Ai တွေဟာစတင်ပေါ်ပေါက်ခဲ့ချိန်ကနေ ခုချိန်ထိတောက်လျှောက် လူသားတွေကို မျိုးစုံအကျိုးပြုနေကြပါတယ်။မီဒီယာပိုင်းမှာဆိုရင်လည်း Software ပေါင်းစုံနဲ့ ပုံတွေ၊နည်းပညာတွေကို တောက်လျှောက်ဖန်တီးနိုင်ပြီး နေ့တိုင်းအသုံးပြုနေကြတဲ့ ဖုန်းကင်မရာတွေမှာတောင် Ai အကူအညီကိုရယူပြီး ပုံတွေအများကြီးကို ရိုက်ကူးရယူနိုင်နေကြပါတယ်။

ခုချိန်မှာတော့ Ai တွေဟာ Graphic Design ဖက်ကိုပါ ထဲထဲဝင်ဝင် ပါလာပါပြီ။လတ်တလော Graphic Designer လောကမှာနာမည်ကြီးနေတဲ့ Midjourney ဆိုတဲ့ Ai software တစ်ခုဟာဆိုရင် မယုံနိုင်စရာကောင်းလောက်အောင် Graphic Design တွေကို အချိန်တိုအတွင်း Generate လုပ်ပေးနိုင်တဲ့ အမြန်ဆုံး software တစ်ခုဖြစ်လာပြီး Photo Generated Ai တွေထဲမှာ အကောင်းဆုံးအဖြစ်ရပ်တည်လျက်ရှိပါတယ်။

Midjourney ဟာပြီးခဲ့တဲ့လက နာဆာလွှတ်တင်ထားတဲ့ James Webb Telescope ကနေရိုက်ကူးထားတဲ့ပုံတွေကို Inspire ယူဖန်တီးထားတဲ့ Ai လို့သိရပါတယ်။သူ့ရဲ့လုပ်ဆောင်ချက်က OpenAi ရဲ့ DALL-E software နဲ့အတော်လေးဆင်တူပါတယ်။စကားလုံးတွေနဲ့ဖော်ပြတဲ့ Description တွေကို ပုံတွေအဖြစ်ပြန်လည် Generate လုပ်ပေးတဲ့ software ဖြစ်ပြီး ဖန်တီးခဲ့သူကတော့ ကွန်ပြူတာဆင်ဆာတွေထုတ်လုပ်တဲ့ Leap Motion ကုမ္ပဏီကို ပူးပေါင်းတည်ထောင်သူ David Holz ဆိုသူဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ software ကို Beta အဖြစ်သာစမ်းသပ်အသုံးပြုနိုင်ပါသေးတယ်။အသုံးပြုဖို့အတွက် Discord တော့လိုအပ်မှာဖြစ်ပြီး ကိုယ့် Discord Account နဲ့ Midjourney Channel ကို Join ကာ Sever တစ်ခုထဲမှာ Keyword တွေရိုက်ထည့်ပြီး ပုံတွေ Generate လုပ်နိုင်မှာဖြစ်ပါတယ်။ပထမဆုံး Midjourney Website ထဲဝင် Join Beta ကနေ Discord ထဲဝင်ကာ Generate Sever တစ်ခုထဲဝင်ရပါမယ်။များသောအားဖြင့် Sever တွေက အရမ်း Traffic များလို့ ကိုယ်သုံးလို့ရမယ့် Sever ကိုတော့စိတ်ရှည်လက်ရှည်ရှာရပါမယ်။

Generate Sever တွေဖြစ်စေ Newcomer Sever ဖြစ်စေ ကြိုက်တာ Join ပြီးရင်တော့ Keyword တွေနဲ့ပုံစဆွဲနိုင်ပါပြီ။ Text Box ထဲမှာ /imagine နောက်မှာ ကိုယ်ထည့်ချင်တဲ့ Keyword ကိုရိုက်ပြီး Enter ခေါက်လိုက်တာနဲ့ ကိုယ့်ကိုပေးမယ့်ပုံကို တစ်မိနစ်အတွင်း အလိုအလျောက် Generate လုပ်ပေးကာ Render ကို ရာခိုင်နှုန်းနဲ့ချပေးမှာပါ။၁၀၀ ရာခိုင်နှုန်းပြည့်သွားရင် ပုံကို Save နိုင်ပါပြီ။

Sever ထဲမှာကတခြားလူတွေအများကြီးကပါ အချိန်တိုင်း ပုံတွေ Generate လုပ်နေကြလို့ ပုံကိုမြန်မြန်တော့ Save ရပါလိမ့်မယ်။ကိုယ်လိုချင်တဲ့စာလေးတွေ ရိုက်တင်လိုက်ယုံနဲ့ ရင်သပ်ရှူမောလောက်စရာ Graphic ပုံရိပ်တွေကိုချပြပေးမှာမလို့ သုံးရလွယ်ကူပြီး အရမ်းအသုံးဝင်တဲ့ Ai တစ်ခုဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ ပုံတော်တော်များများကို အခမဲ့ပေးလုပ်ပြီး နောက်ပိုင်းမှာတော့ Fee နဲ့ကောက်ခံပြီးပုံတွေဆွဲပေးသွားမယ်လို့သိရပါတယ်။တခြား Ai Software တွေလည်းအများကြီးရှိပေမဲ့ Midjourney ဟာ Device မျိုးစုံပေါ်မှာအသုံးပြုနိုင်ကာ သုံးရလည်းလွယ်တာကြောင့် လူသိများနေကြတာပါ။
အောက်ကပုံတွေကတော့ အဲ့ဒီ Midjourney Ai နဲ့ဖန်တီးထားတဲ့ ပုံတွေဖြစ်ပါတယ်။
Image via Midjourney Discord