၃၄ နှစ်ကြာ အိပ်ယာထဲလဲရင်း ကံကြမ္မာကို ပြောင်းလဲပစ်ခဲ့သူ

//s9.kh1.co/f7/f7bb51709a48534abead642b18f8b2f19935f2e6.jpg
ဗဟုသုတအဖြာဖြာ

 ၂၉-လိုင်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

၃၄ နှစ်ကြာ အိပ်ယာထဲလဲရင်း ကံကြမ္မာကို ပြောင်းလဲပစ်ခဲ့သူ

တရုတ်နိုင်ငံက Zhang Junli ဆိုသူဟာ မသန်စွမ်းဘဝနဲ့ အိပ်ယာထဲမှာ ၃၄ နှစ်ကြာလဲလှောင်းနေခဲ့ရပေမယ့် သူမရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ခဲ့တဲ့ အာဂ အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ Zhang Junli ဟာ ၁၉၇၈ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး သူမ အသက် ၆ နှစ်အရွယ်ကတည်းက Rheumatoid Arthritis ရောဂါကို ခံစားခဲ့ရတာပါ။ အသက် ၈ နှစ်ရောက်လာတဲ့ အချိန်မှာတော့ သူမခန္ဓာကိုယ်ရဲ့ အဆစ် ၈၅ ရာခိုင်နှုန်းက မလှုပ်နိုင်တော့ဘဲ အိပ်ယာထဲမှာ လဲလျောင်းနေခဲ့ရပါတယ်။ အဲ့ဒီမှာ Zhang Junli ရဲ့ လေးစားအတုယူသင့်တာက သူမကို ကံကြမ္မာက ဒဏ်ခတ်လိုက်ပေမယ့် နည်းနည်းလေးမှ လက်မြောက်အရှုံးမပေးခဲ့တာပါ။

Photo Credit - CI
Photo Credit - CI
Photo Credit - CI
Photo Credit - CI

ဘာကြောင့်လဲဆိုရင် Zhang Junli ဟာ အိပ်ယာထဲ ၃၄ နှစ်လုံး လဲနေတဲ့အချိန်မှာ ပန်းချီကားပေါင်း ၃၀၀ ကျော်ကို သူဟာ ဖန်တီးခဲ့ပါတယ်။ ဆီဆေးပန်းချီကိုတော့ လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကာလမှ သင်ယူခဲ့တာပါ။ နောက်ပိုင်း သူမရေးဆွဲခဲ့တဲ့ ပန်းချီးကားတွေက အခြေခံကျကျ လက်ရာပြောင်မြောက်တာကြောင့် ပညာရှင်တွေရဲ့ ချီးကျူး အသိအမှတ်ပြုမှုကို ခံခဲ့ရပါတယ်။ သူမရဲ့ အကြီးမားဆုံး အိမ်မက်တစ်ခုကတော့ အနုပညာပြပွဲ ကျင်းပနိုင်ဖို့ပါ။

Photo Credit - CI
Photo Credit - CI

နောက်ပိုင်း သူငယ်ချင်းတွေရဲ့ အားပေးမှုကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ သူမဖြစ်ချင်တဲ့ ဆန္ဒကို အွန်လိုင်းလှုပ်ရှားမှုမှာ တိတ်တဆိတ်ရေးသားဖော်ပြခဲ့ပါတယ်။ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ခဲ့သူဖြစ်လို့ သူမရဲ့ ဆန္ဒလေးကို ပြည့်ဝဖို့ လမ်းစပွင့်လာခဲ့ပါတယ်။

Photo Credit - CI
Photo Credit - CI

တရုတ်မသန်စွမ်းသူများအသင်းချုပ်က သူမအတွက် အနုပညာပြပွဲ လုပ်ပေးမယ်ဆိုတဲ့ အကြောင်းကို ဆက်သွယ်လာခဲ့ပါတယ်။ အခုဆိုရင်တော့ Zhang Junli ဟာ သူမဖြစ်ချင်တဲ့ ဆန္ဒအတိုင်း အနုပညာပြပွဲကို ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၂၆ ရက်နေ့မှာ တိုင်ယွမ်မြို့၊ ရှန်ရှီးပြည်နယ်ရှိ တိုင်ယွမ်မြို့စာကြည့်တိုက်မှာ ပန်းချီပြပွဲကို လုပ်ခွင့်ရခဲ့ပြီး မသန်စွမ်းတစ်ယောက်အနေနဲ့ ကံကြမ္မာကို ‌ပြောင်းလဲပစ်နိုင်ခဲ့သူ ဖြစ်လာခဲ့ပါတယ်။ Zhang Junli ရဲ့ ဘဝဇာတ်ကြောင်းကို ဖတ်ရှုပြီး သင်တို့လည်း အသိတစ်ခုရရှိသွားမယ်လို့ ထင်မိပါတယ်။

Photo Credit - CI
Photo Credit - CI

သတင်း အရင်းအမြစ် Source - Diario del Pueblo en línea

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T