အမြွှာမွေးဖွားနှုန်းက အရင်ကထက် ပိုတိုးလာတယ်ဆိုတာ သင်သိပါသလား...?

//s9.kh1.co/3b/3b73a4099136844842b8e807b5356dbae5a890e7.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-သြ-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

အမြွှာများဟာ ရှားပါးလို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် ယခုနောက်ပိုင်း  ကမ္ဘာ့တစ်ဝှမ်းမှာ ယခင်ကထက် ပိုမိုမွေးဖွားလာကြပြီဖြစ်ပါတယ်။ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ လေ့လာတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်အမြွှာ ၁.၆ သန်းခန့် မွေးဖွားခဲ့ရာမှာ ကမ္ဘာလုံးဆိုင်ရာ အမြွှာမွေးဖွားနှုန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်များမှစပြီး  သုံးပုံတစ်ပုံအထိ မြင့်တက်ခဲ့တာကြောင့် လွန်ခဲ့ နှစ် ၃၀ ခန့်က ကလေးမွေးဖွားမှု ၁,၀၀၀ လျှင် ၉ ဦးနှုန်းမှ ၁၂ ဦးအထိ မွေးဖွားခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။

Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google
Photo Credit – From Google

မှတ်တမ်းများအရ ၁၉၉၅ မှာ ၂.၅ ရာခိုင်နှုန်း၊  ၂၀၀၁ မှာ ၃ ရာခိုင်နှုန်း ၊ ၂၀၁၀ မှာ ၃.၃ ရာခိုင်နှုန်းထိရောက်လာခဲ့ပါတယ်။ ဆိုလိုတာက  မွေးကင်းစ ကလေး ၃၀ မှာ တစ်ယောက်ဟာ အမြွှာဖြစ်ပါတယ်။ ပြီးတော့ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ အမြွှာတွေ ပိုရလေ့ရှိတာတွေ့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

နိုင်ငံအလိုက် အမြွှာမွေးဖွားမှုနှုန်းကို ကြည့်မယ်ဆိုရင်လည်း မြောက်အမေရိကမှာ အမြွှာမွေးဖွားမှုနှုန်းက ၇၁ ရာခိုင်နှုန်း ၊ အာရှမှာ ၃၂ ရာခိုင်နှုန်း တိုးလာကြောင်း ဆိုထားပါတယ်။ ဒီလေ့လာချက်တွေကို ကြည့်ခြင်းအားဖြင့် အမြွှာမွေးဖွားနှုန်းက ကမ္ဘာတစ်ဝှမ်းမှာ သိသိသာသာ တိုးလာတာ တွေ့ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - bestlifeonline

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T