တိမ်တိုက်တစ်ခုမှာ အလေးချိန်ဘယ်လောက်ရှိလဲ...?

//s9.kh1.co/f6/f6b9abe554436fd5fd49c71febbc7449e52f1f91.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

တိမ်တိုက်တစ်ခုမှာ အလေးချိန်ဘယ်လောက်ရှိလဲ...?

ပုံမှန်အားဖြင့် အရာဝထ္ထူတွေရဲ့ အလေးချိန်ကို တိုင်းတာကြပေမယ့် လေပေါ်မှာလွင့်ပျံနေတဲ့ cumulus တိမ်တိုက်တွေက မည်မျှအလေးချိန်ရှိနိုင်လဲဆိုတာကိုတော့ မစဉ်စားခဲ့မိပါဘူး။ တိမ်များဟာ တကယ်တော့ ရေခိုးရေငွေ့များဖြင့် ဖွဲ့စည်းထားတာဖြစ်လို့ သူ့မှာ အလေးချိန်ရှိပါတယ်။ ဒါဆိုရင် လေထဲမှာ တိမ်တစ်ခုရဲ့ အလေးချိန်က ဘယ်လောက်ရှိလဲ..? ။ တိမ်တစ်ခုရဲ့ အလေးချိန်ကို သိရဖို့ဆိုရင် သင်္ချာနိရာမတရားကိုအသုံးပြုရမှာပါ။

Photo Credit – From Google
Photo Credit – From Google

လေဖိအားနှင့် ဘာရိုမီတာကို သင်သိပါက လေ ဘယ်လောက် အလေးချိန်ရှိလဲဆိုတာကို သိနိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်ရှိ လေထုအလေးချိန် (ဖိအား)ဟာ တစ်စတုရန်းလက်မလျှင် ၁၄ ½ ပေါင် (စတုရန်းစင်တီမီတာလျှင် ၁ ကီလိုဂရမ်) ခန့်ရှိပါတယ်။ တိမ်များဟာ ရေခိုးရေငွေ့များဖြင့် ဖွဲ့စည်းထားပေမယ့် လေထုထဲမှာ လွင့်ပျံသွားရခြင်းရဲ့ အဓိက သော့ချက်ကတော့ သူ့ရဲ့ထုထည်ဟာ ခြောက်သွေ့တဲ့ လေထု ပမာဏ သိပ်သည်းဆထက် နည်းပါးတာကြောင့် ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဥပမာ - ဆီဟာ သိပ်သည်းမှုနည်းတာကြောင့် ရေပေါ်မှာ ပေါ်နေသလိုပဲ တိမ်းများမှာ စိုစွတ်တဲ့လေဟာ ခြောက်သွေ့တဲ့လေထက် သိပ်သည်းမှုနည်းတာကြောင့် လေပေါ်မှာ လွင့်နေတာဖြစ်ပါတယ်။ ဒါပေမယ့်  ဒီသဘောတရားက ဖြေရှင်းဖို့ ပိုမိုရှုပ်ထွေးတာကြောင့် တိမ်ရဲ့ အလေးချိန်ဟာ သင်သတ်မှတ်တဲ့ ပုံပေါ်မှာ မူတည်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

cumulus တိမ်တိုက်သိပ်သည်းဆကို ခန့်မှန်းခြေတွက်ချက်ကြည့်ရာမှာ ကုဗမီတာလျှင် ၀.၅ ဂရမ်ခန့် ထားမယ်ဆိုရင် ၁ ကုဗကီလိုမီတာ (km3) တိမ်တိုက်တစ်ခုမှာ ရေငွေ့စက်‌ပေါင်း ကုဗမီတာ ၁ ဘီလီယံရှိရင်  (၁,၀၀၀,၀၀၀,၀၀၀ x ၀.၅ = ၅၀၀,၀၀၀,၀၀၀ ဂရမ်) ရရှိပါတယ်။ ဒါကြောင့် တိမ်တစ်ခုမှာ ၅၀၀,၀၀၀ ကီလိုဂရမ် သို့မဟုတ် ပေါင် ၁.၁ သန်း (၅၅၁ တန်ခန့်) ထိ အလေးချိန်ရှိနိုင်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - usgs

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T