လေ့လာမှုအချို့အရ အသက် 4 နှစ်အရွယ် ကလေးငယ်များဟာ တစ်နေ့ကို မေးခွန်း 200 မှ 300 အထိမေးကြပါတယ်။ A More Beautiful Question ကိုရေးသားသူ Warren Berger က ကလေးများဟာ အသက် 2 နှစ်မှ 5 နှစ်ကြားမှာ ပျမ်းမျှမေးခွန်း 40,000 ကိုမေးကြောင်း ပြောခဲ့ပါတယ်။ နောက်နှစ်နှစ်လောက်မှာ ကလေးတွေ ကျောင်းသွားတဲ့အခါ သူတို့မေးတဲ့ မေးခွန်းအရေအတွက် ကျဆင်းလာတာကိုလည်း Berger က တွေ့ရှိခဲ့ပါတယ်။


မမေးရတော့တဲ့ အကြောင်းရင်းများကတော့ ကွဲပြားပါတယ်။ မေးခွန်းတွေ များတာကြောင့် မိဘများအတွက် ဖြေဆိုရန် ပင်ပန်းပါတယ်။ ဆရာ/ဆရာမတွေက ကလေးတွေရဲ့ အဖြေကို သေချာသိအောင်လုပ်ရပါမယ်။ မေးခွန်းများမေးခြင်းဟာ တစ်စုံတစ်ခုကို မသိခြင်းနှင့် ဆက်စပ်နေနိုင်ပါတယ်။ ဒါပေမယ့် မေးခွန်းများမေးခြင်းဟာ သင်ယူခြင်းအတွက် မရှိမဖြစ်လိုအပ်ပြီး ဒါဟာ ကလေးများကို သဘာဝအတိုင်း လုပ်ဆောင်တဲ့ အရာဖြစ်ပါတယ်။ KQED ရဲ့ Mind/Shift အတွက် Berger ရဲ့ သုတေသနအကြောင်း ရေးသားရာမှာ Katrina Schwartz က ခုလို ပြောခဲ့ပါတယ်။


စူးစမ်းလိုစိတ်ဟာ လူ့အတွေ့အကြုံထဲကို တိုးဝင်လာပါတယ်။ ငယ်ရွယ်တဲ့ကလေးများဟာ အသစ်အဆန်းတစ်ခုခုကို ကြုံတွေ့ရပြီး အဲ့ဒီအကြောင်းကို အနည်းငယ်လေ့လာပါ၊ စူးစမ်းလေ့လာကာ ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုစီတွင် အချက်အလက်အနည်းငယ်ကို ဆက်လက်ထည့်သွင်းပါ။ တစ်သက်တာလုံးလုံး ကြိုးစားအားထုတ်မှုအဖြစ် ခံယူထားတဲ့အခါမှာ တစ်စုံတစ်ခုအကြောင်း အနည်းငယ်လေ့လာခြင်းဟာ ပိုမိုလေ့လာရန် နေရာပွင့်စေပါတယ်...ဆိုပြီး Katrina Schwartz ကပြောခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ tinybop