ထူးဆန်းပြီး သဘာဝလွန် သီအိုရီတွေရှိနေတဲ့ 'ကမ္ဘာ့အလှဆုံး မမ်မီရုပ်အလောင်း

//s9.kh1.co/ae/ae2aa6bd619fa374054c406e10ea8dbbbc80984c.jpg
ဗဟုသုတအဖြာဖြာ

 ၀၉-သြ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

အီတလီနိုင်ငံ၊ Sicily မှာ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က သေဆုံးသွားခဲ့တဲ့ Rosalia Lombardo ရဲ့ မမ်မီရုပ်အလောင်းဟာ ကမ္ဘာ့အလှဆုံး ထိန်းသိမ်းထားသူလို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ မိန်းကလေးရဲ့ ရုပ်အလောင်းဟာ နှစ်ပေါင်းကြာရှည်နေပေမယ့်လည်း ရုပ်ပျက်ဆင်းပျက်သွားခြင်းမရှိဘဲ အိပ်နေသည့်အတိုင်း ရှိနေတာကြောင့်ပါ။ ဒါဟာ တကယ့်ကို ထူးဆန်းပြီး သဘာဝလွန် သီအိုရီတွေရှိနေတာတော့ သေချာပါတယ်။

Photo Credit - from google
Photo Credit - from google

ရုပ်အလောင်းကို အကောင်းအမွန်ဆုံး ထိန်းသိမ်းထားတာဖြစ်ပေမယ့် အလင်းရဲ့ လှည့်စားမှုလို့တောင် ထင်ကောင်းထင်ကြမှာပါ။ သူ့ရဲ့ ရွှေဝါရောင်ဆံပင် ၊ ဖယောင်းလေးလို ကျစ်လစ်လှတဲ့ ခန္ဓာကိုယ်ကအစ လူကောင်းပကတိအတိုင်း ရှိနေသေးတာ ဖြစ်ပါတယ်။

Photo Credit - from google
Photo Credit - from google

တစ်ခါတလေ လူတွေက ရုပ်အလောင်းဟာ မျက်တောင်လေးတောင် ခတ်တယ်လို့ ပြော‌ဆိုခဲ့တာတွေလည်း ရှိပါတယ်။ တချို့ကလည်း ဒီကလေးမလေးရဲ့ ရုပ်အလောင်းဟာ အစစ်မဟုတ်ဘူး ၊ ဖန်တီးထားတာလို့ ပြောဆိုတာတွေလည်းရှိပါတယ်။ တကယ်တော့ သူမကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ခဲ့လို့ ထင်ကြေးပေးကာ အတုအယောင်လို့ ခေါ်ကြပါတယ်။

Photo Credit - from google
Photo Credit - from google

စိတ်ဝင်စားစရာကောင်းတာက သုတေသနပညာရှင်များက ရုပ်အလောင်းကို စမ်းသပ်စစ်ဆေးကြည့်ရာမှာ ကလေးမရဲ့ အရုပ်အင်္ဂါများဟာ နဂိုအတိုင်းရှိနေဆဲဖြစ်ပြီး ဦးဏှောက်က မူလအရွယ်အစားရဲ့ ၅၀ ရာခိုင်နှုန်းလောက်သာ ကျုံ့သွားကြောင်း တွေ့ရှိခဲ့ရပါတယ်။ ပြီးတော့ ရုပ်အလောင်းကို အုပ်ထားတဲ့ စောင်ကို ဖယ်ရှားပြီး ဓာတ်မှန်ရိုက်ကြည့်ရာမှာလည်း ခြေထောက်နဲ့ လက်တွေဟာ နဂိုအတိုင်း ရှိနေခဲ့ပါတယ်။

Photo Credit - from google
Photo Credit - from google

မှတ်တမ်းတေွအရဆိုရင် Rosalia Lombardo ဟာ (13 ဒီဇင်ဘာ 1918 မှ 6 ဒီဇင်ဘာ 1920) တုန်းက ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးကြောင့် အဆုတ်ရောင်ရောဂါဖြင့် သေဆုံးခဲ့တဲ့ Sicilian ကလေးတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ သူမကို အီတလီနိုင်ငံ Palermo မြို့တော်ရှိ Capuchin catacombs ပြတိုက်မှာ ထားရှိပြီး လူအများကို ဆွဲဆောင်တဲ့ ရုပ်အလောင်းဖြစ်တာကြောင့် သူမကို နှစ်စဉ်လာရောက်ကြည့်ရှုသူ ထောင်နှင့်ချီပြီရှိကြောင်းသိရပါတယ်။

Photo Credit - from google
Photo Credit - from google

သတင်း အရင်းအမြစ်Source - Wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T