Season 2 အတွက်ဆွေးနွေးနေပြီဖြစ်တဲ့ "Extraordinary Attorney Woo"…

//s9.kh1.co/2f/2f138b883be984ade86670307e3f84b80ee0140a.jpg
အနုပညာရှင်များ

 ၀၆-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၂ နှစ် က

ဇာတ်ဆောင်မင်းသား Kang Tae Oh ဟာဆိုရင် ယခုနှစ်အတွင်း…

မကြာသေးမီက၊ "Extraordinary Attorney Woo" ဟာသူ့ရဲ့ ကောင်းမွန်သော ဇာတ်ညွှန်းနဲ့ ထက်မြက်သော သရုပ်ဆောင်မှုများကြောင့် အထူးသဖြင့် အမျိုးသမီးဇာတ်ဆောင်ဖြစ်သည့် Park Eun Bin ရဲ့ ပြောင်မြောက်သော စွမ်းဆောင်ရည်‌‌တွေကြောင့် ကိုရီးယားရုပ်ရှင်လောကကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/2c/2c8d66515da0f3961796155bf8a0e698dd2b29ab.jpeg

စီးရီးဟာ အစပိုင်းမှာတော့ အာရုံစိုက်မှုများစွာမရရှိခဲ့ပေမယ့် တဖြည်းဖြည်းကြည့်ရှုသူများလာကာ ဇာတ်ကားကောင်းအဖြစ် လျင်မြန်စွာ သက်သေပြနိုင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့က‌တော့ နိဂုံးမချုပ်ရသေးပေမယ့် ပရိသတ်တော်တော်များများက Season 2 ကို တောင်းဆိုနေကြပါပြီ။

https://s9.kh1.co/__image/w=650,h=434,q=100/f3/f3b832ffaa3cb398780ec0e6931a5bd1a30af1dc.jpg

အခုလိုတောင်းဆိုချက်တွေအပေါ် ဒါရိုက်တာက ထုတ်လုပ်ရေးစင်မြင့်မှာ နောက်တစ်ခါပြန်‌ပေါ်လာနိုင်ပေမယ့် စီးရီးအသစ်ပြန်လုပ်ဖို့က အများကြီးလိုတယ်လို့ ပြောပါတယ်။ ဒါရိုက်တာ Yoo In Sik ရဲ့ အဆိုအရ ဒရာမာတစ်ကားရဲ့ အဆင့်သတ်မှတ်ချက်များဟာ သူ့ရဲ့ Season 2 အတွက် အရေးကြီးပါတယ်။ 

https://s9.kh1.co/__image/w=425,h=425,q=100/c4/c41c7d9cc5ebdd2863ca7e0ac1558b8a7a669d6d.jpg

ဒါ့အပြင်၊ သရုပ်ဆောင်‌တွေအားလုံးကို ထပ်မံစုစည်းပြီး နောက်ထပ်ရိုက်ကူးမှုလုပ်ဖို့အတွက် သူတို့ရဲ့အချိန်ဇယားနှင့် ကိုက်ညီဖို့ ခက်ခဲပါတယ်။ ဇာတ်ဆောင်မင်းသား Kang Tae Oh ဟာဆိုရင် ယခုနှစ်အတွင်း စစ်မှုထမ်းတော့မှာဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Park Eun Bin ဟာလည်း သူမရဲ့နောက်ထပ်ပရောဂျက်အတွက် ဆွေးနွေးမှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/fb/fbf4309c2c02e56f2fbed341b5364cf7bf1569e9.jpeg

ဒါ့ကြောင့် ဒါရိုက်တာက"Extraordinary Attorney Woo" ရဲ့ Season 2 အတွက်  Kang Tae Oh ရဲ့အခြေအနေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး  Kang Tae Oh နေရာကို အစားထိုးလိုက်တာက လူတော်တော်များများကို စိတ်ပျက်စေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/94/94841e48016f3410472ff8b7794699b70cca1e7d.jpg

တစ်ဖက်မှာလည်း ထုတ်လုပ်ရေးအဖွဲ့ဟာ Kang Tae Oh ကို season 2 အတွက် စောင့်ဆိုင်းနေပါက ဒရာမာ၏ရေပန်းစားမှုသည် အလွန်လျော့ကျသွားမှာဖြစ်ကြောင်း ထောက်ပြတာတွေလည်း ရှိနေပါတယ်။

Photos-credit

Source- KBIZOOM 

Bhone Min
Bhone Min

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T