ကမ္ဘာပေါ်ကသက်ရှိမှန်သမျှမှာ လူတိုင်းမသိရှိနိုင်တဲ့ လျှို့ဝှက်ချက် မဟုတ်တောင် အစွမ်းအစတွေရှိတတ်ပါတယ်။ ဥပမာ ငါးတွေက ချောင်းဆိုတတ်ပြီး ကြောင်တွေက ဘယ်လိုကျကျ ခြေထောက်နဲ့ပဲကျတတ်တာမျိုးပါ။ အဲ့လိုစိတ်၀င်စားစရာကောင်းပြီး တိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ ထူးခြားတဲ့အချက်လေးကိုလည်း ခုတစ်ခါမှာ ထပ်ဖော်ပြပေးမှာပါ။


ဒီတစ်ခါဖော်ပြပေးမယ့် တိရစ္ဆာန်ကတော့ ကြွက်ပဲဖြစ်ပါတယ်ခဗျာ။ ကြွက်တွေရဲ့ လူမသိတဲ့အချက်က ဘာဖြစ်နိုင်မလဲ။ အများကြီးရှိပေမယ့် လူတွေနဲ့တူတဲ့ တစ်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဟုတ်ပါတယ်ခဗျာ....ခေါင်းစဉ်မှာမေးထားတဲ့ မေးခွန်ရဲ့အဖြေ ကြွက်တွေက ရယ်တတ်ပါတယ်ဗျာ။


ဒီသတ္တဝါတွေက ကျွန်တော်တို့ထင်ထားတာထက် ပိုသွက်ပါတယ်။ ကြွက်များဟာ သူတို့ကို ကလိထိုးတဲ့အခါ “ရယ်” နိုင်စွမ်းရှိပါတယ်။ National Geographic က ဗီဒီယိုတစ်ခုမှာဆိုရင် ကြွက်တွေဟာ ကလိထိုးခြင်းကို အပြုသဘောဖြင့် တုံ့ပြန်ကြောင်း သရုပ်ပြပြီး သူတို့ဟာ သုတေသီရဲ့လက်ကို အပျော်သဘောနဲ့တောင် လိုက်နေတတ်ကြပါတယ်။ ကြွက်တွေက ရယ်တတ်တယ်ဆိုတော့ သင်လည်းမွေးထားတဲ့ ကြွက်လေးရှိရင် ကလိထိုးကြည့်ပေါ့။


သတင်း အရင်းအမြစ်៖ Reader's digest