ကမ္ဘာကြီးက အလုံးလား ၊ အပြားလား ....?

//s9.kh1.co/8d/8d860e63568864d1b85f3e92e8b81eca5a695225.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-သြ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

ကလေးဘဝတုန်းက လူကြီးသူမများကို မေးဖူးတဲ့စကားတစ်ခွန်းရှိပါတယ်။ အခြားတော့မဟုတ်ပါဘူး ကမ္ဘာကြီးဟာ အပြားလားဆိုတာပါ။ အသက်အရွယ်ရလာပြီး အတန်းပညာတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်ရောက်လာတဲ့အချိန်မှာတော့ ကျွန်တော်တို့ ကမ္ဘာကြီးဟာ မပြားဘဲ လုံးဝန်းကြောင်း သိခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်သိထားခဲ့တဲ့ ကမ္ဘာကြီးလုံးဝန်းတဲ့ဆိုတဲ့ အဖြေက မှားနေတယ်ဆိုတာပါ။ တကယ်တော့ ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ဟာ ပြားလည်းမပြားသလို လုံးလည်းမလုံးပါဘူး။

Photo Credit - From Google
Photo Credit - From Google

ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာဂြိုဟ်ဟာ ကိုယ်ပိုင်ဝင်ရိုးကို အပို ၀.၃ ရာခိုင်နှုန်းဖြင့် လှည့်ပတ်ခြင်းကြောင့် အီကွေတာပတ်ပတ်လည်မှာ ဖောင်းနေ‌တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ကြက်ဉပုံသဏ္ဍာန်လို့ ပြောချင်တာပါ။ ကမ္ဘာရဲ့ အချင်းဟာ မြောက်မှတောင်ဝင်ရိုးစွန်းအထိ ၁၂,၇၁၄ ကီလိုမီတာ (၇,၉၀၀ မိုင်) ရှိပြီး အီကွေတာမှတဆင့် ၁၂,၇၅၆ ကီလိုမီတာ (၇,၉၂၆ မိုင်) ရှိပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ဒါပေမယ့် ကွာခြားချက်မှာ ၄၂.၇၈ ကီလိုမီတာ (၂၆.၅၈ မိုင်)ဟာ ကမ္ဘာမြေ အချင်းရဲ့ 1/300th ခန့်ရှိပါတယ်။ ဒါကြောင့် အာကာသကနေ ကြည့်မယ်ဆိုရင် ကမ္ဘာ့ပုံစံဟာ မမြင်နိုင်လောက်အောင် သေးငယ်တာကြောင့် ဂြိုဟ်ဟာ လူတွေရဲ့ မျက်လုံးထဲမှာ လုံးဝန်းနေတဲ့ပုံစံအတိုင်း မြင်တွေ့ရတာ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ ကျွန်တော်ပထမဆုံးသိထားသလို ကမ္ဘာကြီးကလုံးဝန်းကြောင်း ထင်နေကြပါသေးတယ်။ သင်ရော ကမ္ဘာကြီးကို အလုံးလား၊အပြားလားဆိုတာ ဘယ်လိုထင်ခဲ့ကြသလဲ...? ။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - climate

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T