ကမ္ဘာပေါ်မှာ တိရစ္ဆာန်မျိုးစုံရှိပါတယ်။ တိရစ္ဆာန်တိုင်းမှာလည်း ထူးခြားတဲ့ အစွမ်းတွေရှိကြပါတယ်။ အဲ့ထဲကတစ်ခုတော့ အဆိပ်ရှိတာပါပဲ။ အဆိပ်ဆိုတာဟာ ဖြေဆေးမရှိခင်တုန်းကဆို ထိတ်လန့်စရာတစ်ခုပါပဲ။ ကုန်းပေါ်မှာဆို အဆိပ်အပြင်းဆုံးကို မြွေလို့ သိရှိကြပြီး ရေထဲမှာဆို ဂျယ်လီငါးလို့ သိရှိကြပါတယ်။ အဆိပ်အပြင်းဆုံး ဂျယ်လီငါးကတော့ Irukandji ဆိုတဲ့ ဂျယ်လီငါးပဲဖြစ်ပါတယ်။


သူ့ရဲ့အဆိပ်ဟာ မြွေဟောက်ထက်တောင် ပိုကြောက်စရာကောင်းပါတတ်တယ်။ Irukandji ဟာ ဩစတေးလျ ကမ်းလွန်ပင်လယ်ပြင်မှာ တွေ့ရလေ့ရှိပြီး ကွဲပြားတဲ့ ဘောက်ခူမျိုးစိတ် အနည်းငယ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး ဂျယ်လီငါးများဖြစ်ပေမယ့် သူတို့ဟာ အန္တရာယ်အရှိဆုံးတော့မဟုတ်ပါဘူး။

သေစေတတ်တဲ့ ဂျယ်လီငါးမျိုးစိတ်များဟာလည်း ဘောက်ခူငါးများဖြစ်ကြပေမယ့် ပိုမိုကြီးမားပြီး သူတို့ရဲ့အဆိပ်ကို စီမံအုပ်ချုပ်နိုင်မှုမှာ ပိုမိုမြန်ဆန်ပါတယ်။ဘာကြောင့်ပဲဖြစ်ဖြစ် ဒီ Irukandji ဆိုတဲ့ဂျယ်လီငါးကိုတော့ ရှေုာင်ရှားသင့်ပါတယ်။ သူတို့ရဲ့အရွယ်အစားဟာလည်း သင့်ရဲ့လက်သည်းထက်တောင် သေးပါတယ်။ နောက်ထပ်ရှောင်းရသင့်တဲ့အကြောင်းကတော့ သူတို့ရဲ့ အဆိပ်ဟာ မြွေဟောက်ထက် အဆ 100 ပိုပြင်းပါတယ်။


သတင်း အရင်းအမြစ်៖ The Fact Site





