ယောက္ခကြီးဆီက အချစ်တွေကို ဘယ်လိုသိမ်းပိုက်မလဲ?...

//s9.kh1.co/0a/0ada6949fcd763d42009e65662c23cfd75d85430.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-သြ-၂၀၂၂ ၃pm · လွန်ခဲ့သော ၄ နှစ် က

ယောက္ခကြီးဆီက အချစ်တွေကို ဘယ်လိုသိမ်းပိုက်မလဲ?...

ဟိုးအရင်တည်းက အခုထိ လူတွေတော်တော်များပြောတတ်ကြတာက ချွေးမနဲ့ယောက္ခဆိုတာ ဘယ်တော့မှ မတည့်ကြဘူး တဲ့... တကယ်တော့ ဒါကလူနဲ့ပဲဆိုင်ပါတယ်။ ယောက္ခမကြီးဆီက အမုန်းတွေ အမြင်မကြည်တာတွေ ကို ပဲ ရတယ် ကိုယ့်ကိုဆိုဘယ်တော့မှ ကြည့်မရဘူးလို့ ထင်နေတယ်ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ပေးနော်...

https://s9.kh1.co/__image/w=650,h=732,q=100/05/05c4be09406cfc7b8f7e8d2a67581df23e54c246.jpg

အရင်ဆုံး ယောက္ခကြီးကို ကိုယ်တိုင်ကရော ဘယ်လိုသဘောထားလဲဆိုတာ ပြန်သုံးသပ်ကြည့်ပါ....

ယောက္ခမဆီက အချစ်တွေကို မရဘူးဆိုတာ ကိုယ်တိုင်က ယောက္ခမအပေါ်ကို ဘယ်လောက်မေတ္တာရှိလဲဆိုတာပေါ်မှာလည်းမူတည်ပါတယ်။

https://s9.kh1.co/__image/w=640,h=426,q=100/7f/7f0dbb961d932c6dc824956c69775c37debc7dfb.jpg

ကိုယ်ကမှ မေတ္တာ မပေးနိုင်ရင် ဘယ်သူ့ဆီကမှလည်းစစ်မှန်တဲ့မေတ္တာကိုမမျှော်လင့်ပါနဲ့။ ကိုယ့်ယောက္ခမကို ကိုယ့်မွေးမေလောက်မချစ်ပေးနိုင်ရင်တောင် ကိုယ့်ထက်အသက်ကြီးတဲ့လူကြီးတစ်ယောက် ကိုယ့်အမျိုးသားကိုမွေးဖွားပေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ လေးစားချစ်ခင်ပြီး ကူညီဖေးရပေးတတ်ရပါမယ်။ ဒါမှလည်း ယောက္ခမဆီက ချစ်ခြင်းကို ပြန်လည်ခံစားရမှာပါနော်...

နောက်တစ်ချက်ကတော့ ကိုယ်နဲ့မနှိုင်းယှဉ်ပါနဲ့....

https://s9.kh1.co/__image/w=650,h=342,q=100/45/45c0976210839f93ed14bcf6bcd3d81a37a33071.jpg

နင့်အမေ ငါ ဘယ်သူ့ကို ပိုချစ်လဲလို့ မိန်းကလေးတချို့ကမေးတတ်ကြပါတယ်။ အချစ်စမ်းပြီးမေးတယ်ဆိုရင်တောင် ဒီလိုမေးခွန်းမျိုးကို ဘယ်တော့မှမမေးသင့်ပါဘူး။ မိခင်က မိခင်နေရာ ကိုယ်က ဇနီးမယားနေရာဖြစ်တာမလို့ ဒီလို ခွာရာချင်းတိုင်းတာမျိုးကို လုံးဝမလုပ်ပါနဲ့နော်...

https://s9.kh1.co/__image/w=650,h=325,q=100/8c/8ca708e81ece10dd96638e3309fcd672a268f4a4.jpg

မိဘအတွက်ဦးစားပေးသင့်တဲ့နေရာမှာ ပေးပြီး ကိုယ့်အတွက် ဦးစားပေးသင့်တဲ့နေရာမှာ ပေးနိုင်အောင် အမျိုးသားကို ပညာသားပါပါနဲ့ ပြောတတ်ဖို့လည်းလိုပါသေးတယ်။

နောက်ဆုံးအချက်ကတော့ ကိုယ်က အရင်ဦးစားပေးလိုက်တာပါပဲ…

https://s9.kh1.co/__image/w=650,h=339,q=100/75/7554267499d52b78c424762e99259e637006f066.jpg

မိခင်ဆိုတာ မိခင်အတ္တရှိပါတယ်...ကိုယ့်သားသမီးကို သူများက အပိုင်ရသွားပြီဆိုတဲ့အတွေးမျိုး နဲ့ ချွေးမတွေကို မုန်းတတ်ကြပါ။ ဒါကြောင့် ဒီလိုစိတ်မျိုးမခံစားရအောင် ကိုယ်က သူ့သားကို လုမယူပါဘူးဆိုတဲ့ အခြေနေမျိုးနဲ့လိမ္မာပါးနပ်စွာနေတတ်ဖို့လည်းလိုပါသေးတယ်။

https://s9.kh1.co/__image/w=616,h=411,q=100/6f/6f808d5c32abfc299aebdb52b182618a3715fd6c.jpg

အထူးသဖြင့် ကိုယ့်ယောကျ်ားက တစ်ခုခုကိုယ့်အတွက်ဝယ်လာတဲ့အခါ ကိုယ်က မိခင်ဖြစ်သူကို သူဦးမချရင်တောင်ကိုယ်ကအလိုက်တသိနဲ့ ဦးချတာမျိုး၊ ကိုယ့်ယောက်ျားက သူ့မိဘအတွက် မေ့နေရင်တောင် ကိုယ်က သတိပေး အကြံပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

https://s9.kh1.co/__image/w=650,h=445,q=100/e9/e98f626059bdb0e5cf1b3dfafe4945f9781adc33.webp

ဒါမှလည်း ဒီအမျိုးသမီး က ငါ့မိဘအတွက်လည်း သိတတ်လားဆိုပြီး အမျိုးသားက ကိုယ့်ဘေးမှာ အမြဲရပ်တည်ပေးချင်မှာပါ။ ယောက္ခမကြီးကလည်း သိတတ်တဲ့ သမီးလေးဆိုပြီး ချွေးမဆိုတာထက် သားထက်တောင်ပိုချစ်ရတဲ့ သမီးဖြစ်လာနိုင်ပါသေးတယ်နော်...

https://s9.kh1.co/__image/w=650,h=488,q=100/6f/6fda233d598954437d46ff4c62a434268665c71e.webp

အရာရာမှာ ကိုယ်က မေတ္တာ အရင်စပေးကြည့်ပါ... ကိုယ်ကစစ်မှန်တဲ့မေတ္တာပေးတာတောင် တစ်ဖက်က အရေးမလုပ်ဘူး တန်ဖိုးမထားဘူးဆိုရင် ရန်လည်းမူမနေတော့ပဲနေသာသလိုနေလိုက်ပါ။

ဒီလိုမှမဟုတ်ပဲကိုယ်ကလည်း မေတ္တာ မပေး တစ်ဖက်ယောက္ခမဆီကလည်းမေတ္တာလိုချင် သားဖြစ်သူကိုလည်း ကိုယ့်ရဲ့ဘက်တော်သားဖြစ်အောင် သိမ်းသွင်းချင်သေးတယ်ဆိုရင်တော့ အမြဲပြဿနာတက်နေကြရဦးမှာပါပဲ...

ကဲ အခုကစပြီး ယောက္ခမကြီးဆီက အချစ်တွေကို သိမ်းပိုက်နိုင်ကြပါစေနော်...

Source from sl (own creation)

Photos credit from Google

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T