ကျန်းမာရေးကိုဆိုးရွားစွာ မထိခိုက်အောင်ဘယ်လို အရက်သောက်မလဲ?

//s9.kh1.co/e4/e42bb60b049dba4af928bfd59f669aed0b7ddab8.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကျန်းမာရေးကိုဆိုးရွားစွာ မထိခိုက်အောင်ဘယ်လို အရက်သောက်မလဲ?

ဒီတခါမှာတော့ ညိုကီတို့အတွက် Safe Drinking အကြောင်း ပြောပြပေးချင်ပါတယ်။ Drinking (alcohol သောက်ခြင်း) ဆိုတာက ဒီနေ့ခေတ်မှာ လူငယ်‌၊ လူကြီး၊ ယောကျာ်း၊ မိန်းမ မရွေး နဲ့မကင်းနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ အလုပ်သဘောအရပဲ သောက်သောက်၊ ကြိုက်လို့ပဲသောက်သောက်၊ မဖြစ်မနေသောက်ရလို့ ပဲသောက်သောက် ကိုစီးတဲ့မြင်း အထီးလား၊အမလား ဆိုသလို ကိုသောက်နေတဲ့ အရည်ရဲ့ အကြောင်းလေးတော့ သိထားသင့်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=402,q=100/6a/6aea580c4003723c143e55cef3ac648682cb7b7c.jpg

တကယ်တော့ alcohol ဆိုတာ သောက်တတ်ရင် ကျနော်တို့ ခန္ဓာကိုယ်အတွက် အများကြီး အကျိုးရှိသလို၊ မသောက်တတ်ရင်လည်း စောစောစီးစီး မုန့်ဟင်းခါးဖြစ် သွားနိုင်ပါတယ်။ အရက် အလွန်အကျွံသောက်ခြင်းဟာ ထိခိုက်ဒဏ်ရာရခြင်း၊ မတော်တဆမှု‌တွေ၊ ဆိုးရွားတဲ့ အရှက်ရစေခြင်းနှင့် ရေရှည်ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အခုပြောမယ့်အချက်တွေနဲ့ ဘေးကင်းစွာ သောက်နိုင်ပါတယ်

https://s9.kh1.co/__image/w=600,h=400,q=100/75/7557d49c5033e65613cc8450bb89dd6c7fdd0c77.jpg

1. Know Your Limit ကျနော်တို့အားလုံးဟာ တခုခုကိုကြိုက်ပြီဆို မဆင်မခြင်နဲ့ စားလေ့သောက်လေ့ရှိပါတယ်။ အရက်မှာတော့ အဲ့လိုလုပ်လို့မရပါဘူး။ ကျန်းမာရေး ပညာရှင်တွေရဲ့ အကြံပြုချက်အရ လူတစ်ယောက်ဟာ တစ်နေ့ကို ၄ ပတ် နဲ့ တပတ်ကို ၁၀ ပတ် ထက်ပိုပြီး မသောက်သင့်ပါဘူး။ နေ့စဉ်ပုံမှန် အလွန်အကျွံသောက်နေမယ် ဆိုရင်တော့ နှလုံးရောဂါ၊ ကင်ဆာ၊ အသည်းရောဂါ၊ စိတ်ရောဂါ နဲ့ ဦးနှောက်ပျက်စီးမှုကဲ့သို့သော နာတာရှည်နာတာရှည်ရောဂါများ ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/35/359994486d2f771d3c7b17a6dba095049a309b04.jpg

2. Eat before and duringအရက်ဟာ အစာအိမ်နဲ့ အူသိမ်မှတဆင့် သွေးကြောထဲ။ဝင်ရောက်တာဖြစ်လို့ စသောက်ချိိန်မှာ ဗိုက်ဟောင်းလောင်း ဖြစ်နေရင် အရက်က သွေးကြောထဲသို့ ပိုမိုလျင်မြန်စွာ ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် စမသောက်ခင် တခုခုအရင်စားထားသင့်ပါတယ်။ ပြီးတော့လည်း သောက်နေစဉ်အတွင်း အမြည်းနဲ့တွဲပြီး သောက်သင့်ပြီး ငန်တဲ့အစားအစာတွေကိုတော့ ရှောင်သင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/60/608e25744d2e5305b123a61e688981030aae20f9.jpeg

3. Slow Your Intake ကျနော်တို့အရက်ဘယ်လောက် သောက်ထားလဲဆိုတာတိုင်းတာနိုင်တဲ့ သွေးတွင်းအယ်လ်ကိုဟော ပမာဏတိုင်းတဲ့ unit (blood alcohol concentration, or BAC) ဆိုတာရှိတယ်ဗျ၊ ပြီးတော့ ကျနော်တို့ရဲ့ခန္ဓာကိုယ်က တစ်နာရီကို alcohol ပမာဏအများဆုံး ၁ ပတ်ပဲ လက်ခံနိုင်ပါတယ်။ ကျနော်တို့မြန်မြန်သောက်လေ BAC များများတက်လေဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မြန်သောက်ရင် မြန်မြန်မူးနိုင်ပါတယ်။

https://s9.kh1.co/__image/w=540,h=540,q=100/c8/c816aef317a28144e6993b5e88e5c4d5759f8e46.jpg

4. Just Say Noအပေါ်ကပြောခဲ့သလိုပဲ ဘယ်လိုအကြောင်းနဲ့မှ တစ်နေ့ကို ၄ ပတ်ထက်ပိုမသောက်သင့်သလို ၄ပတ်လောက်မသောက်ရင်တော့ အကောင်းဆုံးပါ။ ပြီးတော့လည်း ကျနော်တို့တစ်ယောက်ချင်းဆီမှာ ကိုယ့် limit နဲ့ကိုယ်ရှိပါတယ်။ ကိုယ်က limit ကျော်လို့ဆက်မသောက်နိုင်ရင် ငြင်းဖို့ကို လုံးဝအားမ‌နာသင့်ပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/a1/a1a932a7538e3f5985d97c33fd9a25b53da363bb.png

5. Don't Driveမူးရင်မမောင်းနဲ့၊ မောင်းရင်မမူးနဲ့ ဆိုတာကိုအားလုံးသိမှာပါ။ ကိုယ်က နဲနဲလေးသောက်ထားတယ် ဆိုရင်တောင် ကားစတီယာကို လုံးဝ မကိုယ်သင့်ပါဘူး။ Taxi ငှားပြီးအိမ်ပြန်အိပ်တာ အကောင်းဆုံးပါ။

https://s9.kh1.co/__image/w=650,h=450,q=100/89/89b8abf91168b22ddd96c61ba7cca9d37166b458.jpg

6. နောက်ဆုံးတစ်ခုကတော့ အရက်သောက်မယ်ဆို ည 8 နာရီနောက်ပိုင်း မသောက်တာ အကောင်းဆုံးပါ။ ကျနော်တို့ရဲ့ အသည်းဟာ ပုံမှန်အားဖြင့် ည 8 နာရီထိပဲ အလုပ်လုပ်ပါတယ်။ ဒါကြောင့် 8 နာရီနောက်ပိုင်းမှသောက်ရင် အသည်းကိုအလုပ်ပေးသလိုဖြစ်ပြီး ရေရှည်ဆိုရင် ကျန်းမာရေးကို တော်တော်လေး ထိခိုက်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=489,q=100/92/92cf79a18edf522f1159eaa29a1504fcb7eaa451.jpg

အရက်သောက်တာဟာ ကျန်းမာရေးကို ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိနိုင်လို့ မသောက်ရင်တော့ အကောင်းဆုံးပါ။ သောက်မယ်ဆိုရင်လည်း ကိုယ့် limit နဲ့ ကိုယ်ထိန်းပြီးတော့ဘဲသောက်သင့်ပါတယ်။ မသောက်တတ်ရင်တော့ ဈေးကြီးပါတယ်ဆိုတဲ့ dunfife ပဲသောက်သောက် Johnny Walker ပဲသောက်‌သောက် အစောကြီးလစ်နိုင်ပါတယ်ခဗျာ။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T