တစ်ကောင်ကို ဖြတ်လိုက်ရင် နှစ်ကောင်ဖြစ်သွား‌စေတဲ့ ထူးထူးဆန်းဆန်း တီကောင်မျိုးစိတ်

//s9.kh1.co/8c/8ce5006307a53099b21757171e2a502edd9ccc42.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သူတို့ဟာ ခေါင်းဖြတ်ခံရရင်တောင် ပြန်ပေါက်လာရုံမက မှတ်ဉာဏ်အဟောင်းတွေကိုပါ........(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

တီ‌ကောင်ကို တစ်ဝက်ဖြတ်လိုက်ရင် နှစ်ကောင်ဖြစ်သွားတယ်ဆိုတာမျိုး ငယ်ငယ်တုန်းက ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တီကောင်ပုံစံလို တိရစ္ဆာန်ကောင်တွေကို ဒီဟာက တကယ်ဟုတ်မဟုတ် သွားစမ်းကြည့်ရင်တော့ စိတ်ပျက်မှုတွေပဲရပါလိမ့်မယ်။ ဒါဆို တီကောင်တွေက တစ်ဝက်ဖြတ်ခံလိုက်ရရင် နှစ်ကောင်ဖြစ်သွားမှာလား။ အဖြေကတော့ ရှုပ်ထွေးပြီး တိရစ္ဆာန်အမျိုးအစားအပေါ်လည်း မူတည်ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=460,q=100/14/1465a0e1c210a7f37c2dab6237a064e2710c09e1.jpg

တီကောင်တွေမှာ မျိုးစိတ်ပေါင်း ၁၈၀၀ လောက်ကို ရှိပါတယ်။ သူတို့မှာ ထူးခြားတဲ့ ခေါင်းနဲ့အမြီးရှိပါတယ်။ တီကောင်ရဲ့ ဦးခေါင်းတည်နေရာဟာ ခန္ဓာကိုယ်ကို ဝန်းရံထားပြီး clitellum လို့ခေါ်ကာ ဒီရောင်ရမ်းနေတဲ့ ကြိုးဝိုင်းနဲ့ အနီးဆုံးမှာ အမြဲတည်ရှိနေကြောင်း Washington Post သတင်းမှာ ဖော်ပြထားပါတယ်။

https://s9.kh1.co/__image/w=640,h=633,q=100/73/73c01e10f15d185f8403fa991fbbeb4114c3392a.jpg

တကယ်လို့ တီကောင်က နှစ်ပိုင်းဖြစ်သွားရင် အကောင်သစ် နှစ်ကောင်ဖြစ်သွားတာမဟုတ်ပါဘူး။ Clitellum နောက်က အဖြတ်ခံလိုက်ရတဲ့တီကောင်ရဲ့ ခေါင်းဟာ အသက်ရှင်ပြီး သူ့ရဲ့အမြီးထိကို Regenerate (ပြန်လည်ဖွံ့ဖြိုး) စေပါတယ်။ ဒါပေမယ့် တီကောင်ရဲ့ အဖြတ်ခံလိုက်ရတဲ့ မူလအမြီးဟာ ခေါင်းအသစ်ပြန်မပေါက်လာပဲ သေသွားပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=367,q=100/a9/a9d0c681157f3a7ace85df4144ceaf9b861a4bdb.jpg

ဒါပေမယ့် Planarian Flatworm ဆိုတဲ့ တီကောင်ကမျိုးစိတ်ကတော့ ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်အပိုင်းတွေကို ပြန်လည်ဖွံ့ဖြိုးနိုင်စွမ်းရှိပါတယ်တဲ့။ ဒီပြားလွှာလှတဲ့ တီကောင်မျိုးစိတ်ရဲ့ စွမ်းရည်ကို ၂၀၁၄ တုန်းက လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့တွေဟာ အဖြတ်ခံလိုက်ရလို့ ပြန်ပေါက်လာတဲ့အခါ သူတို့ရဲ့ဦးခေါင်းအသစ်ဟာ အရင်က မှတ်ဉာဏ်တွေကို ထိန်းသိမ်းပေးနိုင်ကြောင်းပါ တွေ့ရှိခဲ့ပါတယ်။ ဒီ‌ကောင်တွေမှာ ဦးနှောက်တစ်သျှူးများ မရှိရင်တောင် သူတို့ဟာ မှတ်မိနိုင်ပါသေးတယ်။

https://s9.kh1.co/__image/w=650,h=400,q=100/6a/6a23082ae8aaa168af1a0a2730cc0ac73e9408aa.jpg

သတင်း အရင်းအမြစ်Livescience

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T