ဒီလူက ကိုယ့်ဘ၀အတွက် စစ်မှန်တဲ့လက်တွဲဖော်ဆိုတာ ဒီအချက်တွေကနေသိစေနိုင်...

//s9.kh1.co/6d/6d14a44a4f273587b09d4200a99da324b57c6827.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-သြ-၂၀၂၂ ၉am · လွန်ခဲ့သော ၃ နှစ် က

ဒီလူက ကိုယ့်ဘ၀အတွက် စစ်မှန်တဲ့လက်တွဲဖော်ဆိုတာ ဒီအချက်တွေကနေသိစေနိုင်...

ကိုယ့်ဘ၀အတွက် True Person ကို ပိုင်ဆိုင်ထားပြီလား? ဒါဆိုရင်တော့ မင်းက ကမ္ဘာပေါ်က လူတွေထဲမှာ ကံကောင်းတဲ့လူတစ်ယောက်လို့ ဆိုလို့ရပါတယ်နော်...

မိသားစုလည်းမဟုတ်သွေးသားလည်းမတော်စပ်ပဲ လူသန်းပေါင်းများစွာထဲကမှ ကိုယ့်အပေါ်ကို စစ်မှန်တဲ့ မေတ္တာထားနိုင်တဲ့သူစိမ်းဆိုတာ အင်မတန်ရှားပါးပါတယ်။ ဒီတော့လက်ရှိ ကိုယ်ပိုင်ဆိုင်ထားတဲ့ ချစ်သူက ကိုယ့်ဘ၀အတွက် စစ်မှန်တဲ့လက်တွဲဖော် ဆိုတာ ကိုဘယ်လိုအချက်တွေကနေသိနိုင်လဲ?...

https://s9.kh1.co/__image/w=650,h=366,q=100/cf/cf31f71bd4569e571732f0ecf8185a9943afd978.jpg

(၁) ကိုယ့်အပေါ်အမှန်တိုင်းမြင်ပေးတဲ့သူ

                ကိုယ့်ရဲ့ good side,dark side အားလုံးကို လက်ခံပေးနိုင်တဲ့သူမျိုးပါ။ ကိုယ်ရဲ့ကောင်းကွက်တိုင်းကိုလည်းဂုဏ်ယူပေးနိုင်သလို ကိုယ့်ရဲ့အားနည်းချက်

တိုင်းကိုလည်း နားလည်လက်ခံပြီး ပြုပြင်ပေးရင်းနဲ့ ချစ်နိုင်တဲ့သူဆိုရင်တော့ True person ပါပဲ။

https://s9.kh1.co/__image/w=650,h=365,q=100/59/59bf6c9c1f87434e4a65f71396fd5076b64ad75a.jpg

(၂) နောက်ပြန်လှည့်ကြည့်စရာမလိုလောက်အောင် စိတ်လုံခြုံစေရသူ

                Relationship တစ်ခုမှာအလိုအပ်ဆုံးက သစ္စာတရားပါ။ ကိုယ့်မျက်စိရှေ့မှာတင်မဟုတ်ပဲ ကွယ်ရာရောက်နေရင်တောင် စိတ်ပူစရာမလိုတဲ့ လူမျိုးကိုရထားရင် တကယ်ကို ကံကောင်းပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/cc/cc2774e9f315214537cb715108ea0ef9c3b6cd0f.jpg

(၃) ကြင်နာနွေးထွေးမှုရှိသူ

                ချစ်တော့ချစ်တယ် မကြင်နာတတ်ဘူးလို့ပြောရင် အလကားပါ။ တစ်ယောက်နဲ့တစ်ယောက်မေတ္တာရှိလာတဲ့အခါ ကြင်နာနွေးထွေးမှုဆိုတာ သူ့အလိုလိုပေါက်ဖွာလာတာချည်းပါပဲ။ ကိုယ့်အပေါ်နွေးနွေးထွေးထွေးနဲ့ဆက်ဆံ တတ်တဲ့ သူကို ရထားတာဟာ ဘ၀ရဲ့ ဆုလာဘ်တစ်ခုပါပဲ။

https://s9.kh1.co/__image/w=650,h=975,q=100/84/842a8014be20143ab1e0d999eff482175192baec.jpg

(၄) သူ့ဘ၀ရဲ့ရှေ့ရေးမှာ ကိုယ့်အတွက်နေရာအပြည့်ပေးထားသူ

                သူ့ရဲ့အနာဂတ် Plan တိုင်းမှာ ကိုယ်က အမြဲပါနေပြီဆိုရင်တော့ သေချာပါပြီ ဒီလူက မင်းကို တကယ်ချစ်တာပါပဲ။ လူတစ်ယောက်က သူ့အနာဂတ်ကို စဉ်းစားတဲ့အခါတိုင်း ကိုယ့်အတွက်ပဲကိုယ်စဉ်းစားလေ့ရှိပေမယ့် သူ့အနာဂတ်မှာ သင့်အတွက်နေရာပေးထားပြီဆိုရင်တော့ true person ဆိုတာသေချာသလောက်ရှိပါပြီ။

https://s9.kh1.co/__image/w=650,h=433,q=100/96/9677f65e6497a2e8b64a726a8c40eaed3ab0ffd9.webp

(၅) အေးတူပူမျှ ခံစားပေးတတ်သူ

                သူ့ရဲ့ကောင်းကျိုးဆိုးကျိုးတိုင်းကိုလည်းတိုင်ပင်ပြောပြတတ်ပြီး၊ ကိုယ့်ရဲ့ စိတ်ခံစားမှုတိုင်း၊ပြဿနာတိုင်းကိုလည်း အချိန်ပေးပြီး နားထောင် ခံစားပေးတတ်တဲ့သူမျိုးပါ။ ဒီလိုလူမျိုးကတော့တစ်ဘ၀လုံးအတွက် သူငယ်ချင်းရော ၊ ချစ်ရသူပါ ဖြစ်ပေးနိုင်တာမလို့မင်းအတွက်ကံကောင်းပါတယ်။တကယ်တော့ Ro ပြမှ၊ သ၀န်တွေပတ်တိုပြမှ၊ အပိုစာသားတွေ Facebook မှာချရေးပြမှ ချစ်ခြင်းမေတ္တာက အသက်၀င်တာမဟုတ်ပါဘူး။

https://s9.kh1.co/__image/w=650,h=435,q=100/49/499c01b8a3f9f1b1c2ee7938eaa76cb4c86f4ab0.jpg

အေးချမ်းတဲ့ စိတ်လုံခြုံမှုကိုအပြည့်အ၀ရရှိသွားပြီး အချစ်ရေးမှာ နောက်ဆံတင်းစရာလည်းမလိုတော့ဘူးဆိုတာနဲ့တင် true person တစ်ယောက်ဖြစ်ဖို့ ပြည့်စုံနေပါပြီ...လက်ရှိမှာကိုယ်က ဒီလိုလူမျိုးကို ပိုင်ဆိုင်ထားရပြီဆိုရင်တော့ လက်မလွှတ်ပဲ ပိုပြီးတန်ဖိုးထားချစ်သွားနိုင်ကြပါစေနော်...

Source from sl(own creation)

Photos credit from Google

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T