အခြားသတ္တဝါတွေထက် လိင်အင်္ဂါအပိုပါရှိတဲ့ ခိုအာလာ

//s9.kh1.co/ab/abb3c4e44eb3251d7436dbe69e9b31476f593988.jpg
ဗဟုသုတအဖြာဖြာ

 ၁၃-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၂ နှစ် က

.

ချစ်စရာမျက်နှာနှင့် အပြစ်ကင်းသော မျက်လုံးများကိုပိုင်ဆိုင်ထားတဲ့ ခိုအာလာလေးတွေကို သင်တို့ တွေ့ဖူးကြမှာပါ။ ခိုအာလာ လေးတွေဟာ အခြားသတ္တဝါတွေထက် လိင်အင်္ဂါအပိုပါရှိတဲ့ ထူးထူးခြားခြား သတ္တဝါပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါအပိုပါတာမှန်ပေမယ့် အထီးနှင့်အမနဲ့တောင်မတူပါဘူး။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ခိုအာလာအထီးတွင် ကြီးမားသော လိင်တံနှစ်ခုရှိပြီး ခိုအာလာအမတွေမှာ မိန်းမအင်္ဂါ(၃)ခု နှင့် သားအိမ်(၂)ခုပါရှိတာ ဖြစ်ပါတယ်။ ပြီးတော့ သတ္တဝါအများစုရဲ့ လိင်တံက အရှေ့တွေမှာပဲရှိကြပေမယ့်  ခိုလာအထီးရဲ့ လိင်တံက ထူးထူးခြားခြား ကပ်ပယ်အိတ်အနောက်မှာ ရှိတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

ခိုအာလာအမတွင် မိန်းမအင်္ဂါ (၃) ခုအနက် အပြင်ဘက်ရှိ အင်္ဂါနှစ်ခုမှာ အပေါ်ရှိ သားအိမ်(၂)ခုဆီကို သုတ်ပိုးများပို့ဆောင်ရန်အတွက် အသုံးပြုကြတာပါ။ သားပေါက်ဖွားရင်တော့ ကလေးများဟာ မိန်းမကိုယ်အလယ်မှ မွေးဖွားလာကြတာဖြစ်ပါတယ်။ ကိုအာလာအထီးနဲ့ အမကိုလည်း အလွယ်တကူခွဲခြားနိုင်ပါတယ်။ ကိုအာလာအထီးများဟာ ခန္ဓာကိုယ်ကြီးမားပြီး အမများက ခန္ဓာကိုယ်အရွယ်အစားသေးငယ်ကြတာ ဖြစ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

နောက်ထပ် ထူးခြားတာ တစ်ခုကတော့ ခိုအာလာလေးတွေဟာ တစ်နေ့ကို နာရီ ၂၀ အထိအိပ်စက်နိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စွမ်းအင်နည်းတဲ့ အစားအစာ နဲ့ အဆိပ်အတောက် အရွက်တွေကို ချေမှုန်းဖို့ လိုအပ်တဲ့ စွမ်းအင် ပမာဏ များပြားတာကြောင့် တစ်နေ့ကို နာရီ 20 အထိ အိပ်နိုင်ကြတာ ဖြစ်ပါတယ်။ အများအားဖြင့် ည (ညနေပိုင်း) နှင့် မိုးသောက်ယံအချိန်များမှာ ပိုပြီး သွားလာလှုပ်ရှားကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - australianwildlifejourneys

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T