အရမ်းရစ်တတ်တဲ့ကောင်မလေးတွေနဲ့ချစ်သူဖြစ်ဖူးလား? ဒါမှမဟုတ်ကိုယ်တိုင်ကရော အရမ်းရစ်တတ်တဲ့ချစ်သူကောင်မလေးလား?... ရစ်တတ်တဲ့ကောင်မလေးတွေက အရမ်းကို ချစ်ဖို့ကောင်းပေမယ့် တခါတရံမှာ ရစ်တာက အရှိန်များပြီး ဘရိတ်မမိတော့တဲ့အခါ အချင်းချင်း စိတ်ကုန်တာတွေ စိတ်ပျက်တာတွေအထိဖြစ်လာနိုင်ပါတယ်။ ဆိုတော့ ကိုယ့်ချစ်သူကောင်မလေးက အရမ်းရစ်တတ်တဲ့အခါ သူနဲ့ပြေလည်အောင် ဘယ်လိုလေးတွလုပ်ကြမလဲ?...

(၁) တခါတရံရစ်တာလေးက မကောင်းဘူးဆိုတာကိုထုတ်ပြပါ
ရစ်တာလေးက ချစ်ဖို့ကောင်းပေမယ့် ရစ်တာများလာတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးအတွက် အချိန်ကုန်အကျိုးယုတ်စေတာကိုရှင်းပြပါ။ ပြီးတော့ ဒီလိုရစ်နေမယ့်အချိန်တွေကို ပိုချစ်ကြရအောင်ဆိုပြီး ကြင်ကြင်နာနာလေးနဲ့ ပြောပေးနိုင်ဖို့လိုပါတယ်။

(၂) သူရစ်တာက ကိုယ့်အတွက်ဘယ်လိုအနှောက်ယှက်တွေဖြစ်စေသွားလဲဆိုတာ ပြောပြပါ
သူရစ်တာက ချစ်ဖို့ကောင်းပေမယ့်လည်း တခါတလေမှာ ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာ နာကျင်ပင်ပန်းရတယ်ဆိုတာကိုပြောပြပါ။ သူ့ကြောင့်ကိုယ်ပင်ပန်းတာကိုသူသိတဲ့အခါသူသာတကယ်ချစ်တဲ့သူဆိုရင် ထပ်မရစ်ပဲကိုယ့်ကို သနားသွားမှာအသေချာပါပဲ။

(၃) အချိန်နဲ့အခါ ရစ်တတ်ဖို့ပြောပြပေးပါ
ရစ်တာတော့ရစ်ပါ အချိန်နဲ့အခါရစ်ဖို့တော့ လိုတယ်ဆိုတာကိုသူသိဖို့လိုပါတယ်။ အလုပ်ကပင်ပန်းလာတဲ့အချိန်တွေ စိတ်ပင်ပန်းလာတဲ့အချိန်မျိုးတွေမှာ ရစ်မိမယ်ဆိုရင် ဒါမှမဟုတ် လူကြားသူကြားမရှောင် ရစ်မိမယ်ဆိုရင် မသင့်တော်ကြောင်းနဲ့ ကလေးမဆန်သင့်ကြောင်းကိုရှင်းပြပေးပါ။

(၄) ကိုယ်စိတ်ရှုပ်လာတဲ့အခါ သူ့ကို မုန်းသွားနိုင်ကြောင်းပြောပြပါ
အမြဲရစ်တာက မကောင်းပေမယ့်လည်း ကိုယ်စိတ်ရှုပ်လာတဲ့အခါ သူ့အပေါ်ကို စိတ်ပျက်သွားတတ်ကြောင်းနဲ့ ကြာလာတဲ့အခါ စိတ်ရှုပ်ပြီးအချစ်တွေပေါ့သွားနိုင်ကြောင်းပြောပြပေးပါ။ ချစ်တာက ချစ်ပေမယ့်လည်း ရစ်လွန်းရင်တော့ မချစ်ချင်တော့တာမျိုးဖြစ်နိုင်တယ်ဆိုတာကိုသူသိသွားတဲ့အခါ သူ့ဘာသာသူဆင်ခြင်လာပါလိမ့်မယ်။

(၅) သူရစ်သလိုကိုယ်လည်းရစ်ကြည့်ပါ
လူဆိုတဲ့အမျိုးက ကိုယ်တိုင်မကြုံရမချင်း ကိုယ်ချင်းမစာတတ်တဲ့အမျိုးပါ။ သူရစ်ရင် ကိုယ်ဘယ်လိုစိတ်ကျဉ်းကျပ်ရလည်း စိတ်ရှုပ်ရလဲဆိုတာကို သူကိုယ်တိုင်လည်းခံစားမိမှကိုယ်ချင်းစာမိမှာပါ။
အဲ့ဒီလိုမှ တခါတလေပညာမပြရင် သူရဲ့ ရစ်တတ်လွန်းတဲ့ စိတ်ကို ဖျောက်ပေးလို့ရတော့မှာမဟုတ်ပါဘူး။ ဆိုတော့ သူလေးလည်းတခါတလေခံစားရအောင် ပညာသားပါပါနဲ့ ရစ်တတ်တဲ့အကျင့်ကိုဖျောက်ပေးပါလိုက်ပါနော်...
ကိုယ့်ချစ်သူကို ရစ်တတ်တဲ့ အကျင့်လေးကို လျော့ပြီး အချင်းချင်း နားလည်မှုရှိတဲ့ Relationship လေးတစ်ခုကိုတည်ဆောက်လိုက်ကြရအောင်နော်...
Source from sl(own creation)
Photos credit from Google