့ ကြက်တူရွေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက် (၅) ချက်ကို သင့်ကို ဖော်ပြပေးသွားမှာပါ။

(၁) ကြက်တူရွေးတွေက ထက်မြက်ခြင်း 

Photo Credit – From  Google
Photo Credit – From Google

ကြက်တူရွေးဆိုတာ ဉာဏ်အမြော်အမြင်အရှိဆုံးငှက်တွေထဲက တစ်ကောင်ဆိုတာ ကျွန်တော်တို့ သိထားကြပါတယ်။ အရာတစ်ခုကို  ကောင်းကောင်းသင်ယူကြပြီး မြန်မြန်ဆန်ဆန် တတ်မြောက်ကြပါတယ်။ လူသားတွေပြောတဲ့ စကားတွေကို လိုက်ပြောနိုင်တဲ့အပြင် ကိရိယာများကိုလည်း အသုံးပြုပြီး ပြဿနာများကို ဖြေရှင်းနိုင်ကြပါတယ်။ ဥပမာ - အမှိုက်ပုံးထဲကို အမှိုက်ထည့်ခြင်း၊ အရာဝထ္ထူပစ္စည်းလေးတွေကို တစ်နေရာနှင့် တစ်နေရာ သယ်တာကို လုပ်နိုင်ကြပါတယ်။ သိပ္ပံပညာရှင်အချို့က ကြက်တူရွေးတစ်ကောင်ရဲ့ IQ ဟာ လေးနှစ်သားနှင့် ညီမျှတဲ့ IQ ရှိတယ်လို့ စောဒကတက်ကြခဲ့ပါတယ်။

(၂) ကြက်တူရွေးများဟာ အသံများကို တုပနိုင်ခြင်း

Photo Credit – From  Google
Photo Credit – From Google

ကြက်တူရွေးများ အလွန်ရေပန်းစားလာရတဲ့ အကြောင်းအရင်းတစ်ခုကတော့ အသံများကို ကောင်စွာ သင်ယူနိုင်စွမ်းရှိခြင်းနှင့် တုပခြင်း စွမ်းရည်ရှိတာကြောင့်ပါ။ အခြားတိရစ္ဆာန်များရဲ့ အသံများကို သင်ယူ/တုပနိုင်ရုံသာမက လူ့စကားပြောခြင်းအပါအဝင် မတူညီတဲ့ ပတ်ဝန်းကျင်အသံများကိုလည်း တုပနိုင်ကြပါတယ်။ အာဖရိက မီးခိုးရောင် ကြက်တူရွေးများနှင့် အမေဇုန် ကြက်တူရွေးများက အသံများကို အတုယူရာမှာ အတော်ဆုံးဖြစ်ကြပါတယ်။ တကယ်တော့ အာဖရိက မီးခိုးရောင် ကြက်တူရွေးတစ်ကောင်က စကားလုံး ၁၀၀ ကျော် ပြောနိုင်တယ်။

(၃) ကြက်တူရွေးအားလုံး မပျံသန်းနိုင်ခြင်း

Photo Credit – From  Google
Photo Credit – From Google

ကမ္ဘာ့အကြီးဆုံး ကြက်တူရွေးမျိုးစိတ်ဖြစ်တဲ့ kakapo က ကောင်းကင်မှာ မပျံသန်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လေးလံတဲ့ ခန္ဓာကိုယ်ကြောင့် ကောင်းကောင်းမပျံသန်းနိုင်ကြတာပါ။ သူတို့ဟာ အလျား နှစ်ပေအထိ ကြီးထွားနိုင်သလို အလေးချိန် ကိုးပေါင်အထိ ရှိကြပါတယ်။ ယနေ့မှာတော့ kakapo ကြက်တူရွေးမျိုးစိတ်က ကမ္ဘာပေါ်မှာ  အရှားပါးဆုံးငှက်များထဲမှ တစ်ကောင်ဖြစ်လာခဲ့ပါတယ်။

(၄) ကြက်တူရွေးတွေက ခြေထောက်နဲ့ စားနိုင်ခြင်း

Photo Credit – From  Google
Photo Credit – From Google

ကြက်တူရွေးများက ခြေထောက်ဖြင့် အစာစားနိုင်တဲ့ တစ်ခုတည်းသော ငှက်များဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်တူးရွေးများမှာ zygodactyl လို့ခေါ်တဲ့ ခြေဖဝါးရှိပြီး ခြေတစ်ချောင်းစီမှာ အပေါ်အောက် မျက်နှာမူထားတဲ့ ခြေချောင်းလေးချောင်းပါရှိတာ ဖြစ်ပါတယ်။ ဒီခြေချောင်းများက အရာဝထ္ထူများကို ကောက်ယူစားသောက်ရာမှာ လူသားများလို လက်ဖြင့် ပါးစပ်ထဲကို လွယ်ကူစွာ ယူဆောင်ပြီး စားနိုင်တာ ဖြစ်ပါတယ်။

(၅) ကြက်တူရွေးတွေက အသက်ရှည်ခြင်း

Photo Credit – From  Google
Photo Credit – From Google

ကြက်တူရွေးရဲ့ သက်တမ်းက မျိုးစိတ်အလိုက် ကွဲပြားပါတယ်။  ဒါပေမယ့် တချို့ကတော့ အသက်ရှည်စွာနေထိုင်နိုင်ကြပါတယ်။ အများသောအားဖြင့် ကြက်တူရွေးငယ်များဟာ  ၁၅ နှစ်မှ ၂၀ နှစ်အထိ အသက်ရှည်ကြပေမယ့် အလတ်စား ကြက်တူရွေးများကတော့ နှစ်ပေါင်း ၂၅-၃၀ နှစ်အထိ အသက်ရှင်ကြပြီး ကြက်တူရွေးကြီးများကတော့ နှစ် ၁၀၀ အထိ အသက်ရှင်နိုင်ကြပါတယ်။ ၂၀၁၆ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့  Cookie ကြက်တူရွေးက အသက် ၈၂ နှစ်အထိ အသက်အကြီးဆုံးအဖြစ် စံချိန်တင်ထားခဲ့ပါတယ်။  

သတင်း အရင်းအမြစ် Source - newsbytesapp

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T