ကမ္ဘာပေါ်ရှိ သစ်ပင်များက ကောင်းကင်ယံရှိ ကြယ်များထက် ပိုများတယ်ဆိုတာ သင်သိပါသလား....?

//s9.kh1.co/26/26987c96903419df5456e7bafde1c794ba66714f.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-သြ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကမ္ဘာပေါ်ရှိ သစ်ပင်များက ကောင်းကင်ယံရှိ ကြယ်များထက် ပိုများတယ်ဆိုတာ သင်သိပါသလား....?

 

ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ ရှင်သန်ပေါက်ရောက်နေတဲ့ သစ်ပင် နှင့် ကမ္ဘာ့အပြင်ဘက်ရှိ ကြယ်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ဘယ်ဟာက ပိုများတယ်လို့ ထင်မိကြလဲ...? ။ ပညာရှင်တွေရဲ့ ‌လေ့လာချက်အရ Milky Way နဂါးငွေ့တန်းဂလက်ဆီထဲက ကြယ်တွေထက် ကမ္ဘာပေါ်ရှိ သစ်ပင်တွေက ပိုများတယ်လို့ ဆိုထားပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/2c/2c97a05c49c2ea6afa4a1338d780b7ef4bc973f6.jpg

၂၀၁၅ ခုနှစ် စက်တင်ဘာလက Nature မှ ထုတ်ဝေခဲ့တဲ့ “Mapping Tree Density at a Global Scale” ခေါင်းစဉ်ဖြင့် သိပ္ပံပညာဂျာနယ်မှာ ကမ္ဘာပေါ်ရှိ သစ်ပင်အရေအတွက်ဟာ 3.04 ထရီလီယံ ရှိသလို  နဂါးငွေ့တန်းဂလက်ဆီမှ ကြယ်အရေအတွက်ဟာ 100 ဘီလီယံမှ 400 ဘီလီယံကြားမှာ ရှိနိုင်ကြောင်း NASA မှ ခန့်မှန်းခဲ့ပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒါပေမယ့် နဂါးငွေ့တန်းဂလက်ဆီမှ ကြယ်အရေအတွက်ကို ခန့်မှန်းရာမှာ ပုံစံအမျိုးမျိုးရှိပြီး ကြယ်တစ်လုံးရဲ့ ပျမ်းမျှထုထည်အဖြစ် အသုံးပြုသည့်အရာပေါ်မူတည်တယ်လို့ ဆိုပါတယ်။ အသုံးများတဲ့ ခန့်မှန်းချက်က နဂါးငွေ့တန်းဂလက်ဆီမှာ အနိမ့်ဆုံး ကြယ်ပေါင်း 100 ဘီလီယံရှိပြီး အမြင့်ဆုံး ဘီလီယံ 400 ရှိနေပုံရပါတယ်။  ဒါပေမယ့် ဒီထက်မြင့်မားတဲ့ ကိန်းဂဏန်းတွေလည်း ရှိကြပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ယခုခန့်ချက်များဟာ ကမ္ဘာမြေပေါ်ရှိ သစ်ပင်များနှင့် နဂါးငွေ့တန်းရှိ ကြယ်များရဲ့ အရေအတွက်ကို အနီးစပ်ဆုံးဖြစ်အောင်ပဲ ခန့်မှန်းထားကြတာပါ။ အမှန်တော့ ကမ္ဘာတစ်ဝှမ်းရှိ သစ်ပင်အရေအတွက်နှင့် ကောင်းကင်ယံရှိ ကြယ်များကို ခန့်မှန်းရန်မှာ အလွန်ခက်ခဲတဲ့ အရာတစ်ခုလို့ ပြောလို့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

နောက်တစ်ခုက ယနေ့ခေတ် ကမ္ဘာ့တစ်ဝှမ်းရှိ သစ်ပင်အရေအတွက်ဟာ ခုတ်လှဲခြင်း၊ တောမီးလောင်ကျွမ်းခြင်းတို့ကြောင့် သိသိသာသာ လျော့နည်းလာခဲ့တာ တွေ့ရပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ သစ်ပင်အရေအတွက်က ကောင်းကင်ယံရှိ ကြယ်ထက် များတယ်ဆိုတဲ့ အဖြေကို ဘယ်လို့ထင်မိပါသလဲ..?။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ် Source - snopes

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T