အပြာရောင် ဝေလငါးဟာ ကြီးမားလှတဲ့ သတ္တဝါဖြစ်ပြီး ကမ္ဘာပေါ်က ဒိုင်နိုဆောအများစုထက်ပင် အရွယ်အစားအကြီးဆုံး သက်ရှိသတ္တဝါဖြစ်ပါတယ်။ အပြာရောင်ဝေလငါးများရဲ့ အကြီးဆုံးအရွယ်ဟာ အရှည်ပေ 100 ကျော်ရှိပြီး တန်ချိန် 180 ကျော် အလေးချိန်ရှိပါတယ်။ တကယ်တော့ အပြာရောင်ဝေလငါးနဲ့ပတ်သက်တဲ့ သူ့ရဲ့သွေးလွှတ်ကြောတွေ၊ နှလုံးအပါအဝင် အရာအားလုံးဟာ ကြီးမားပါတယ်။ ပျမ်းမျှအားဖြင့် အပြာရောင် ဝေလငါးအများစုဟာ အရှည်ပေ ၇၀ မှ ၉၀ အတွင်း ကြီးထွားကြပြီး အလေးချိန် တန် ၁၀၀ မှ ၁၅၀ ခန့်ရှိပါတယ်။

ကြီးမားသော သွေးလွှတ်ကြောများ

အပြာရောင် ဝေလငါးကြီးရဲ့ ခန္ဓာကိုယ်ကြီးမှတစ်ဆင့် သွေးများရရှိရန် သူ့မှာ ကြီးမားတဲ့သွေးကြောများရှိပြီး နှလုံးမှတဆင့် သွေးများကို သူ့ရဲ့ အဓိကအင်္ဂါများ အတွင်းကို ညှစ်ထုတ်ပေးပါတယ်။ သွေးကြောတွေက ကြီးမားလွန်းတာကြောင့် လူတစ်ယောက်က အဲ့သွေးကြောထဲမှာတင် ရေကူးနိုင်ပါတယ်။ သွေးလွှတ်ကျော် တစ်ခုတည်းတင် ၉ လက်မကျော်ရှိပါတယ်။ အပြာရောင် ဝေလငါးရဲ့ နှလုံးဟာ ပေါင် ၄၀၀ ကျော် အလေးချိန်ရှိနိုင်ပါတယ်။
နှလုံးအရွယ်အစား

အရွယ်အစားအရ အပြာရောင်ဝေလငါးရဲ့ နှလုံးဟာ ဂေါက်ကွင်းကား သို့မဟုတ် Go-Kart အရွယ်အစားခန့်ရှိပါတယ်။ နှလုံးဟာ Volkswagen (ကားတစ်မျိုး) ရဲ့ အရွယ်အစားလို့ ယခင်က ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီက တိုင်းတာချက်များအရ နှလုံးဟာ သေးငယ်တဲ့ ဂေါက်ကွင်းကား သို့မဟုတ် Go-kart အရွယ်အစားနဲ့ ပိုမိုနီးစပ်စေပါတယ်။ လူတစ်ယောက်ရဲ့နှလုံးကို အပြာရောင်ဝေလငါးရဲ့နှလုံးနဲ့ နှိုင်းယှဉ်တဲ့အခါမှာ လူ့နှလုံးရဲ့ ပျမ်းမျှအရွယ်အစားဟာ အဲ့လူရဲ့လက်သီးနှင့်တူညီပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ နှလုံးဟာ တစ်ပေါင်အောက်သာရှိပါတယ်။ ဆန့်ကျင်ဘက်အားဖြင့် ဝေလငါးပြာရဲ့ နှလုံးဟာ ပေါင် ၄၀၀ ကျော် အလေးချိန်ရှိနိုင်ပါတယ်။
နှလုံးခုန်နှုန်း

ရေငုပ်တဲ့အခါ နှလုံးခုန်နှုန်းဟာ 2-10 BPM (တစ်မိနစ်ကို ၂ ကြိမ်ကနေ ၁၀ ကြိမ်) ရှိပြီး သူ့ရဲ့နှလုံးခုန်သံကို ၂ မိုင်အဝေးက ကြားနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ရေအောက်မငုပ်နေပဲ ရေပေါ်မှာဆိုရင် နှလုံးခုန်နှုန်းဟာ 25 - 37 BPM (တစ်မိနစ်ကို ၂၅ ကြိမ်ကနေ ၃၇ ကြိမ်) ထိကို မြင့်တက်လာပါတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ရေနေသတ္တဝါတွေမဟုတ်တဲ့ တိရိစ္ဆာန်တွေထက်ကို ရေအောက်မှာ ပိုကြာကြာ အသက်ရှုနိုင်ပါတယ်တဲ့။ ကြီးမားတဲ့ နှလုံးခုန်နှုန်းနဲ့ နှေးကွေးတဲ့ နှလုံးခုန်နှုန်းသည် အပြာရောင်ဝေလငါးများရဲ့ သွေး/အောက်ဆီဂျင်ပမာဏကို အချိန်အတော်ကြာ ရေငုပ်နေစဉ်အတွင်း ထိရောက်စွာစီမံခန့်ခွဲရန် ကူညီပေးပါတယ်။ အပြာရောင်ဝေလငါးနှင့် နှိုင်းယှဉ်ပါက လင်းပိုင်ရဲ့ နှလုံးဟာ တစ်မိနစ်လျှင် နှလုံးခုန်နှုန်း ၃၅-၄၅ ကြိမ်ရှိပြီး လူသားရဲ့နှလုံးဟာ တစ်မိနစ်လျှင် ပျမ်းမျှနှလုံးခုန်နှုန်း ၆၀-၁၀၀ ဝန်းကျင်ရှိပါတယ်။
အပြာရောင်ဝေလငါးများရဲ့ အခြားစိတ်ဝင်စားဖွယ်အချက်အလက်များ

မွေးစမှာပင် အပြာရောင် ဝေလငါးဟာ ကြီးမားပါတယ်။ အရှည် 25 ပေ (အရွယ်ရောက်ပြီးသာဖြစ်တဲ့ Killer Whale အရွယ်အစားနဲ့တူညီပါတယ်) ဖြင့်တိုင်းတာတဲ့ အပြာရောင် ဝေလငါးကလေးဟာ တစ်နေ့လျှင် နို့ဂါလံ 150 အထိသောက်နိုင်ပြီး သူ့ရဲ့ပထမနှစ်မှာ တစ်ရက်လျှင် ပေါင် 200 အထိတက်လာပါတယ်။ သူ့ရဲ့စွမ်းအင်ကို ထိန်းထားရန် အရွယ်ရောက်ပြီးသား အပြာရောင် ဝေလငါးတစ်ကောင်ဟာ တစ်နေ့လျှင် ကီလို သန်း ၄၀ သို့မဟုတ် ပေါင် ၈၀၀၀ အထိ စားသုံးနိုင်ပါတယ်။ ရွှေ့ပြောင်းနေထိုင်တဲ့ ကာလများမှာ အပြာရောင်ဝေလငါးဟာ လပေါင်းများစွာ အစာစားခြင်းကို ရပ်တန့်နိုင်ပြီး သူ့မှာ သိမ်းဆည်းထားတဲ့ စွမ်းအင်သီးသန့်နီးပါးဖြင့် အသက်ရှင်နေပါတယ်။

“အပြာရောင် ဝေလငါး” လို့ အမည်ပေးခဲ့ပေမယ့်လည်း ဒီရေနေနို့တိုက်သတ္တဝါဟာ အမှန်တကယ်တော့ မီးခိုးပြာရောင်နှင့် ပိုနီးစပ်ပုံရပါတယ်။ အပြာရောင် ဝေလငါးတစ်ကောင်ကို လေ့လာကြည့်တဲ့အခါ အပြာရင့်ရောင်ဟာ ရေအောက်မှာ နစ်မြုပ်နေတာကြောင့် ဝေလငါးကို နက်ပြာရောင်လို့ ထင်ရစေပါတယ်။ အပြာရောင် ဝေလငါးကြီးဟာ ကြီးမားပေမယ့်လည်း သူဟာ ခြိမ်းခြောက်မှု သို့မဟုတ် လန့်ဖျပ်သွားတဲ့အခါ တစ်နာရီလျှင် မိုင် 30 နှုန်းအထိ ခရီးတိုသွားနိုင်လောက်အောင် သွယ်လျလျင်မြန်တဲ့ ခန္ဓာကိုယ်ရှိပါတယ်။ အပြာရောင် ဝေလငါးရဲ့ အကြီးဆုံး တိုင်းတာမှုမှာ ၁၀၉ ပေရှိပြီး အလေးဆုံး အပြာရောင် ဝေလငါးဟာ တန်ချိန် ၂၀၀ ခန့် ရှိပါတယ်။
သတင်း အရင်းအမြစ်៖ Whale Facts