ပထမဆုံး နေကာမျက်မှန်ကို 12 ရာစု တရုတ်နိုင်ငံမှာ တစ်ချိန်က တီထွင်ခဲ့ပါတယ်။ မျက်မှန်ဟာ နေရောင်မှ အလင်းရောင်ကို ပိတ်ဆို့ရန် ပြုလုပ်ထားတဲ့ မီးခိုးရောင် quartz များ ဖြစ်ပါတယ်။ မူလဘောင်များဟာ သုံးစွဲသူရဲ့မျက်နှာနှင့် ဆန့်ကျင်ဘက်ဖြစ်အောင် အကြမ်းဖျင်းပုံဖော်ထားတဲ့ ဖရိန်များဖြစ်ပါတယ်။ အလွန်ချမ်းသာသူများအတွက်သာ ပြုလုပ်ထားတဲ့ အမိုက်စား အမဲေရာင်မျက်မှန်များဟာ အမြင်အာရုံကို ပြုပြင်ထားခြင်း မရှိတဲ့အပြင် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်များကို မကာကွယ်နိုင်ပါဘူး။

ဒါပေမယ့်လည်း ဒီမျက်မှန်တွေဟာ သုံးစွဲသူရဲ့ မျက်လုံးထဲကုိ အဆက်မပြတ် တောက်နေတဲ့ နေရောင်ခြည်ဒဏ်မှ သက်သာရာရစေကာ အခြားသူများထံမှ ခံစားချက်များကို ဖုံးကွယ်ရန်အတွက်လည်း အသုံးပြုခဲ့ကြပါတယ်။ ဒါကြောင့် ခံစားချက်များကို ဖုံးကွယ်ရန်အတွက် မီးခိုးရောင် quartz မှန်ဘီလူးများကို ပုံမှန်ဝတ်ဆင်လေ့ရှိတဲ့ တရုတ်တရားသူကြီးများအတွက်တော့ အထူးအဆင်ပြေခဲ့ပါတယ်။ 1430 ခန့်မှာ ဒီမျက်မှန်များကို တရုတ်မှတစ်ဆင့် အီတလီကုိ မိတ်ဆက်ခဲ့ပါတယ်။

18 ရာစုမှာ James Ayscough ဟာ နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန်မဟုတ်ဘဲ မျက်မှန်များတွင် အရောင်ဆိုးထားတဲ့ မှန်ဘီလူးများကို စတင်စမ်းသပ်ခဲ့ပြီး မျက်စိအားနည်းသူများ သို့မဟုတ် အမြင်အာရုံချို့တဲ့သူများအတွက် အမြင်အာရုံကောင်းမွန်စေရန်အတွက် စတင်စမ်းသပ်ခဲ့ပါတယ်။ မျက်မှန်ရဲ့အရောင်ကို အပြာ/အစိမ်းရောင်ကုိ ပြောင်းလဲခြင်းဖြင့် တိကျတဲ့ အမြင်အာရုံချို့ယွင်းချက်များကို ပြုပြင်နိုင်မယ်လို့ သူယုံကြည်ခဲ့ပါတယ်။


ခေတ်မီနေကာမျက်မှန်များဟာ 20 ရာစုမှာ ပေါ်လာခဲ့ပါတယ်။ ဟောလိဝုဒ်ကြယ်ပွင့်များဟာ တောက်ပတဲ့ စတူဒီယိုမီးများမှ သူတို့ရဲ့ မျက်လုံးများကို ကာကွယ်ရန် နေကာမျက်မှန်ကို စတင်အသုံးပြုခဲ့တဲ့အခါမှာ မျက်မှန်တွေဟာ အလွန်ရေပန်းစားလာခဲ့ပါတယ်။ ၁၉၂၉ ခုနှစ်မှာ Atlantic City ရဲ့ Foster Grant ကို တည်ထောင်သူ Sam Foster ဟာ အမေရိကမှာ နေကာမျက်မှန်များကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ခဲ့ပြီး သူရဲ့ကုမ္ပဏီမှတဆင့် အရောင်းအ၀ယ်လုပ်ခဲ့ပါတယ်။ သူဟာ ၁၉၂၉ ခုနှစ်မှာ NJ ရှိ Atlantic City က Boardwalk မှာ Foster Grant နေကာမျက်မှန်ကို ပထမဆုံးရောင်းချခဲ့ပါတယ်။ ၁၉၃၀ မှာ နေကာမျက်မှန်များကို အမျိုးအစားအားလုံးတွင် တွေ့ရှိနိုင်ခဲ့ပါတယ်။

၁၉၃၀ ခုနှစ်များမှာ ကြည်းတပ်လေတပ်ဟာ Bausch & Lomb ရဲ့ optical firm ကို လေယာဉ်မှူးများအား အမြင့်မှ အလင်းပြန်ခြင်းမှ ကာကွယ်ရန် ထိရောက်တဲ့ မျက်မှန်များ ဖန်တီးရန် တာဝန်ပေးအပ်ခဲ့ပါတယ်။ ကုမ္ပဏီမှ ရူပဗေဒပညာရှင်များနှင့် အမြင်အာရုံပညာရှင်များဟာ ရောင်စဉ်တန်းရဲ့ အဝါရောင်လှိုင်းအတွင်း အလင်းကိုစုပ်ယူနိုင်တဲ့ အထူးစိမ်းမှောင်တဲ့အရောင်ကို ပြီးပြည့်စုံအောင် ပြုလုပ်ခဲ့ပါတယ်။ Polaroid ကော်ပိုရေးရှင်းကို တည်ထောင်သူ Edwin H. Land မှ ၁၉၃၆ ခုနှစ်မှာ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ပထမဆုံးအကြိမ်အဖြစ် ကာကွယ်နိုင်တဲ့ မျက်မှန်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူဖန်တီးလိုက်တဲ့ မျက်မှန်ဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့အပြင် ဖက်ရှင်နှင့် သက်တောင့်သက်သာရှိစေတဲ့ အကြောင်းရင်းများအတွက် နှစ်လိုဖွယ်ကောင်းတဲ့ ပစ္စည်းတစ်ခုပါပဲ။


သတင်း အရင်းအမြစ်៖ Glasses History