အမဲလိုက်မှု အအောင်မြင်ဆုံး တိရစ္ဆာန်ဟာ အာဖရိက တောခွေးများသာဖြစ်

//s9.kh1.co/c2/c21a05755c9b99bcc756b4cee86e55ae01a134a6.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-သြ-၂၀၂၂ ၄pm · လွန်ခဲ့သော ၂ နှစ် က

ခြင်္သေ့တွေတောင်မှာ သူတို့လောက် အမဲမလိုက်နိုင်ပါဘူး.....(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ပိန်လှီလှတဲ့ ဒီအာဖရိက တောခွေး တစ်နည်းအားဖြင့် ခွေးအ များဟာ လှည့်စားတတ်သူများဖြစ်ပါတယ်။ သူတို့ဟာ နေရာတိုင်းမှာ အအောင်မြင်ဆုံး သားကောင်များထဲမှ တစ်မျိုးဖြစ်ပြီး အမဲလိုက် အောင်မြင်မှုနှုန်း 85 ရာခိုင်နှုန်းထက်မနည်းပါဘူး။ ဒါတင်မကသေးပါဘူး.....သူတို့ဟာ သေးငယ်တဲ့ impalas မှ သူတို့ထက် ကိုယ်အလေးချိန် 10 ဆထိ ပိုကြီးတဲ့ hyenas နဲ့ ခြင်္သေ့တွေလို တခြားအသားစားသတ္တဝါတွေအထိ အမဲလိုက်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/be/bed73c62510226fcc36143d45b5fd98626b1f916.jpg
https://s9.kh1.co/__image/w=650,h=434,q=100/4e/4e9220e436916ceb2b183926db804e53e6a6c683.jpg

အာဖရိကတိုက်ရှိ ဒီခွေးအတွေကိုလည်း မျိုးသုဉ်း‌‌တော့မယ့် အန္တရာယ်အဖြစ် သတ်မှတ်ထားပါတယ်။ အာဖရိက တောခွေးများဟာ ဝံပုလွေလည်းမဟုတ်သလို ခွေးလည်းမဟုတ်ကြပါဘူး။ သူတို့ကို Lycaeon Pictus လို့သိပ္ပံနာမည်ပေးထားပြီး ဘာသာပြန်မယ်ဆို " အရောင်ခြယ်ထားသော ဝံပုလွေ " များလို့ အဓိပ္ပာယ်ရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/95/95bb871ffa2f7173dbb3abc2568411ced4c0af94.jpg
https://s9.kh1.co/__image/w=650,h=434,q=100/74/7423567aeac080c761da5480fde7be666f8f4966.jpg

ဝံပုလွေများနှင့် ခွေးများလိုပဲ အာဖရိက တောခွေးများဟာ Canidae မိသားစုမှ ပိုင်ဆိုင်ပါတယ်။ ဒါပေမယ့် မီးခိုးရောင်ဝံပုလွေများ၊ ခွေးပေါက်ကလေးများ၊ ခွေးများနှင့် မြေခွေးများဟာ Canis မျိုးရိုးတွင်ရှိပြီး၊ အာဖရိကတောရိုင်းခွေးများဟာ Lycaeon မျိုးစုတွင် တစ်ခုတည်းသာ ကျန်ရှိနေတော့တဲ့ (သက်ရှိ) မျိုးစိတ်များဖြစ်ပါတယ်။ သူတို့ဟာ အုပ်စုလိုက် နေတတ်ကြတဲ့ တိရစ္ဆာန်များဖြစ်ပါတယ်။ ခြင်္သေ့တွေတောင်မှ အမဲလိုက် အောင်မြင်မှုနှုန်းက ၁၇ ကနေ ၁၉ ရာခိုင်နှုန်းထိပဲ ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/39/394ce210368baed4f1363fc0661ec5159a21019e.webp

သတင်း အရင်းအမြစ်Discover wildlife

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T