ငါးတွေဟာ ရေအောက်မှာနေတာမို့ ချောင်းဆိုးတာမျိုး နှာချေတာမျိုးမရှိဘူးထင်ရင်တော့ သင်မှားသွားပါလိမ့်မယ်။ သေချာသွားအောင် အောက်မှာကြည့်လိုက်ပါ။

ငါးတွေ နှာချေလား

ငါးများဟာ နှာခေါင်းရှိပြီး အသက်ရှုခြင်းကြောင့် နှာချေနိုင်တယ်ဆိုတာ အယူအဆမှားပါတယ်။ သင့်ရဲ့(ရေ)ပူဖောင်းကို ဖောက်ဖို့မရည်ရွယ်ပေမယ့် ငါးက နှာမချေပါဘူး။ လူ သို့မဟုတ် အခြားတိရစ္ဆာန်များ နှာချေခြင်းမပြုမီ ယန္တရားများစွာ အဆင့်ဆင့် ဖြစ်ပေါ်လာရမှာဖြစ်ပါတယ်။ နှာချေခြင်းရဲ့ ပထမအဆင့်ဟာ သင့်နှာခေါင်းအတွင်းရှိ အကျိအချွဲအလွှာများ ယားယံခြင်းဖြစ်ပါတယ်။ ဓာတ်ငွေ့အမှုန်အမွှားများ၊ ဖုန်မှုန့်များ သို့မဟုတ် အနံ့အသက်များကို ရှူရှိုက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ နေမကောင်းတဲ့အခါ လူတွေက နှာချေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့ကိုယ်ခံအားစနစ်ဟာ သင့်နှာခေါင်းအတွင်း ချွဲသလိပ်များကို ထုတ်ပေးခြင်းဖြင့် ဗိုင်းရပ်စ်ကို တွန်းထုတ်လိုတာကြောင့်ဖြစ်ပါတယ်။ ငါးတွေကတော့ နှာမချေပါဘူး။
ငါးတွေဟာ ချောင်းဆိုးလား

ငါးတွေနှာမချေနိုင်ဘူးဆိုတာသိလိုက်ရပြီဆိုတော့ ငါးက ချောင်းရော ဆိုးနိုင်မလား။ ဟုတ်ပါတယ်၊ ငါးက ချောင်းဆိုးနိုင်ပါတယ်။ ငါးများဟာ အသက်ရှုရန် သမုဒ္ဒရာမှ အောက်ဆီဂျင်ကို ထုတ်ယူရန်အတွက် ပါးဟက်များမှတစ်ဆင့် ရေကိုယူကြပါတယ်။ မတူညီတဲ့ဓာတ်ငွေ့ သို့မဟုတ် အမှုန်အမွှားများဟာ သူတို့ရဲ့ပါးဟက်များကြားမှာ ကပ်နေတဲ့အခါ ချောင်းဆိုးတတ်ပါတယ်။ ကုန်းပေါ်မှာ နေထိုင်တဲ့ တိရစ္ဆာန်များဟာ နေမကောင်းဖြစ်နေချိန် အကြောင်းအမျိုးမျိုးကြောင့် ချောင်းဆိုးနေတတ်ပါတယ်။

ငါးက ချောင်းဆိုးတဲ့အခါ သာမာန်လူတစ်ယောက်လို ပါးစပ်ကို ပွင့်ပါတယ်။ အဲ့နောက်သူဟာ သူ့ရဲ့ပါးစပ်အစား ပါးဟက်များမှတစ်ဆင့် ရေကို တွန်းထုတ်ပါတယ်။ ငါးများဟာ ချောင်းဆိုးရန် တွန်းအားပေးဖို့ အတက်အဆင်း လှုပ်ရှားမှုဖြင့် သူတို့ကိုယ်သူတို့ လှုပ်ယမ်းကြပါတယ်။ ဒါ့အပြင် သင့်ရဲ့စိတ်က တခြားမေးခွန်းတစ်ခုဆီ မရောက်ခင်မှာ ဖြစ်တတ်တဲ့ သံသယတစ်ခုကို ရှင်းပါရစေ။ ငါးတွေက ချောင်းဆိုးတဲ့အခါ အသံမထွက်ပါဘူး။ သင်ဘာမှ မကြားနိုင်ပါဘူး။ ငါးချောင်းဆိုးတိုင်းမှာ အသံကြားချင်လို့ဆိုပြီး သင့်နားကို ငါးကန်မှာ ကပ်မထားပါနဲ့။
သတင်း အရင်းအမြစ်៖ Fishey business