တိတ်ဆိတ်ငြိမ်သက်ပြီး ဘာလမ်းမှမရှိတဲ့ ထူးထူးဆန်းဆန်း ရွာကလေး

//s9.kh1.co/76/761ebb024a9e996e217b15f2adff34684220c9ce.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-သြ-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

ဒီရွာမှာ ဘာလမ်းမှမရှိသလို ဘာကားမှလည်း မရှိပါဘူးတဲ့......(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဒတ်ခ်ျရွာသေးသေးလေးဖြစ်တဲ့ Giethoorn မှာ တိတ်ဆိတ်ငြိမ်သက်မှုက အိပ်မက်လိုလိုပါပဲ။ ဘယ်လောက်ထိ တိတ်ဆိတ်လဲဆို သင်ကိုယ်တိုင်တောင် အော် ဒီလောက်ထိ တိတ်ဆိတ်ငြိမ်သက်ပါလားဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီမှာဘာကားမှမရှိပါဘူး။ ဘာကားမှမရှိရတာဟာ ဘာလမ်းမှ မရှိနေလို့ပါပဲ။ ကားများကိုလည်း ဝင်ခွင့်မပြုပါဘူး။ Giethoorn ဆီ ဒေသခံများနဲ့ ဧည့်သည်များဟာ စက်ဘီး၊ လှေ သို့မဟုတ် ခြေလျင်ဖြင့် တိုးတိုးတိတ်တိတ် သွားလာကြပါတယ်။ ဒီနေရာလေးမှာ တစ်နေရာနဲ့တစ်နေရာ တံတားလေးများထိုးထားပါတယ်။

https://s9.kh1.co/__image/w=640,h=360,q=100/bd/bdaaf72aa0d6d456afdc976d1440083ef2796ec3.jpg
https://s9.kh1.co/__image/w=650,h=488,q=100/ba/bab740570bfcc387352c2292035ed3581cbd03d0.jpg

ရွာရဲ့အမည်ဟာ ၁၃ ရာစုကနေ စတင်ခဲ့ပါတယ်။ ၁၁၇၀ ခုနှစ် ရေလွှမ်းမိုးမှုတုန်းက သေဆုံးသွားကြောင်း ယူဆရတဲ့ တောဆိတ်များရဲ့ ဦးချိုအစုအဝေးကို ရွာမှာ မူလပထမဆုံး အခြေချနေထိုင်သူ လယ်သမားများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ကနေ “ဆိတ်ဦးချို” သို့မဟုတ် “Geytenhoren” ကို Giethoorn လို့ အတိုချုံးပြီး နာမည်ပေါ်ပေါက်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/17/17ba861eeac24d975213174143996232b2818fb1.jpg
https://s9.kh1.co/__image/w=650,h=434,q=100/63/6333aa0e8072b9f9c1d3d1f94a1d7c1c231b1c5e.webp

အနီးနားရှိ De Weerribben-Wieden အမျိုးသားဥယျာဉ်မှာ တောရိုင်းတိရစ္ဆာန်များပြားစွာရှိပါတယ်။ လှေလှော်များ၊ ကနူးလှေများပေါ်တွင် ရေလမ်းဖြင့် ဖြတ်သန်းနိုင်သလို တောင်တက်လမ်းများစွာနဲ့လည်း ဖြတ်သန်းနိုင်ပါတယ်။ မော်တာလိုမျိုး ဆူညံသံ မရှိဘဲ၊ သဘာဝ အသံများက ရှုခင်း အားလုံးကို အာရုံခံစားမှု အတွက် အသက်ဝင်စေပါတယ်။ နယ်သာလန်က တော်တော်ကို တိတ်ဆိတ်ငြိမ်သက်တဲ့ ရွာလေးတစ်ရွာပါပဲ။

https://s9.kh1.co/__image/w=650,h=436,q=100/8e/8ee3dd691da3e8346ff8bf10b9388b9029f3f979.jpg
https://s9.kh1.co/__image/w=650,h=432,q=100/1c/1cc6318205f7ccd990e0590401b4cd912e59826c.jpg

သတင်း အရင်းအမြစ်National Geographic

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T