Hans Nilson Langseth (ဟန်းစ် နေးဆန်း လန်းစက်) ကို ဇူလိုင် 14၊ 1846 မှာမွေးဖွားခဲ့ပါတယ်။ သူဟာ ကမ္ဘာ့မုတ်ဆိတ်မွေးအရှည်ဆုံး နော်ဝေ-အမေရိကန်နိုင်ငံသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ Langseth ကို 1846 Eidsvoll တွင်မွေးဖွားခဲ့ပြီး 1867 မှာ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ Anna Berntsen နှင့် 1870 မှာလက်ထပ်ခဲ့ပြီးနောက် Minnesota၊ Clay County၊ Elkton Township မှာ လယ်သမားအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ သူ့ဘဝရဲ့ နောက်ပိုင်းမှာ သူဟာ ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ မုတ်ဆိတ်မွေးကို စတင်အရှည်ထားခဲ့ပြီး ပြိုင်ပွဲမှာ အနိုင်ရခဲ့ပါတယ်။


သူရဲ့ နောက်ပိုင်းဘဝမှာ သူဟာ မုတ်ဆိတ်မွေးကို ပြသမယ့် ထူးဆန်းတဲ့ ပြကွက်တစ်ခုအဖြစ် အမေရိကန်ပြည်ထောင်စုကို ခရီးလှည့်လည်ခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ဟာ Hans အသက်ရှင်နေစဉ်အချိန်က ပြန်တည်ရှိခဲ့မယ်ဆိုရင် အဲဒီလူဟာ သူ့ရဲ့ထူးထူးဆန်းဆန်းမှတ်တမ်းများစွာထဲက တစ်ခုကို သေချာပေါက် ကိုင်ဆောင်ထားနိုင်မှာပါ။ သူရဲ့မုတ်ဆိတ်မွှေးအရှည်ဟာ တော်တော်ကိုရှည်ပြီး အဲ့ဒီမုတ်ဆိတ်မွှေးကြောင့်ပဲ သေဆုံးရခြင်းအတွက် ပိုပြီးတောင်ကျော်ကြားလာခဲ့ပါတယ်။


တစ်စုံတစ်ယောက်သေဆုံးခြင်းသည် ရယ်စရာမဟုတ်ပေမယ့်လည်း မယုံနိုင်စရာ ကောင်းလှပါတယ်။ တစ်နေ့မှာ Hans ဟာ မုတ်ဆိတ်ရှည်ပေါ်ကို မတော်တဆ ခလုတ်တိုက်မိသွားပုံပါပဲ။ အဲ့တာကြောင့် သူလည်း ဟန်ချက်ပျက်ပြီး ချော်လဲကာ မမျှော်လင့်ထားတဲ့ မတော်တဆမှုကနေ လည်းပင်ကျိုးပြီး ချက်ချင်းသေသွားပါတယ်။ သူသေဆုံးတဲ့အခါမှာ သူရဲ့မုတ်ဆိတ်ဟာ 5.33 မီတာ (17.5 ပေ) ရှိပါတယ်။ သူ့ရဲ့မုတ်ဆိတ်မွှေးကို 1967 ခုနှစ်မှာ Smithsonian Institution ရှိ မနုဿဗေဒဌာနသို့ လှူဒါန်းခဲ့ပါတယ်။


သတင်း အရင်းအမြစ်៖ The cabinet of curiosities