နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ ပီနန်အမျိုးသမီးရဲ့ အရိုးအကြွင်း

//s9.kh1.co/23/236ec7200b56cfce9272533b7a1fa12580e170f3.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-သြ-၂၀၂၂ ၇pm · လွန်ခဲ့သော ၂ နှစ် က

နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ ပီနန်အမျိုးသမီးရဲ့ အရိုးအကြွင်း

မလေးရှားနိုင်ငံ ပီနန်မြို့ Guar Kepah မှာ ၂၀၁၇ ခုနှစ်က နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိတဲ့ ပီနန်အမျိုးသမီးရဲ့ အရိုးအကြွင်းအကျန်တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးရဲ့ ရုပ်ကြွင်းများကို Gepah ရှေးဟောင်းသုတေသနပြခန်းအတွက် အဆောက်အအုံ တည်ဆောက်နေရင်း ဖောင်ဒေးရှင်းတူးရာမှာ မထင်မှာဘဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပညာရှင်များကတော့ သူမသေဆုံးချိန်မှာ အသက် ၄၀ ဝန်းကျင်လောက်ရှိပြီး သက်တမ်းအားဖြင့် ၅၇၀၀ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

အဆိုပါ အရိုးစုကို တူးဖော်တွေ့ရှိချိန်မှာ တစ်ခြမ်းစောင်းလျက် အနေအထားဖြင့် မြုပ်နှံထားတာဖြစ်ပြီး ဆိုးဆိုးရွားရွား ပျက်စီးခဲ့ခြင်းတော့ မရှိခဲ့ဘူး။ အရိုးစုတွေ့ရှိခဲ့တဲ့ နေရာဟာ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းနေရာ တစ်ခုဖြစ်ပြီး၂.၄ ဧက (၀.၉၇၁ ဟက်တာ) အကျယ်အဝန်းထိရှိပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

ပြီးတော့ ဒီ ရှးခေတ်ယဉ်ကျေးမှုနယ်မြေဟာ ကျွန်းဆွယ်ရှိ တစ်ခုတည်းသော သမိုင်းမတင်မီနေရာဖြစ်ပြီး ကမ်းရိုးတန်းဒေသအနီးမှာ လူသားများနေထိုင်ကြောင်း ဒီအရိုးစုတွေကအထောက်အထားအဖြစ် သက်သေပြခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုပါ အရိုးစုကို Universiti Sains Malaysia (USM) မှ သုတေသီအဖွဲ့တစ်ဖွဲ့က 3D ဂရပ်ဖစ်ကျွမ်းကျင်သူများနှင့်အတူ Penang အမျိုးသမီးရဲ့ မူလ မျက်နှာအသွင်အပြင်ကို ပြန်လည်တည်ဆောက်နိုင်ဖို့ကြိုးစားလုပ်ဆောင်နေပြီဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ်Source - Archaeologists

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T