လူ့ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့သြသင့်စရာ အချက် (၉) ချက်

//s9.kh1.co/59/593c8ed6d958c455adf1bf72005f947627b4c052.jpg
ဗဟုသုတအဖြာဖြာ

 ၁၁-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

လူ့ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့သြသင့်စရာ အချက် (၉) ချက်

ကျွန်တော်တို့ ကမ္ဘာကြီးဟာ ဆန်းကြယ်လွန်းလှတဲ့ သိပ္ပံပညာဆိုင်ရာတွေနဲ့ အံ့ဩစရာ ပြည့်နေပါတာဖြစ်ပါတယ်။ သက်ရှိများနေထိုင်တဲ့ ကမ္ဘာမြေကနေစပြီး ဟို အာကာသအပြင်ဘက် အနက်ရှိုင်းဆုံး နက်နဲရာအထိ တကယ့်ကို အံ့သြဖို့ကောင်းတဲ့ အရာတွေလည်း များစွာရှိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးကလည်း ထို့နည်းတူပါပဲ ။ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံဟာ  တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ နမူနာတစ်ခုပါ။ ဒါကို သင်မယုံဘူးဆိုရင်တော့ ယခုဖော်ပြပေမယ့်  အချက် (၉) ချက်ကို လေ့လာကြည့်ပါ။

Photo Credit – From Google
Photo Credit – From Google

(၁) မွေးကင်းစကလေးတစ်ယောက်မှာ အရိုးပေါင်း  ၃၀၀ ခန့်ရှိပါတယ်။ ဒါပေမယ့် အချို့အရိုးများကတော့ ကြီးထွားလာတဲ့နဲ့အမျှ ပေါင်းစပ်သွားကြတာဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ အရိုးပေါင်း ၂၀၆ ခုသာရှိပါတော့တယ်။

(၂) သင့်အရိုးများရဲ့ ထက်ဝက်ကျော်ဟာ လက် ၊ လက်ကောင်ဝတ် ၊ ခြေဖဝါးနှင့် ခြေချင်းများမှာ ရှိပါတယ်။  

(၃) စက္ကန့်တိုင်း သင့်ခန္ဓာကိုယ်က ဆဲလ်အသစ် ၂၅ သန်းကို ထုတ်လုပ်နေပါတယ်။

(၄) လူ့ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအရိုးကတော့ ပေါင်ရိုးဖြစ်ပြီး အသေးဆုံးအရိုးမှာ သင့်နားစည်အတွင်းမှာရှိတဲ့ အရိုးဖြစ်ပါတယ်။

(၅) လူ့ခန္ဓာကိုယ်မှာ သွေးကြောမိုင်ပေါင်း ၆၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်ပါတယ်။  

Photo Credit – From Google
Photo Credit – From Google

(၆) သွားတွေကို အရိုး အစိတ်အပိုင်းအဖြစ် ယူဆထားကြပေမယ့် အရိုးများအဖြစ် မရေတွက်ပါ။

(၇) ကျွန်တော်တို့ ခန္ဓာကိုယ်ထုထည်ရဲ့ ၂ ရာခိုင်နှုန်းကိုတွက်ကြည့်လိုက်မယ်ဆိုရင် ဦးဏှောက်ဟာ ဆောက်ဆီဂျင်နှင့် သွေးထောက်ပံ့မှုရဲ့ ၂၀ ခိုင်နှုန်းကို အသုံးပြုပါတယ်။

(၈) သင့်ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ရေနဲ့ဖွဲ့စည်းထားပါတယ်။

(၉) ပေါင်အရိုးက သံမဏိထက် ပိုသန်မာပါတယ်။ ပြီးတော့ မီးခြစ်ပုံးအရွယ် အရိုးတုံးတစ်တုံးဟာ အလေးချိန် ပေါင် ၁၈၀၀၀ အထိ ခံနိုင်ကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဒါတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ မယုံနိုင်စရာ အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို လေ့လာပြီး သင်လည်း အံ့အားသင့်သွားမယ်ဆိုတာ ယုံကြည်ပါတယ်။ သင်တို့လည်း ဒီအချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်လေးတွေ ပြောပေးခဲ့ပါဦး။

Photo Credit – From Google
Photo Credit – From Google

သတင်း အရင်းအမြစ်Source - osgpc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T