ကိုယ့်ကောင်မလေး ရဲ့ Period time မှာ စိတ်ကျေနပ်အောင်ဘယ်လိုထားကြမလဲ?...

//s9.kh1.co/32/32410e5306046e178724784340447eb282df4527.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

ကိုယ့်ကောင်မလေး ရဲ့ Period time မှာ စိတ်ကျေနပ်အောင်ဘယ်လိုထားကြမလဲ?...

မိန်းကလေးဆိုတဲ့အမျိုးက အားနေစိတ်ဆိုးစိတ်ကောက်ချင်ကြတဲ့အမျိုးပါ။ ဒါပေမယ့် သူတို့လောက်ချစ်တတ်တာလည်း သူတို့ပါပဲ။ ဒီလိုစိတ်ဆိုးစိတ်ကောက်လေးတွေကို အနည်းနဲ့အများလုပ်တတ်ကြတာကို အမျိုးသားတွေက သိထားကြပေမယ့် ပုံမှန်အချိန်ထက် ပိုဆိုးတဲ့ ချစ်သူကောင်မလေးတွေရဲ့  Period time ကို တော့ အမျိုးသားတွေ အကောင်းဆုံး ဖြတ်ကျော်ဖို့ ခက်ခဲတတ်ကြပါတယ်...

https://s9.kh1.co/__image/w=650,h=362,q=100/fe/febb3903d7721f364f6ecdd8d83f07bfbc44a69b.webp

ချစ်သူကောင်မလေးတွေရဲ့ Period time မှာ စိတ်အညစ်ရဆုံးက သူတို့ချစ်သူကောင်လေးတွေပါပဲ... ကာယကံရှင် မိန်းကလေးထက်တောင် ဒီမိန်းကလေးတွေရဲ့ ဒဏ်ကို ခံရမယ့်ကောင်လေးတွေက ပိုပြီးစိတ်ညစ်ကြရပါတယ်နော်... ဒီလို ဖြစ်နေတာက Period time မှာ ကိုယ့်ကောင်မလေးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိသေးမလို့ပါ။ တကယ်လို့သာ သူတို့အကြိုက်ကိုသိသွားပြီး ကောင်းကောင်းကိုင်တွယ်တတ်သွားပြီဆိုရင်တော့ လတိုင်းစိတ်ညစ်စရာမလိုတော့ပါဘူးနော်...ဆို‌တော့ ကိုယ့်ကောင်မလေးရဲ့ Period time မှာ စိတ်ကျေနပ်အောင် ဘာတွေလုပ်ပေးသင့်လဲ?

https://s9.kh1.co/__image/w=650,h=434,q=100/44/440d9d723accb5acb2b53ba861cfe43f6ba628f3.jpg

(၁) အချိုလေးတွေဝယ်ကျွေးပါ

ဒီလိုအချိန်မှာ သူတို့အတွက်အလိုအပ်ဆုံးက ချိုတဲ့အစားစာလေးတွေပါ။ ဥပမာ ချောကလက်တို့ ၊ ကိတ်တို့ပေါ့၊ ဒီလို အစားစာလေးတွေကို စားလိုက်ရရင် သူတို့ခံစားနေရတဲ့ နာကျင်တဲ့ဝေဒနာတွေကိုလည်းသက်သာသွားစေနိုင်တဲ့အပြင် အချိုလေးတွေက စိတ်ကို လန်းဆန်းတက်ကြွစေပါတယ်။ ဒါကြောင့် သူတို့ကြိုက်မယ်ထင်တဲ့ ကိတ်လေးတွေမုန့်လေးတွေ ဝယ်ကျွေးပြီးအလိုက်သိဖို့လိုပါတယ်နော်။

https://s9.kh1.co/__image/w=650,h=434,q=100/dc/dcfd09bec3b36ef9ccb079fbd6fbdc2f9a2737ce.webp

(၂) နေ့စဉ် ဂရုတစိုက်နဲ့ သူ့အခြေနေကိုမေးပါ

ဒီလိုအချိန်မှာ စိတ်ရောလူပါ ပင်ပန်းနေတတ်တဲ့အတွက် သူတို့ကို ဂရုတစိုက်ရှိပေးဖို့လိုပါတယ်။ “ဗိုက်အောင့်သေးလား၊ ဆေးလိမ်းထားရဲ့လား? ဘာစားချင်လဲ? နွေးနွေးထွေးထွေးနေနော်... မတည့်တာတွေမစားနဲ့ ... ဒီလို သူတို့ရဲ့ အခြေနေကို ဂရုစိုက်ပြီးမေးပေးတာကလည်း သူတို့အတွက် ဆေးတစ်ခွက်ပါပဲ။ ဘာပဲဖြစ်ဖြစ် ချစ်ပေးနေတာနဲ့တင် လုံလောက်တယ်လို့မထင်ထားပါနဲ့ ကြင်နာယုယမှုဆိုတာ မရှိရင် ချစ်တယ်ဆိုတာ ကလည်း အခွံသက်သက်ပါပဲ။

https://s9.kh1.co/__image/w=650,h=343,q=100/87/8745ca6358529f80497a719ae7f9e5c52fa5cf98.jpg

(၃) မလုပ်သင့်တဲ့ အရာတွေကိုမှာပါ

သူဖြစ်တာပဲ ကိုယ်ဖြစ်တာမဟုတ်ဘူးဆိုပြီး ဖာသိဖာသာမနေပါနဲ့။ သူနဲ့မတည့်တာတွေ သူမလုပ်သင့်တာတွေကို သတိပေးပြီးမှာပေးသင့်ပါတယ်။ ဥပမာ ရေအကြာကြီးမချိုးသင့်တာ၊ ခြေထောက်အအေးမခံသင့်တာ၊ ချဉ်လွန်းစပ်လွန်း တာတွေမစားသင့်တာ ဒီလိုအရာတွေကို ဂရုတစိုက်မှာပေးတာကလည်း သူတို့အတွက်အားဖြစ်စေပါတယ်။ ကိုယ်ပြောနေတုန်းမှာတော့ သူက စိတ်ကောက်ပြီးရစ်ချင်ရစ်နိုင်ပေမယ့် စိတ်ထဲမှာတော့ ငါ့ကို ဂရုစိုက်ပါလားဆိုပြီးကြိတ်ပြီးပျော်နေရှာကြတာပါနော်...

https://s9.kh1.co/__image/w=650,h=434,q=100/cf/cf8fbcf24d6c1d890997141256944714798a7f29.webp

(၄) သူ့ရဲ့စိတ်ပြောင်း စိတ်မြန်အခြေနေကိုသည်းခံပေးပါ

ဒါကတော့ သိပ်ကို အ‌ရေးကြီးတဲ့အချက်ပါပဲ။ ဒီလိုအချိန်မှာ မိန်းကလေးတွေက စိတ်ပြောင်းစိတ်လွဲ အရမ်းမြန်ပါတယ်။ အခုနေ ပျော်သလိုရှိပြီး ခဏနေ စိတ်မကောင်းဖြစ်နေတတ်ကြသလို အခုနေတက်ကြပြီးခဏနေ Depression ဝင်တတ်ကြပါသေးတယ်။ ဒါကြောင့်ဒီလိုအချိန်မှာ သူတို့စိတ်ထဲကပါသည်ဖြစ်စေမပါသည်ဖြစ်စေ ပြောလိုက်သမျှစကားတိုင်းကိုစိတ်ထဲမထားပဲ သူ့ရဲ့စိတ်လေးကိုနားလည်သည်းခံပေးဖို့လိုပါတယ်နော်...

https://s9.kh1.co/__image/w=640,h=340,q=100/a1/a1e22868f84637410a4bdc5fe8b8e7be267b5ed8.webp

မိန်းကလေးတိုင်းအတွက်လိုအပ်ဆုံးက သူတို့အပေါ် နားလည်အလိုက်သိတဲ့အမျိုးသားပါ...တကယ်လို့ အချိန်တိုင်းနားလည်မှုမပေးနိုင်ရင်တောင် ဒီလိုအချိန်မှာတော့ နားလည်ပေး ဖို့ အကြံပေးပါရစေနော်...

https://s9.kh1.co/__image/w=650,h=434,q=100/e2/e21c1673e78def47e41af4c770d7ef856f43f4c2.jpg

ကဲ ဒီနည်းလေးတွေကို ပိုင်ပြီဆိုရင်တော့ လတိုင်း ဘယ်လိုပဲရစ်ရစ် ခံနိုင်ရည်ရှိသွားလောက်ပြီနော်... မိန်းက‌လေးတွေဆိုတာ ဒီလို တစ်လတစ်ခါတော့ သူတို့ရဲ့ နာကျင်မှုကို ဖြေဖျောက်ပေးနိုင်မယ့် အဖော်လိုအပ်ပါတယ်။ ကိုယ်ကသာသည်းခံပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ နာကျင်မှုလည်းတဝက်လောက်သက်သာသွားနိုင်သလို သူတို့လည်းစိတ်ကျေနပ်ပျော်ရွှင်သွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=500,h=300,q=100/15/151b9c6b88bbc6b5f7d7dbd9aabec491fc1c457c.jpg

သူတို့လေးတွေမှာ ဒီလိုအချိန်ဆိုရင် အရမ်းကို ခံစားရတာမလို့ သူတို့ကို နားလည်လက်ခံပေးပြီး စိတ်ရှည်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ အချစ်အတွက် ပိုပြီးအသိမှတ်ပြုလာနိုင်ပါတယ်နော်...

ကောင်လေးတွေအားလုံး ကိုယ်ချစ်တဲ့ ချစ်သူကောင်မလေးရဲ့ Period time ကို အလိုက်အသိဆုံးကျော်ဖြတ်နိုင်ကြပါစေ...

Source from own creation(sl)

Photos credit from Google

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T