ဝံပုလွေ နှင့် မြေခွေး ဘယ်လို ကွာခြားလဲ...?

//s9.kh1.co/eb/eb9bc2077f42139aa86856f43c49771cbc4eb7d5.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၃ နှစ် က

ဝံပုလွေ နှင့် မြေခွေး ဘယ်လို ကွာခြားလဲ...?

ပုံမှန်အားဖြင့် ဝံပုလွေ နှင့် မြေခွေး တို့အကြောင်း ပြောလိုက်တာနဲ့ ကျွန်တော်တို့တွေကြားမှာ အမြဲတမ်း ရှုပ်ထွေးခဲ့ပါတယ်။ ဝံပုလွေနှင့် မြေခွေးနှစ်ကောင်စလုံးဟာ တူကြတယ်လို့ လူအများက မကြာခဏလည်း ကောက်ချက်ချကြပါတယ်။ တကယ်တော့ ဝံပုလွေ နှင့် မြေခွေးက မတူကြပါဘူး။ အရင်ဆုံး အကောင်အရွယ်စားကို နှိုင်ယှဉ်ကြည့်မယ်ဆိုရင် ဝံပုလွေက မြေးခွေးထက်ပိုပြီးကြီးပါတယ်။ ပြီးတော့ ဝံပုလွေတွေဟာ တစ်ချိန်လုံး စည်းစည်းလုံးလုံးနဲ့ အုပ်စုဖွဲ့နေကြတာကို ပိုပြီးနှစ်သက်ကြပေမယ့် မြေခွေးများကတော့ အုပ်စုဖွဲ့နေတာထက် တစ်ကောင်တည်းနေရတာကို ပိုနှစ်သက်ပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ဝံပုလွေ နှင့် မြေခွေး တို့ရဲ့ အဓိက ကွာခြားချက်က ဝံပုလွေများဟာ ကြီးမားတဲ့ ခန္ဓာကိုယ်ရှိပြီး ရှည်လျားတဲ့ နှာခေါင်း၊ သေးငယ်ပြီး ချွန်ထက်တဲ့ နားများရှိပါတယ်။ မြေခွေးများကတော့ ဝံပုလွေများထက် အလေးချိန်နည်းပြီး နှာခေါင်းချွန်ချွန်၊ နားရွက်က ဒေါင်လိုက်နှင့် တြိဂံပုံဖြစ်ပြီး ပါးသိုင်းမွှေးရှည်များနှင့် အမြီးများပါရှိပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

နောက်တစ်ခု ကွာခြားတာက ဝံပုလွေတွေက အမဲလိုက်ရာမှာ သူတို့ရဲ့သားကောင်ကို အလွန်တကျစွာခွဲခြားနိုင်ကြပါတယ်။ နယ်မြေသစ်တစ်ခုကို ရောက်တာနဲ့ လေးစားမှုနှင့် သစ္စာစောင့်သိမှုက ဝံပုလွေများရဲ့ အထင်ရှားဆုံး အင်္ဂါရပ်ဖြစ်ပါတယ်။ ပြီးတော့ ကပ်ပါးပိုးများနှင့် ရောဂါပိုးများကို အလွယ်တကူ ကူးစက်နိုင်ပြီး ခွေးရူးပြန်ရောဂါ ဖြစ်နိုင်ခြေများပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - askanydifference

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T